fbpx

မိတ်ဆွေအပေါင်းအသင်းအတွက် အချိန်ပေးပါ

မိတ်ဆွေ၊ သူငယ်ချင်း ရှိလား… လို့ အတန်းထဲမှာမေးရင် ရီကြပါတယ်။ ရှိတာပေါ့.. မထက်ရည်ကလည်း လို့ပြောကြလေ့ရှိတယ်။ဒါဆို.. ကိုယ့်မှာလက်ရှိ ရှိနေတဲ့ ရာထူး၊ နေရာ၊ ပစ္စည်းဥစ္စာ၊ အဆင့်အတန်းတွေ တစ်ခုခုကြောင့် လုံးဝမရှိတော့ရင် ကိုယ့်ကို ဒီနေ့လိုပဲ ဆက်ပေါင်းမယ့် မိတ်ဆွေ၊ သူငယ်ချင်းရော? ရှိလား လို့မေးရင် ငိုင်သွားကြလေ့ရှိပါတယ်။

တချို့ကလည်း..- အလုပ်များလွန်းလို့ အလုပ်အတွက်ပဲ မိတ်ဆွေတွေကို အချိန်ပေးဖြစ်တော့တယ်။ အလုပ်ကိစ္စမရှိရင် မတွေ့ဖြစ်တော့ဘူး။- သူငယ်ချင်းတွေကို အချိန်မပေးဖြစ်တာကြာပြီ။- ကလေးထိန်းနေရတော့ ကလေးကိစ္စနဲ့ပဲ အချိန်ကုန်နေတာ။- အလုပ်လည်းလုပ်၊ လူမှုရေးတွေလည်း မသွားမဖြစ် သွားနေရတော့ အားချိန်တောင်မရှိပါဘူး။စသည်ဖြင့် အများကြီးပြောကြပါတယ်..ကျွန်မဘဝမှာ ဒုက္ခခဏခဏ ရောက်ဖူးပါတယ်။ ဘာလုပ်ရမှန်းမသိတာ.. ပိုက်ဆံတပြားမှမရှိတာ.. လမ်းပျောက်တာ.. စိတ်ဓါတ်ကျတာ.. အမြင့်ကြီးရောက်နေရာကနေ နေ့ချင်းညချင်း အနိမ့်ဆုံးကို ရိုက်ချခံရတာ.. အများကြီးကြုံဖူးပါတယ်။

တစ်ခုကံကောင်းတာက ကိုယ့်အနားမှာ ဘာပဲဖြစ်ဖြစ် နေပေးမယ့်၊ ကိုယ့်ကို မျက်စိမှိတ်ယုံကြည်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတချို့ရှိနေတာပါ။ ကိုယ်ဒုက္ခရောက်ချိန် ဆွဲတင်ပေးမယ့်၊ ဆွဲထူပေးမယ့်၊ တွန်းတင်ပေးမယ့်၊ တူတူတွဲခေါ်ပေးမယ့် မိတ်ဆွေ၊ သူငယ်ချင်း တစ်ယောက်တောင်မရှိသေးဘူးဆိုရင်တော့ အချိန်လေးနည်းနည်းပေးဖို့ အကြံပြုချင်ပါတယ်။ မိတ်ဆွေတိုင်းဟာ မိတ်ဆွေကောင်းဖြစ်လာမှာမဟုတ်ပေမယ့် မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ တန်ဖိုးက ဘာနဲ့မှ တိုင်းတာလို့မရပါဘူး။ အဲဒီလူရဲ့ တန်ဖိုးကိုလည်း ဒုက္ခတကယ်ရောက်မှ သိရတာမျိုးပါ။ကိုယ်ကချည်း ယူချင်၊ သူများဆီကချည်း မျှော်လင့်နေရင်တော့လည်း အဆင်မပြေပါဘူး။ ကိုယ့်ဖက်ကလည်း မိတ်ဆွေကောင်းပီသမှသာ သူနဲ့ကိုယ်ကြား စစ်မှန်တဲ့ relationship ကိုတည်ဆောက်နိုင်မှာပါ။ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းဆိုတာ ရှားပါတယ်။ သူတို့ဆီကဘာမှ မမျှော်လင့်ဘဲ အချိန်ပေးပါ။ တန်ဖိုးထားတတ်ပါစေ။

#Brand_You#HtetYie

Htet Yie

Htet Yie

Leave a Replay