fbpx

ပျော်ရွှင်မှုရဲ့ ခြောက်ဆယ့်ငါး ရာခိုင်နှုန်း

ဟိုနေ့က အောက်စဖို့ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်မှာ နာလိုက်ရပါတယ်။ Dr. Matthieu Ricard က Happiness ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားပါတယ် တဲ့။

လူတွေပျော်ရွှင်တတ်ခြင်း၊ မပျော်ရွှင်တတ်ခြင်းရဲ့ ၂၀-၂၅% က မွေးကတည်းက DNA ထဲ၊ Genes ထဲမှာပါလာပါတယ်တဲ့။ ဥပမာ – ခဏခဏ ဆဲတတ်တဲ့မိဘက သားသမီးကို အကျင့်ဆိုး လက်လွဲပြောင်းပေးတာ။

ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ အဆင်ပြေခြင်း၊ မပြေခြင်း စတဲ့ ပြင်ပအခြေအနေတွေက ၁၀-၁၅% ပါတဲ့။

မိမိရဲ့ ဘဝအပေါ် အမြင်၊ အဖြစ်အပျက်အပေါ်မှာ စိတ်ထားတတ်ခြင်းက ပျော်ရွှင်မှုအပေါ် ၆၀-၆၅% သက်ရောက်မှုရှိပါတယ်တဲ့။

အဲဒီတော့ အဆင်မပြေလို  စိတ်ညစ်လို၊ စိတ်ပျက်လို၊ စိတ်ဓါတ်ကျလို ညည်းတော့မယ်ဆိုရင် အရင်စဉ်းစားကြည့်ပါ။ ကိုယ်တတ်နိုင်တဲ့ ၆၀-၆၅ ရာခိုင်နှုန်းလုံးနဲ့ အားစိုက်ထုတ်ပြီး ပြည့်ပြည့်ဝဝ ကြိုးစားပြီးပြီလား…

မကြိုးစားရသေးဘူးဆိုရင် ကိုယ်တတ်နိုင်တဲ့ ကိုယ့်ရဲ့ စွမ်းအားအကုန်ထည့်ပြီး ကြိုးစားကြည့်ပါ။ နည်းနည်းလေး စိတ်အခန့်မသင့်ဖြစ်တာနဲ့ အရှူံးပေးတတ်တယ်၊ ပြိုလဲတတ်တယ်ဆိုရင်ဒီကာလက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအား၊ စိတ်စွမ်းအားကို လေ့ကျင့်ပေးတဲ့အချိန်ပါပဲ။

သူများထက် ပိုပြီး ဝိရိယစိုက်ထုတ်ပါ။ပိုပြီးစည်းကမ်းရှိပါ။ ပိုပြီး အလုပ်လုပ်ပါ။

ဘဝက ပိုပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay