fbpx

Htet Yie

Avatar
Brand You Academy

Let curiosity Alive

“Let curiosity alive even in the darkness & restrictions” ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ၊ ကြိုးစားနိုင်စွမ်း၊ ဖြစ်နိုင်စွမ်းတွေကို တားဆီးပိတ်ပင်ခံရတဲ့ အဆိုးရွားဆုံးအချိန်မှာတောင် စူးစမ်းချင်စိတ်၊ သိလိုစိတ်၊ နည်းလမ်းရှာဖွေချင်စိတ်တွေကို မသတ်ပစ်လိုက်ပါနဲ့။ ဆက်ပြီးရှင်သန်အောင် မွေးမြူပါ။ အခြေအနေအသစ်ဖြစ်လာရင် စူးစမ်းချင်စိတ်၊ သိချင်စိတ်၊ အဖြေရှာလိုစိတ်က အတွေးသစ်တွေကို ပေးမှာမို ကိုယ့်ကိုယ်ကိုယ် force လုပ်ပါ။ အဖြေရှာဖို စဉ်းစားပါ။ ငါ မမြင်သေးတဲ့ နည်းလမ်းတွေများ ရှိသေးလား၊ ငါ သိသင့်တာတွေ ရှိသေးလားလို အမြဲမေးနေပါ။ Let curiosity Alive ပါ။ ထက်ရည်

Brand You Academy

“ကိုယ့်ကိုယ်ကိုယ် မအားပါစေနဲ့”

အဲဒီလိုပြောလိုက်ရင် နားတောင်မနားရတော့ဘူးလား၊ တချိန်လုံးအလုပ်လုပ်နေရမှာလား လို့ ရုတ်တရက် တွေးမိတတ်ပါတယ်။  အဲဒီလို အချိန်တိုင်းတကုပ်ကုပ်အလုပ်လုပ်နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ရော လူရော အအားမနေဘဲ အကျိုးရှိတာ၊ ကိုယ့်အတွက် ကျေနပ်ရတာ တစ်ခုခုလုပ်နေဖို့ ပြောတာပါ။ အိမ်အလုပ်လုပ်တာဖြစ်နိုင်သလို ကလေးကို အချိန်ပေးတာ ဖြစ်နိုင်တယ်။ ခဏလေး အနားယူတာဖြစ်နိုင်သလို အလှူအတန်းလုပ်တာ၊ ဘုရားရှိခိုးတာ၊ ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်နေတာ၊ လမ်းလျှောက်ထွက်တာ၊ လူတွေကို ကူညီတာ… စသဖြင့် အများကြီးရှိပါတယ်။ များသောအားဖြင့် လုပ်စရာတစ်ခုနဲ့တစ်ခုကြား၊  သို့မဟုတ် လုပ်နေရင်းနဲ့တောင် စိတ်က ပစ္စုပ္ပန်မှာမရှိဘဲ အတိတ်ကို တွေးနေတာ၊ အနာဂတ်ကို ပူနေတာ၊ ကိုယ့်ကိုယ်ကိုယ် သူများကို အခြေအနေကိုလျှောက်ပြီး အပြစ်တင်နေတတ်ပါတယ်။  လူနဲ့စိတ်နဲ့ မကပ်တာတွေများလာတဲ့အခါ အဆင်ပြေတဲ့အရာတွေကို သတိမထားမိတော့ဘဲ အဆင်မပြေတာတွေ၊ ပူပန်စရာတွေကိုပဲ အထပ်ထပ်အခါခါတွေးနေတာမျိုး …

“ကိုယ့်ကိုယ်ကိုယ် မအားပါစေနဲ့” Read More »

Brand You Academy

“အကောင်းဆုံး ရှင်သန်နေပါ”

ဘဝက ဘာတွေပဲ ကိုယ့်ကို ပေးနေသည်ဖြစ်စေ၊ လက်ရှိမှာ ဘယ်လို အခြေအနေမှာ ရောက်နေသည်ဖြစ်စေ.. ငါ့ဘဝက တန်ဖိုးရှိတယ်၊ ဒီအခြေအနေကို အကောင်းဆုံး ကျော်ဖြတ်သွားရမယ်လို့ အမြဲတွေးပါ။  🔸 ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်တဲ့သူတွေများနေလား? ပိုပြီး ကူညီနိုင်အောင် ကိုယ်ကျန်းမာရမယ်။ 🔸 မိသားစုထဲ စိတ်သောကရောက်စရာတွေပြည့်နေလား? ကိုယ်ကပိုပြီး အားတင်းထားရမယ်။ ပိုပြီး စိတ်မာရမယ်။  🔸 Social Media မှာ negativity တွေ အရမ်းများနေလို့ စိတ်ထိခိုက်နေလား? ငါ့စိတ်ကို ဘယ်သူမှမပိုင်ဘူး လို့ တွေးပြီး ကိုယ့်စိတ်သန်မာလာအောင်၊ ခိုင်မာလာအောင် နည်းလမ်းပေါင်းစုံနဲ့ လေ့ကျင့်ရမယ်။  🔸 စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေလား? လူဖြစ်လာတာသည် endless possibilities ဖြစ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ …

“အကောင်းဆုံး ရှင်သန်နေပါ” Read More »

Brand You Academy

Fear-based or Love-based?

ကြောက်စိတ်အခြေခံနဲ့လား၊ မေတ္တာစိတ်အခြေခံနဲ့လား။ နေ့စဉ်တိုင်း အချိန်တိုင်း လုပ်သမျှအလုပ်တွေမှာ အခြေခံအကြောင်းရင်း ဘာကြောင့်လုပ်တာလဲဆိုတာကို စဉ်းစားကြည့်မိပါတယ်။  အကြောက်တရားအခြေခံနဲ့လုပ်တာက ပိုများလေ့ရှိပါတယ်။ အခုလိုအချိန်မျိုးမှာ စိတ်ငြိမ်းချမ်းဖို့ ဘုရားရှိခိုးရင်တောင် ကံမကောင်းမှာ ကြောက်လို့ရှိခိုးတာ၊ သေသွားရင် ငရဲကျမှာကြောက်လို့ရှိခိုးတာ.. အခြေအနေအရ အထုတ်ပြင်ရင်တောင် ကြောက်ကြောက်နဲ့ပြင်တာ.. ကလေးတွေကို စကားပြောရင် ကိုယ်မနိုင်မှာ၊ ကိုယ့်ကို အာခံမှာ ကြောက်တဲ့စိတ်အခြေခံနဲ့ပြောတာက များပါတယ်။ ဆိုရှယ်မီဒီယာမှာ စာတင်တာတောင် ငါ့ကို တစ်ခုခု ပြောတော့မှာလား၊ ဒါမှမဟုတ် ဘာမှ မလုပ်နေဘူးလို့ ထင်ကြတော့မှာလား ဆိုတဲ့ အခြေခံနဲ့ တင်လေ့ရှိကြပါတယ်။ သွေးတဲ့ဓါးက ထက်တယ်ဆိုသလိုပါပဲ။ ကြောက်စိတ်အခြေခံနဲ့အလုပ်လုပ်တဲ့အခါ ဦးနှောက်ရဲ့ ကြောက်တဲ့အပိုင်းက ပိုကြီးလာပါတယ်။ တုန့်ပြန်မှု ပိုမြန်ဆန်လာပါတယ်။ ကြာလာရင် မလိုအပ်ဘဲ sensitive ဖြစ်တာတွေ၊ အချိန်တိုင်း react တုန့်ပြန်မှုမြန်ဆန်လွန်းလို့ စိတ်ကို …

Fear-based or Love-based? Read More »

