fbpx

“ဒီကာလမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မြှင့်တင်လိုသူတွေအတွက်”

အခုကာလမှာ အလုပ်နားထားတဲ့သူတွေ၊ Work From Home လုပ်ရတဲ့သူတွေ၊ အလှည့်နဲ့ အလုပ်ဆင်းရသူတွေ အများကြီးရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ ကာလ၊ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ကာလမှာ အချိန်ကုန်မခံစေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်နေအောင်၊ အဆက်မပြတ် မြှင့်တင်ထားချင်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျွမ်းကျင်မှုတွေအကြောင်းကို Brand You Academy ရဲ့ မိတ်ဆွေတွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။ကျွမ်းကျင်မှုကို ၂ပိုင်းခွဲလို့ရပါတယ်။

💥 Job Skillsကိုယ့်ရဲ့လုပ်ငန်းခွင်မှာ (သို့မဟုတ်) ကိုယ်လုပ်ရတဲ့အလုပ်အပေါ်မှာရှိတဲ့ကျွမ်းကျင်မှု💥 Life Skills ဘဝကိုဘယ်လိုရှင်သန်ပြီးနေထိုင်ရမလဲဆိုတဲ့ ကျွမ်းကျင်မှု

💢 Skills ကိုအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်….Expertise = လုပ်ငန်းတစ်ခုကိုဘယ်လောက်ထိကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်လဲ။Talent = မလုပ်ရသေးပေမယ့် နဂိုကတည်းက ဘယ်နေရာမှာ ပါရမီပါလဲ။ဝန်ထမ်းအလုပ်ကို စိတ်ပျက်ပြီ၊ ကိုယ်တိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ကဘယ်လို Skills တွေရှိလဲဆိုတာကို အရင်ဆုံးစဉ်းစားဖို့လိုပါတယ်။

Job Skills မှာ ၂မျိုးရှိပါတယ်။🌟 Professional Skills🌟 Soft Skills

Professional Skills ဆိုတာ ကိုယ်လုပ်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်မှာကျွမ်းကျင်မှုပါ။Accounting ပိုင်းမှာ ကိုယ်ကလုပ်နေတယ်ဆိုရင် Skills တွေကအမြဲ တိုးတက်နေရဲ့လား၊ ကျွမ်းကျင်မှုရှိရဲ့လား၊ ကိုယ်လုပ်တတ်လား၊ မလုပ်တတ်သေးဘူးဆိုရင်လည်း အချိန်ဘယ်လောက်ယူမှာလဲ၊ ဒီ Skills ရှိနေဖို့အတွက်ကိုယ့်မှာ အချိန်ဘယ်လောက်ယူရမှာလဲ၊ ကိုယ့်ရဲ့ ပန်းတိုင်ကဘာလဲစသဖြင့် တွေးကြည့်စေချင်ပါတယ်။

အပြိုင်အဆိုင်တွေ အမြဲတမ်းရှိနေတဲ့ အတွက် ကိုယ့်ရဲ့ Professional Skills ကိုအမြဲတမ်းမြှင့်တင်နေဖို့လိုပါတယ်။တစ်ချို့လူတွေက Professional skills ပိုင်းနဲ့ပတ်သက်လို့အရမ်းစိတ်ချရတယ်။ သို့ပေမယ့် Soft Skills ပိုင်းဖြစ်တဲ့ Communication, Decision Making, Self-motivation, Learning စတဲ့ Skills ပိုင်းတွေအားနည်းတာမို့ အောင်မြင်ဖို့ခက်ခဲကြန့်ကြာတတ်ပါတယ်။ကိုယ်တိုင်ရဲ့ အချိန်ကို Manage လုပ်နိုင်ရဲ့လား၊ ကျွမ်းကျင်မှုအကုန်ရှိနေပေမယ့် Soft Skill ဖြစ်တဲ့ Time management မှာအားနည်းတယ်၊ Self Management မှာအားနည်းတယ်၊ Team ထဲမှာ Conflict တွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲ၊ ကိုယ့် Team ထဲမှာ Team Work တွေရှိလာအောင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိဘူး။ အဲဒီလို နေရာတွေမှာ အားနည်းရင်လည်း ကိုယ့်ရဲ့ Professional Skills ကောင်းပေမဲ့ Balance မဖြစ်တော့ပါဘူး။ဒီတော့ အရင်ဆုံး ကိုယ့်ကိုယ်ကို Evaluate လုပ်ကြည့်၊ ဆန်းစစ်ကြည့်ရပါမယ်။ကိုယ့်မှာ Professional Skills တွေကဘာတွေရှိနေပြီလဲ၊ ဘယ်နေရာတွေမှာ အားနည်းလဲ၊ ဘာတွေထပ်ဖြည့်ဖို့လိုသေးလဲ။

အရေးကြီးတာက ကိုယ့်ရဲ့ အားနည်းချက်ကို မှန်မှန်ကန်ကန် သိဖို့လိုပါတယ်။Professional Skills နှင့် Soft Skills ပိုင်းနှစ်ခုကိုအချိုးညီညီလုပ်နိုင်တယ်၊ သင်ယူနိုင်တယ်၊ Plan ရှိတယ်ဆိုရင် Skills ပိုင်းမှာ တော်တော်အားသာနေပြီလို့ပြောလို့ရပါတယ်။တချို့က Professional Skills မရှိ၊ Soft Skills မှာလည်း အားနည်းပေမယ့် Life Skills ရှိနေတတ်ပါတယ်။ ဘဝကပေးတဲ့သင်ခန်းစာကိုသင်ယူပြီး အောင်မြင်နေတဲ့ သူတွေအများကြီး ရှိပါတယ်။အချိန်ကိုမစောင့်ပါနဲ့။ ဘယ်အခြေနေမျိုးမှာမဆို သင်ယူလို့ရတာမှန်ပေမဲ့ Skills တွေအားလုံးကို တစ်ချိန်ထဲမှာသင်ယူလို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့လက်ရှိအခြေအနေမှာ ဘာတွေကိုသင်ယူလို့ရလဲ၊ ဘာတွေပြောင်းလဲလို့ရလဲ၊ နေ့စဉ်ဘဝမှာ ကိုယ်ဘာတွေကို တဖြည်းဖြည်းနဲ့ တိုးတက်အောင် လုပ်သွားလို့ရလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် အကွက်ချစေချင်ပါတယ်။

⭐️ ကိုယ်ဘယ်နေရာမှာ အားနည်းတာလဲဆိုတာကို Point တွေချရေးကြည့်ပါ။ ပြီးရင် ဘယ်လိုပြင်ရင်ကောင်းမလဲစဉ်းစားကြည့်ပါ။

⭐️ အတွေးအခေါ်ပြောင်းပါ။ Skills တစ်ခုကို အသစ်သင်ယူတော့မယ်ဆိုရင် ကိုယ့်ရဲ့ Mindset ကိုပြောင်းလဲပစ်ရပါမယ်။ Open ဖြစ်ရလိမ့်မယ်။ကိုယ့်ကိုယ်ကို Fixed လုပ်ထားတဲ့ Mindset ကိုပြင်ရမယ်၊ ငါဘာမဆိုသင်ယူလို့ရတယ်၊ ငါပြောင်းလဲလို့ရတယ်၊ ငါ့စိတ်တစ်ခုပဲအရေးကြီးတယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကိုအရင်ဆုံး အားပေးဖို့လိုပါတယ်။

⭐️ သင်ယူပါ။ သင်ယူတဲ့အခါ ဘယ်သူ့ဆီက သင်ယူမှာလဲဆိုတာရွေးချယ်ရပါမယ်။ ဘယ်လိုလူမျိုးဆီကနေ သင်ယူမှာလဲ။ မေးခွန်းတွေမေးကြည့်ပါ။ အခုအချိန် Online မှာ သင်ယူလို့ အကောင်းဆုံးအချိန်ပါပဲ။

⭐️ Action ယူပါ။ သင်ယူပြီးလုပ်ကြည့်ပါ။ ကိုယ်က Target တစ်ခုနဲ့ ဘယ်အချိန်အတွင်းမှာ ဘာပြီးရမယ်ဆိုတာမျိုး စဉ်းစားစေချင်ပါတယ်။

⭐️ ကိုယ့်ရဲ့ Learning Style ကဘာလဲဆိုတာ သိအောင်လုပ်ပါ။Visual လို့ခေါ်တဲ့ အမြင်နဲ့ သင်ယူခြင်း မှာအားသန်သူလား။ အကြားအားဖြင့် အားသန်လို့ နားထောင်ခြင်းကို ပိုနှစ်သက်သလား။ ကိုယ်တိုင်လုပ်ကြည့်မှ တတ်တာလား ဆိုတာ သိဖို့ လိုအပ်ပါတယ်။

⭐️ Skills တွေအားလုံးကို တစ်ပြိုင်တည်းမှာ Develop လုပ်ဖို့မလိုပါဘူး။ တစ်ခုချင်းစီကို Target နဲ့ သွားဖို့လိုပါတယ်။ အချိန်ပေးရပါမယ်။ Skills တစ်ခုချင်းစီကိုပဲ တဖြည်းဖြည်း Develop လုပ်သွားရပါမယ်။ အဓိပ္ပါယ်ရှိတဲ့ Goals တွေဖန်တီးထားဖို့လိုပါတယ်။

⭐️ ဖြည်းဖြည်းချင်းစမ်းလုပ်ကြည့်ပါ။⭐️ အဲဒီနေရာမှာ ကိုယ့်ထက်တော်နေပြီးသားသူဆီက သင်ယူပါ။ ကိုယ်တဖြည်းဖြည်းသင်ယူလာလို့ အဲ့ဒီနေရာတိုးတက်လာပြီဆိုရင် တခြားသူကိုပြန်သင်ပေးပါ။

⭐️ ကိုယ့်အတွက်အရမ်းခက်ခဲတဲ့အရာတွေကို Practice လုပ်ဖို့အချိန်ပေးပါ။⭐️ ကိုယ့်ကိုယ်ကိုအမှတ်ပေးပါ။⭐️ ဖြစ်နိုင်မယ်ဆိုရင် Mentor တစ်ယောက်ရှာပါ။ကိုယ့်ကိုသင်ပေးမယ့်သူ ရလာလျှင် ကိုယ်ကတက်တက်ကြွကြွသင်ယူပါ။ Curious ဖြစ်ပါ။

⭐️ ဖေါ်ပြထားတဲ့ နည်းလမ်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားမယ်ဆိုရင်ကိုယ်မသိလိုက်သေးတဲ့ အချိန်အတွင်းမှာပဲ ကိုယ့်ရဲ့ Skills တွေတက်လာတာတွေ့ရပါလိမ့်မယ်။ကျွမ်းကျင်မှုရှိတဲ့သူနဲ့ကျွမ်းကျင်မှုမရှိတဲ့သူ အလုပ်လုပ်တဲ့နေရာမှာ အရမ်းကွာပါတယ်။ ကျွမ်းကျင်မှုဆိုတာကလည်း လုပ်ရင်းနဲ့မှ တဖြည်းဖြည်းတိုးတက်လာတာပါ။ ဒီတော့ အခုကာလအတွင်းမှာ ခက်ခဲကြတယ်ဆိုပေမဲ့ Personal Brand, Professional Brand ကို ကြိုးစား တည်ဆောက်ချင်တဲ့သူတွေအတွက် ကိုယ့်ရဲ့ Skills ကို ဘယ်နေရာမှာ ဘယ်လိုမြှင့်တင်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

brandyou

brandyou

Leave a Replay