ဘဝက ဘာတွေပဲ ကိုယ့်ကို ပေးနေသည်ဖြစ်စေ၊ လက်ရှိမှာ ဘယ်လို အခြေအနေမှာ ရောက်နေသည်ဖြစ်စေ.. ငါ့ဘဝက တန်ဖိုးရှိတယ်၊ ဒီအခြေအနေကို အကောင်းဆုံး ကျော်ဖြတ်သွားရမယ်လို့ အမြဲတွေးပါ။
🔸 ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်တဲ့သူတွေများနေလား? ပိုပြီး ကူညီနိုင်အောင် ကိုယ်ကျန်းမာရမယ်။
🔸 မိသားစုထဲ စိတ်သောကရောက်စရာတွေပြည့်နေလား? ကိုယ်ကပိုပြီး အားတင်းထားရမယ်။ ပိုပြီး စိတ်မာရမယ်။
🔸 Social Media မှာ negativity တွေ အရမ်းများနေလို့ စိတ်ထိခိုက်နေလား? ငါ့စိတ်ကို ဘယ်သူမှမပိုင်ဘူး လို့ တွေးပြီး ကိုယ့်စိတ်သန်မာလာအောင်၊ ခိုင်မာလာအောင် နည်းလမ်းပေါင်းစုံနဲ့ လေ့ကျင့်ရမယ်။
🔸 စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေလား? လူဖြစ်လာတာသည် endless possibilities ဖြစ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ဘဝရှင်သန်မှုကို အသက်ရှိနေသရွေ့ ထိန်းသိမ်းထားရပါမယ်။
အသက်ရှိနေသရွေ့ အစကပြန်စလို့ရတယ်။ အစကပြန်စနိုင်ဖို့ဆိုရင် အခုချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတိနဲ့ အကောင်းဆုံး ရှင်သန်နေရမှာပါ။
ထက်ရည်