Brand You Academy

Gratitude Moments…

ကိစ္စတစ်ခုကို အဖြေရှာမရသေး၊ စိတ်တွေရှုပ်ထွေးနေတာနဲ့ မနက်အစော ထပြီး လမ်းလျှောက်ဖြစ်ပါတယ်။ မိုးဖွဲဖွဲကျနေပေမဲ့ စဉ်းစားချင်တာကြောင့် သစ်ပင်အောက်မှာနေရင်း ကျေးဇူးတင်မိတာလေးတွေ ဖုန်းထဲ ချရေးဖြစ်ပါတယ်။ 💦  ဒီအချိန်မှာ အသက်ရှိနေသေးတာ.. နေစရာ စားစရာ ရှိနေသေးတာ.. 💦 ကိုယ် ဘာဖြစ်ဖြစ် နားထောင်ဖို့၊ ကူညီဖို့၊ အားပေးဖို့ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေ သုံးလေးယောက်ရှိတာ..  💦 မိုးက တအားကြီး ရွာမနေတာ.. 💦 ဖြတ်သွားတဲ့ အန်တီတစ်ယောက်က မိုးခိုနေတယ်မှတ်ပြီး ထီးနဲ့ အိမ်လိုက်ပို့ပေးရမလားမေးတာ… 💦 ငှက်ကလေးတွေရဲ့ အသံကြားနေရတာ၊ ကြားနိုင်ဖို့အတွက် နားကောင်းနေသေးတာ… (ကျွန်မအဖိုးက နားကျပ်မပါရင် ဘာမှ မကြားရတော့တာမို့ သူ့ကိုသတိရပြီး မေတ္တာပို့မိပါတယ်) 💦 မနေ့ညက လေ့ကျင့်ခန်းလုပ်ဖြစ်တာ၊ ဘုရားရှိခိုးဖြစ်တာ.. 💦 ထမင်းဟင်းချက်စရာ မလိုတာ.. …

Gratitude Moments… Read More »

Brand You Academy

My Spiritual Experiences

ဒီကြားထဲမှာ တရားသေချာလေးအားထုတ်ဖြစ်ပါတယ်။ Spirituality စာအုပ်တွေနဲ့ ပညာရပ်ဆိုင်ရာစာအုပ်တွေလည်း ဖတ်ဖြစ်ပါတယ်။ စိတ်အလုပ်ကို အရင်တည်းက လုပ်လာပေမဲ့ အခုပိုပြီး သေသေချာချာလုပ်ကြည့်တဲ့အခါ အများကြီး အကျိုးရှိတာ တွေ့ရပါတယ်။  ကျွန်မအတွက် အသုံးဝင်တဲ့ အချက်လေးတွေကို ရတာမို့ မျှဝေပေးချင်ပါတယ်။ ၁။ Being Open Minded (စိတ်နှလုံးသားကို ဖွင့်ထားခြင်း) ဘယ်ဆရာ၊ ဆရာမဆီကနေပဲ ယူယူ၊ ဘယ်သူ့ရဲ့ လမ်းစဉ်ကိုပဲ လိုက်လိုက် စိတ်ကိုဖွင့်ထားပြီး ကိုယ်နဲ့ကိုက်တဲ့၊ ကိုယ့်ဘဝအခြေခံနဲ့ကိုက်ညီတဲ့ အရာလေးတွေကို ယူတဲ့အခါ အသစ်ရတဲ့ အတွေ့အကြုံရယ်၊ ကိုယ့်အခြေခံ အတွေ့အကြုံရယ် ပေါင်းစပ်ပြီး ဆပွား အကျိုးရှိတာ တွေ့ရပါတယ်။  ငါပဲမှန်တယ် ဆိုတဲ့ အတွေးကို အချိန်နဲ့အမျှ သတိထားပြီး စွန့်လွှတ်တဲ့အခါ သင်ယူစရာတွေအများကြီး၊ ကိုယ်သိရမှာတွေ အများကြီးဆိုတာတွေ့လာရပါတယ်။  ၂။ Non-Judgmental …

My Spiritual Experiences Read More »

Brand You Academy

ဝတ်မှုန်ကူးခြင်း

ပုံပြင်တစ်ပုဒ်ရှိပါတယ်။ တခါတုန်းက မြို့တစ်မြို့မှာ အဆုံးအစမရှိအောင် ကျယ်ပြန့်တဲ့နေကြာပန်းခင်းကြီး ရှိပါသတဲ့။ အဲဒီပန်းတွေပွင့်ချိန်ဆို လှလွန်းလို့ အနီးအနားမြို့တွေက လာလည်ကြ၊ မြို့ကလူတွေကလည်း ဂုဏ်ယူကြသတဲ့။ နေကြာပန်းခင်းရဲ့အလှထက် လူတွေပိုပြီး အံ့ဩချီးကျူးကြတာက အဲဒီအဆုံးအစမရှိတဲ့ ပန်းခင်းကို လူတစ်ယောက်တည်းက စိုက်ခဲ့တာမို့ပါ။ တနေ့ကျ လူငယ်လေးတစ်ယောက်က မြို့ကိုလာလည်ရင်း နာမည်ကြီးလွန်းတဲ့ နေကြာပန်းခင်းကြီးဆီကို ရောက်လာပါတယ်။ သူကတော့ အများလို အံ့ဩချီးကျူးရုံနဲ့ မပြီးဘဲ နေကြာခင်းရှင်ကို စိတ်ဝင်တစား မေးပါသတဲ့။ ဒီလောက်ကျယ်တဲ့ ပန်းခင်းကြီးဖြစ်လာအောင် ဘယ်နနှစ်များအချိန်ယူ စိုက်ခဲ့တာလဲ၊ တစ်ယောက်တည်း ဘယ်လိုများ လုပ်ခဲ့တာလဲ။ မပင်ပန်းဘူးလား စသဖြင့်ပေါ့လေ.. ပန်းခင်းရှင်က ပြောပါတယ်။ အဆုံးအစမရှိဘူး ဆိုတာမှန်တယ်။ ဒါပေမဲ့ ပန်းတစ်ပင်ချင်းစီသူစိုက်ခဲ့တာ မဟုတ်ပါဘူးတဲ့။ ဟိုနားနည်းနည်း မျိုးစေ့ကြဲတယ်။ ဒီနားနည်းနည်း မျိုးစေ့ကြဲတယ်။ သူပိုင်တဲ့မြေ တစ်ခုလုံးမှာ ဖြန့်ပြီး …

ဝတ်မှုန်ကူးခြင်း Read More »

Brand You Academy

“တစ်ရက်ချင်းစီရှင်သန်ပါ”

ဒီရက်ထဲ ကလေးလေးတွေလည်း စိတ်ပင်ပန်းကြ၊ ကလေးအမေတွေလည်း ကလေးတွေ စိတ်ဒဏ်ရာရမှာစိုးလို့ စိုးရိမ်ပူပန်ကြတယ်၊ တအိမ်ထဲနေသူအချင်းချင်း စိတ်တိုမိတယ်ဆိုတာလေးတွေ တွေ့ရပါတယ်။ ခုချိန်မှာ အပြင်ကလာတဲ့ မကောင်းတဲ့အင်အားတွေရှိတာမှန်တယ်။ ဒါပေမဲ့ Little voice လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောတဲ့ စကားတွေက ပိုပြီးအရေးကြီးပါတယ်။ စိတ်ထဲ စွဲမသွားစေဖို့ လိုပါတယ်။  ဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးကလူတွေကိုရော ပြောမိနေရင် ချက်ချင်းပြင်ပြီး အစားထိုးနိုင်ပါတယ်။ ၁။ တစ်သက်လုံး ဒီလိုပဲ နေရမှာလား လို့တွေးမိရင် –  ရက်ကြာလာလို့ stimulus တွေ၊ စိတ်ပင်ပန်းရတာတွေ များလာတဲ့အခါ ဦးနှောက်ရဲ့ စနစ်က ငါဒီလိုပဲ တသက်လုံးနေရမှာလားဆိုတဲ့ အတွေးဝင်တတ်ပါတယ်။ ဘာနဲ့အစားထိုးမလဲ –> ယတိပြတ် ကိုယ့်ကိုယ်ကိုယ်ပြောပါ။  It’s not permanent. ဒါက အမြဲမဟုတ်ဘူး။ ဒါက …

“တစ်ရက်ချင်းစီရှင်သန်ပါ” Read More »

Brand You Academy

Self-Image ပျောက်နေသူတွေ

အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဒီကာလမှာ ကိုယ့်ရဲ့ Self-Image ပျက်စီးသွားတဲ့သူတွေအတွက် ပြောပြပေးချင်ပါတယ်။  Crisis ကာလတွေမှာ လူတွေရဲ့ အတွေးအမြင်တွေပြောင်းလဲသလို အယူအဆတွေ အပြုအမူတွေလည်း ပြောင်းလဲပါတယ်။ ကိုယ့်ရဲ့ အတွင်းထဲက ယုံကြည်မှုတွေ ပြောင်းလဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့ အမြင် Self-Image လည်းပြောင်းလဲပါတယ်။ အဲဒီအခါ ဘာကို ဆုပ်ကိုင်ရမှန်းမသိဘဲ ရပ်တည်ချက်ပျောက်တာ၊ ငါ ဘာလဲ၊ ငါရှင်သန်နေရတာ အဓိပ္ပာယ်ရှိရဲ့လား၊ ဒီကမ္ဘာမြေမှာ၊ ဒီမိသားစုထဲမှာ ငါ့ရဲ့ အသုံးကျမှုက ဘာလဲ ဆိုတာတွေ တွေးမိပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ 💙 This is Normal. ငါဘာလဲ ဆိုတဲ့ Self-Image ပျောက်နေခဲ့ရင်၊ ဝေဝါးနေခဲ့ရင် ဒါပုံမှန်ပါပဲလို့ ပြောပါရစေ။ အရမ်းကြီး ထိတ်လန့်တုန်လှုပ်ပြီး panic မဖြစ်ပါနဲ့။ …

Self-Image ပျောက်နေသူတွေ Read More »

Brand You Academy

Mindfulness (သတိရှိခြင်း)

Mindfulness (သတိရှိခြင်း) ဆိုတာ ဘာလဲ။ သတိရှိတယ်ဆိုတာ Attention အာရုံစိုက်နိုင်တာပဲ ဖြစ်ပါတယ်။ အာရုံစိုက်နိုင်ရင် စိတ်ငြိမ်တယ်။ ဘာတွေပဲကြုံလာပါစေ၊ ကိုယ်လုပ်ရမဲ့အရာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်တယ်။ သတိရှိဖို့အတွက်ဆိုရင် ဦးနှောက်ကို လေ့ကျင့်ရပါတယ်။ ဦးနှောက်ရဲ့လိုအပ်ချက် ၃ ခုရှိပါတယ်။   1. 1. Holding onto information (အချက်အလက်များကို သိမ်းဆည်းခြင်း)  2. 2. Updating information (အသစ်ရှာဖွေခြင်း)  3. 3. Seeking stimulation (လှုံ့ဆော်မှုကို ရှာခြင်း) လူသားရဲ့ ဦးနှောက်က ဒီ ၃ ခုကို တတ်နိုင်သလောက် မျှတအောင် လုပ်ပေးပါတယ်။ ဥပမာ – ကိုယ်က လုပ်စရာတစ်ခုကို အာရုံစိုက်ပြီး လုပ်နေတယ်ဆိုရင် holding onto information …

Mindfulness (သတိရှိခြင်း) Read More »