ဒီမနက် ကျွန်မ ကားမောင်းလာရင်းနဲ့ ကားတွေက တအားပိတ်တဲ့ အချိန်မှာ စိတ်တော်တော်လေးတိုလာတယ် မြန်မြန်ရောက်ချင်တယ် ရပ်နေရတာကိုမကြိုက်ဘူး ပိုပြီးတော့ မြန်မြန်သွားချင်တယ် ဆိုတဲ့ Result Oriented စိတ်ကို သတိထားမိပါတယ်။
ကားတွေကြပ်လေ စိတ်က Disempowering ဖြစ်လေ…ဖြစ်လာတဲ့ အတွေးလေးကို သတိထားမိတယ်။ စဉ်းစားမိတာလေးကို အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေ.. ကလေးထိန်းနေရတဲ့ မေမေတွေ.. ကျရာနေရာတာဝန်ယူနေရတဲ့ အမျိုးသမီးတွေအတွက် မျှဝေချင်ပါတယ်။
ကျွန်မ စဉ်းစားမိတယ်… လူတိုင်း ဒီလိုုပဲလား? ဘေးကကားတွေ ကလဲ ဟွန်းတတီတီ တီးနေကြတယ် ကားအကြီးကြီးက ကားအသေးတွေကိုု ကျော်တက်တယ် ကားအသေးတွေက ကားအကြီးတွေကို ဖြတ်တက်တယ် ကိုယ်ကိုတိုင်လဲ ဒီယဉ်ကြောထဲမှာ မျောပါနေရတယ် ..
တာဝန်တွေ၊ အလုပ်တွေ ဖိစီးမှုတွေ များလွန်းတဲ့ အခုခတ်မှာ အလုပ်များလွန်းလို့ ကိုယ့်ကိုကိုယ် အသက်ရှုဖို့တောင် မေ့နေတာကိုသတိထားမိတယ်..
အသက်မရှူမိဘူး အသက်ရှူတာ တွေ အရမ်းမြန်တယ် အဲ့အတွက်ကြောင့် လူက Pressure တွေ တိုးတယ် မောတယ် ဒေါသတွေထွက်တယ်၊ ရောဂါတွေ ဖြစ်တယ် စသဖြင့်ပေါ့နော် ဆက်စပ်ပြီးတွေးမိပါတယ်… စိတ်တိုတဲ့ အတွက် ကြောင့် ကိုယ့်မိသားစုကိုဆက်ဆံတာ ကိုယ့်ရဲ့ဝန်ထမ်းကို ဆက်ဆံတာ ရုံးရောက်တဲ့ အခါ ပိုပြီး pressure တွေ များလာတယ်။ ကားမောင်းတဲ့ သူမှ မဟုတ်ဘူး ကားပေါ်ထိုင်တဲ့ သူရော ဘတ်စ်ကားစီးတဲ့ သူရော ရုံးသွားတဲ့ အချိန်မှာ ဒီ Stress ပင်လယ်ကြီးကို ဖြတ်ရတယ် ရထားစီးတဲ့ သူလဲ တူတူ ပါပဲ ..
ကျွန်မက အသစ်အသစ်တွေ လုပ်ကြည့်ရတာ ဝါသနာပါတယ်။ အဲဒီတော့ ဒီနေ့ဘယ်လိုပြောင်းလဲရင်ကောင်းမလဲ စဉ်းစားပြီး ကိုယ့်ကိုကိုယ် နောက်ကျပလေ့စေ ဆိုုပြီး ခွင့်ပြုလိုက်တယ်။ သူများကြားရင် ရယ်ချင်မှာပေမယ့် တကယ်ပါ။ ကျွန်မက နည်းနည်းလေးတောင် နှေးတာ နောက်ကျတာ မကြိုက်တဲ့ အမှန်တကယ် Perfectionist ပါ။
တကယ်တော့ ကျွန်မ လောနေတာ ကိုုယ့်ရုံးပဲလေ ကိုယ် ၅ မိနစ်လောက်နောက်ကျ ဘာမှ မဖြစ်ဘူး meeting ချိန်းထားတာ အချိန်လိုသေးတယ် .. စထွက်ကတည်းက ရောက်ချင်နေတဲ့ စိတ်က ကျွန်မကို Stress များစေပါတယ် .. အဲ့တော့ ကိုယ့်ကိုကိုယ် ငါတတ်နိုုင်သလောက်ဖြည်းဖြည်းမောင်းမယ် ဆိုပြီး စဉ်းစားကြည့်မိတယ် .. ဖြည်းဖြည်းမောင်းရတာ ဖြည်းနေတာ နှေးနေတာ ကို ဘယ်လောက်ထိ မကြိုက်လဲ ဆိုတာ အဲ့အချိန်မှာ တကယ်ပဲ သွားတွေ့မိတယ် သီချင်းနားထောင်ရင်လဲ သီချင်း ဖြည်းဖြည်းဆိုနေတာတွေ နားမထောင်ချင်ဘူး။ မြန်တဲ့ သီချင်းပဲ နားထောင်ချင်တယ်… ကားဆိုရင်လဲ မြန်မြန်သွားနေရတာ ကြိုက်တယ် နှေးတာ မကြိုက်ဘူး..
..ကျွန်မတို့ဘဝရဲ့ လိုအပ်ချက် .. ဘေးပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်၊ လုပ်ကိုင်နေရတဲ့ တာဝန် တွေ Demand တွေ အရမ်းများတဲ့အပေါ်မှာ ကျွန်မတို့တွေ အရှေ့ကို ပဲ မရပ်မနား သွားနေတဲ့အကျင့် ဖြစ်လာတယ်… မနားတော့ဘူး.. ဒီနေ့မနက် သူငယ်ချင်းတင်ထားတဲ့ ပို့စ်လေးကို တွေ့မိတယ်.. နေမကောင်းတာတောင်မှ မနားချင်ဘူး အလုပ်ပဲ သွားချင်နေတယ်ဆိုတဲ့ စိတ်။ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဟိုတနေ့က စကားပြောမိတော့လည်း သူ့မှာ နားရက် တစ်ရက်လေးတောင်မရှိတာတွေ ပြောမိကြတယ်။ ရေရှည်အတွက် ကောင်းတဲ့ အရာ ဟုတ်ရဲ့လား? ဘယ်လို Balance လုပ်ကြမလဲ အလုပ်တွေကလည်း အရမ်းများလာတယ် ခက်ခဲနက်နဲလာတယ် ကိုယ့်ကိုကိုယ် Develop လုပ်ရတဲ့အရာတွေ ရှိလာတယ် အဲ့အချိန်မှာ Slow Down လုပ်တတ်ခြင်း၊ ခဏလေး အနားယူခြင်း၊ ပြန်လည် သုံးသပ်ခြင်းက လိုအပ်တဲ့ Skills တစ်ခုဖြစ်လာတယ်လို့ ကျွန်မထင်ပါတယ်။
အသက်ကောင်းကောင်း၊ ပြည့်ပြည့်ဝဝရှူမှ အောက်စီဂျင်ကောင်းကောင်းရမှာ၊ အောက်စီဂျင်ကောင်းကောင်းရမှ ကျွန်မတို့ ကိုယ်ခန္ဓာကအလုပ်တွေ ကောင်းကောင်းလုပ်နိုင်မယ်။ အရည်အသွေးရှိတဲ့ အလုပ်တွေ လုပ်နိုုင်မယ် အဲ့တော့မှ ရေရှည်ခံတဲ့ အောင်မြင်မှု တိုးတက်မှုတွေ Substainable ဖြစ်မယ်ပေါ့။
အဲဒီတော့ အလုပ်များလွန်းလှတဲ့ အမျိုးသမီးတွေ..
၁။ ကိုယ့်ကို ကိုယ် အသက်ရှူဖို့ အချိန်လေးပေးပါ။
၂။ ခဏလေးရပ်ပြီးတော့ ငါဘယ်နေရာရောက်နေတာလဲ ငါသွားချင်တဲ့ လမ်းက ဒါပဲလား… ကိုယ်သွားနေတာ လုပ်နေတာတွေရဲ့ တိုးတက်မှုတွေ သုံးသပ်ကြည့်ပါ။
၃။ တစ်ပတ်မှာ အနည်းဆုံး ၂ နာရီလောက် ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။
၄။ တစ်ပတ် ရုပ်ရှင် ၁ ကားကြည့်ပါ။ ဖြစ်နိုင်ရင် ရုံမှာကြည့်ပါ။ (အိမ်မှာကြည့်တဲ့ အတွေ့အကြုံအရ.. ခဏလေး ကြည့်လိုက်။ သတိရရင် အလုပ်ထလုပ်လိုက်
၅။ ချစ်သူ/အမျိုးသား ရှိတဲ့သူများ ၁ ပတ် ၁ ခါအနည်းဆုံး Date လုပ်နိုင်အောင်ကြိုးစားကြည့်ပါ။
၆။ ကိုယ့်ကို အားဖြစ်စေမယ့်၊ ဘဝကို နေပျော်စေမယ့် စာအုပ်တွေ အိမ်မှာ၊ ရုံးမှာ နေရာအနှံ့ထားပါ။ ကျွန်မစိတ်ညစ်ရင် စာဖတ်တာပါပဲ။
ရ။ ဘယ်လောက်အလုပ်များများ တတ်နိုင်သလောက် လှလှလေး၊ သပ်သပ်ရပ်ရပ်လေး နေပါ။
၈။ ဖုန်းထဲ/ကွန်ပျူတာထဲမှာ တနေ့တာ။ တပတ်စာ၊ တစ်လစာ schedule ကြိုဆွဲတတ်တဲ့ အကျင့်လေးလုပ်ကြည့်ပါ။ ကျွန်မလည်း အကျင့်လုပ်ထားပါတယ်။ အလုပ်မှ မဟုတ်ပါဘူး၊ ထမင်းစားချိန်၊ Family time၊ သားကို အချိန်ပေးမယ့် အချိန်က အစ အကုန် schedule ထဲ ထည့်ထားပါတယ်။
ဒီလိုဆိုုရင် Slow Down လုုပ်ပြီးသား ခေါင်းကြည်အောင်လုပ်ပြီးသား အချိန်တွေလဲရမယ် ပိုုပြီး ကိုယ့်ရဲ့ ဘဝကိုုလဲ Balance လုပ်နိုင်မယ်လို့ ထင်ပါတယ်။
Htet Yie
03. 03. 2017