fbpx

“သစ်တုံးနဲ့တူတဲ့ လူတွေ”

Scenario နှစ်ခု ယှဉ်ပြထားတာ စာအုပ်ထဲ ဖတ်လိုက်ရတယ်။

သင်က ရေထဲမှာ လှေလေးတစ်စီးနဲ့ အေးအေးဆေးဆေး လေညင်းခံနေတယ်။ ရုတ်တရက် တစ်ခုခုက လာတိုက်လို့ လှေမှောက်သွားတယ်။ ဝရုန်းသုန်းကားဖြစ်ပြီး ရေထဲဇောက်ထိုးကျပြီးတဲ့အချိန် အကြောင်းရင်းကို လှမ်းကြည့်လိုက်တော့ 

၁။ လူငယ်လေးနှစ်ယောက် အပျော်အပျက်လှေလှော်ကြရင်း ကိုယ့်ကို လာတိုက်တာ။

၂။ သစ်လုံးကြီးတစ်လုံးမျောလာပြီး ကိုယ့်လှေကိုတိုက်မိတာ။

ဘယ်အခြေအနေကို ပိုဒေါသထွက်မလဲ။

သေချာတယ်။ လူလူချင်းပွတ်တိုက်မိရင် ပိုဒေါသထွက်တယ်။

ဖြစ်ချင်တော့ လူတွေအကုန်လုံးက သစ်လုံးလို မျောချင်ရာမျောနေတာ။ သူတို့ စိတ်ထဲ မှန်တယ်ထင်တာပြောကြတာ။

ဒါကြောင့် အွန်လိုင်းပေါ် တစ်ခုခုစိတ်အနှောက်အယှက်ဖြစ်စရာတွေ့ရင် ကျော်သွားလိုက်။ မှားနေရင် မှားနေတယ် ထောက်ပြ။ ညှိလို့ရရင်ညှိ။ ကိုယ့်အတွင်းစိတ်ထဲအထိ အမှိုက်သရိုက်မယူနဲ့။ 

ဘာလို့ဆိုတော့ တမင်လိုက်ပြီး စိတ်အနှောက်အယှက်ပေးနေတဲ့ လူဆိုးတွေကလွဲရင် သာမန်လူတွေက သင့်ကိုရည်ရွယ်တာမဟုတ်ဘူး။ သစ်တုံးတွေလိုပဲ မျောပြီး ဟိုတိုက်ဒီတိုက် ဖြစ်နေတာ။

တမင်လိုက် အနှောက်အယှက်ပေးသူတွေဆိုရင်တော့ ပိုတောင်အဖက်မလုပ်သင့်သေး။

အဖြစ်အပျက်တွေကို ကိုယ်မပိုင်ပေမဲ့ ဘယ်လိုစိတ်ထားနဲ့ တုံ့ပြန်မယ်ဆိုတာကိုတော့ ရွေးချယ်လို့ရပါတယ်။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay