Personal development သင်တန်းတွေအကြာကြီးတူတူ တက်ခဲ့တဲ့ မတွေ့ရတာကြာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဒီနေ့တွေ့ဖြစ်ပါတယ်။ သူလဲ business တွေအများကြီးလုပ်နေတဲ့ entrepreneur တစ်ယောက်မို့ ဟိုပြောဒီပြောနဲ့ ပြောနေရင်း ကျွန်မက ပြောမိပါတယ်။ အခုနောက်ပိုင်း မိတ်ဆွေကောင်းတွေရဲ့ တန်ဖိုးကိုပိုသိလာတယ်.. သူငယ်ချင်းအများကြီး မလိုချင်ဘူး၊ နာမည်လည်း မကြီးချင်ဘူး၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေ၊ contribution တွေလုပ်ရင်း မိတ်ဆွေနည်းနည်းနဲ့ ဘဝကို အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းချင်တယ်လို့…
သူကတစ်ခွန်းပဲပြောရှာပါတယ်.. မထက်ရည် အသက်ကြီးနေပြီ…တဲ့
တကယ်ပါ.. အသက်ကြီးလာလေလေ.. ဘယ်ဟာက အဓိက ဘယ်ဟာက သာမညဆိုတာ ပိုသိလာတယ်။
ဘဝမှာ မသေခင် ငါ ဒါတွေလုပ်သွားချင်တာဆိုပြီး ပြတ်ပြတ်သားသား သိလာတယ်။
အရေးမပါတာတွေ၊ ကိုယ့်ရဲ့ vision နဲ့ မဆိုင်တာတွေဆိုရင် အားမနာတမ်းငြင်းတတ်လာတယ်။
အချိန်မဖြုန်းတော့ဘူး.. အချိန်နည်းလာတယ် ခံစားရလို့။
ခွင့်လွှတ်တတ်လာတယ်။
ခရီးတွေ သွားချင်လာတယ်။ ကိုယ်ခန္ဓာကို ပိုပြီးဂရုတစိုက် စားသောက်နေထိုင်တတ်လာတယ်။
အမြင်မတူတဲ့လူတွေကို နားလည်ပေးတတ်လာတယ်။
သဘာဝကို ချစ်တတ်လာတယ်။
ပြန်လှည့်ကြည့်တဲ့အခါ နောင်တမရှိတဲ့ ဘဝမျိုး နေချင်လာတယ်။
….. ပြောင်းလဲမှုတွေ အများကြီး အများကြီးပဲ..
….. ကိုယ်တကယ် အသက်ကြီးလာပြီထင်ပါရဲ့
Htet Yie
28.Oct. 2018
#Htet Yie Image Coach Myanmar တွင်ဖော်ပြပြီးဖြစ်သည်။