fbpx

Analysis Paralysis & Optimal Stopping Rule

ဒီမနက် Tai Lopez ရဲ့ ဗီဒီယိုလေးတစ်ခုကြည့်ပြီး တွေးမိတာလေး မျှဝေချင်ပါတယ်။

လူတိုင်းက ရလဒ်ရချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် များသောအားဖြင့် တစ်ခုခုလုပ်မယ်လို့ကြံရင် အချိန်ဆွဲတတ်ကြလေ့ရှိပါတယ်။

ပျင်းလို့၊ နေ့ရွှေ့ညရွှေ့လုပ်ကြတဲ့သူတွေရှိသလို တချို့ကကျတော့ ပျင်းလို့မဟုတ်ဘဲ သေချာမှ ထ လုပ်ချင်တဲ့ အလေ့အထရှိကြပါတယ်။ အစစအရာရာ သေချာ စဉ်းစား သုံးသပ်၊ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ အမျိုးမျိုးဝေဖန် ချိန်ဆ လွန်းတဲ့အခါ အခွင့်အရေးတွေ လက်လွှတ်ရတတ်ပါတယ်။

Analysis paralysis လို့ခေါ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ လေ့လာလွန်းအားကြီးပြီး တုံ့ဆိုင်းသွားတာ၊ ဘာမှ မလုပ်ဖြစ်တာကိုခေါ်တာပါ။

ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ကို ဘာမှ မစဉ်းစား၊ မသုံးသပ်ဘဲ ကံကိုယုံ ဆူးပုံနင်းတာက ကျရှုံးဖို့ လမ်းများမှန်း လူတိုင်းသိပါတယ်။

တဖက်မှာ Analysis လုပ်လွန်းရင်လည်း Paralysis ဖြစ်ပြီး တုန့်ဆွဲနေတတ်တာ၊ တကယ် ထပြီးမ လုပ်တော့တာတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်လှပါတယ်။ စွန့်စားမှုတွေလုပ်ဖို့ နှောင့်နှေးကြန့်ကြာခဲ့ရင် ထိုက်တန်တဲ့ ရလဒ်လည်း ရမှာမဟုတ်ပါဘူး။ ကိုယ့် အိုင်ဒီယာရှိပေမယ့် ကိုယ်က တကယ် ထ မလုပ်လို့ သူများလုပ်သွားတဲ့အခါ ရင်ကွဲနေရပါလိမ့်မယ်။

ဒါကြောင့် သင်္ချာပညာမှာ Optimal Stopping Rule ဆိုတာရှိပါတယ်။ အကောင်းဆုံး ရလဒ်တွေ ရဖို့ရယ်၊ အမှားအနည်းဆုံး ဖြစ်ဖို့ရယ်အတွက် ဘယ်ချိန်မှာ Action ယူရမယ်ဆိုတာ ရွေးချယ်တဲ့ သီအိုရီပါ။

ဒါကြောင့် ဘဝမှာ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ၊ စွန့်စားမှုတွေ လုပ်တဲ့အခါ၊ Action တွေယူကြတဲ့အခါ ဘယ်အချိန်က ကိုယ့်အတွက် အသင့်တော်ဆုံးလို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ သူက အောင်မြင်တာမို့ သတိထားသင့်တယ်လို့ ထင်မိပါတယ်။

ထက်ရည်

Htet Yie

Htet Yie

Leave a Replay