fbpx

Dr. Phio Thiha

BrandYouAcademy

“လောကုတ္တရာရေးမှာ Default ပုံစံဖြင့် မနေကြစေလို”

ဒီလတွေမှာ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတွေ အတော်လေး နာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြုံရသမျှ စိတ်ဖိစီးစရာတွေကို အတိုင်းအတာတစ်ခုထိ ကျော်ဖြတ်နိုင်ခဲ့တယ် ပြောရမယ်။ အခုလည်း ဆရာတော်ကြီး ဟောတဲ့ စကားတစ်ခွန်းကို မျှဝေချင်တာပါ။ ဂုဏ်ဖော်တာတော့ မဟုတ်ပေမဲ့ ကိုယ့်အကြောင်းကိုယ် ပြောရရင် ကျွန်တော်က လောဘနည်းတယ်။ လိုအင်ဆန္ဒလည်း နည်းတယ်။ ဒေါသဆိုတာလည်း ရုတ်တရက် ဆတ်ခနဲ စက္ကန့်ပိုင်းလောက် ထွက်သွားတာမျိုးပဲ ရှိတယ်။ တစ်ယောက်ယောက်ကို မုန်းတီးနေတာမျိုး မဖြစ်ဖူးဘူး။ အလှူအတန်းလည်း လုပ်ဖြစ်တယ်။ လိုအပ်နေတာ တွေ့ရင်လည်း ကူညီတတ်တယ်။ သို့သော် ဒါတွေက ကျွန်တော် တကူးတကကြီး ကြိုးစားအားထုတ်ခဲ့တာမျိုး မဟုတ်ဘူး။ ဆိုလိုတာက ဒေါသကြီးရာကနေ ထိန်းနိုင်အောင်၊ လိုအင်ဆန္ဒတွေ နည်းသွားအောင် ကြိုးစားခဲ့ရတာမျိုး မရှိဘူး။ အတိတ်ဘဝတွေက ပါလာတဲ့ အထုံပါရမီရယ်၊ …

“လောကုတ္တရာရေးမှာ Default ပုံစံဖြင့် မနေကြစေလို” Read More »

“ဗုဒ္ဓအလိုကျ Minimalism (၂)”

အရှေ့က တင်ခဲ့တဲ့ ပို့စ်နဲ့ တွဲဖတ်ရင်တော့ ပိုနားလည်မယ်။ အဲဒီပို့စ်မှာ အခု ခေတ်စားနေတဲ့ Minimalism ဆိုတဲ့ ဘဝနေနည်းက ဥပုသ်သီလ ဆောက်တည်ခြင်းနဲ့ ဆက်စပ်နေတယ် ဆိုတာကို ရှင်းပြခဲ့တယ်။ အခု ပို့စ်မှာ ဆက်ရေးမှာက ဟုတ်ပြီ၊ နေ့တိုင်းတော့ ဥပုသ်မစောင့်နိုင်ကြဘူး။ သို့သော် တစ်ရက်လေး စောင့်ပြီး နောက်ရက်ကျ အရင်လိုပဲ ပြန်နေထိုင်မယ်ဆိုလည်း ကုသိုလ်တော့ ရမယ်၊ ရေရှည်မှာ ကိုယ့်ရဲ့ လူနေမှုပုံစံက ပြောင်းလာမှာ မဟုတ်ဘူး။ (Minimalist ဖြစ်လာမှာ မဟုတ်ဘူး။) ဒီတော့ ကိုယ့်စိတ် အေးချမ်းဖို့၊ မလိုအပ်တာတွေ ဖယ်ပြီး တကယ်အရေးကြီးတာတွေကိုပဲ အာရုံစိုက်နိုင်ဖို့အတွက်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့ သီလတွေကို နေ့စဉ်ဘဝဆီ ဘယ်လိုဆွဲယူမလဲ ဆိုတာကို ရေးမှာ ဖြစ်ပါတယ်။ ပုံမှန် ၅ …

“ဗုဒ္ဓအလိုကျ Minimalism (၂)” Read More »

BrandyouAcademy

“ဗုဒ္ဓအလိုကျ Minimalism”

ဒီဘက်နောက်ပိုင်း လူတော်တော်များများ သဘောကျလာကြတဲ့ လူနေမှုပုံစံတစ်ခုက Minimalism လို့ ခေါ်တဲ့ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းခြင်းပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ခေတ်ကြီးက ရုပ်ဝတ္ထုတွေ သိပ်ပြီး တိုးတက်လာတာကိုး။ စားစရာတွေ၊ ဝတ်စရာတွေ၊ ဖုန်းတွေ၊ ကားတွေ၊ အသုံးအဆောင်တွေ အများကြီးကိုမှ အများကြီး ဖြစ်လာတယ်။ ရုတ်တရက်ဆို ပျော်စရာကြီးလို့ ထင်ရပေမဲ့ ကိုယ့်စိတ်ကို သေချာပြန်ကြည့်ကြည့်တဲ့အခါ အင်မတန်မှကို ပင်ပန်းနေတာ တွေ့လာရတယ်။ ဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတယ်။ ပိုက်ဆံရှာရတယ်။ တချို့လည်း မဟုတ်တဲ့နည်းတွေ သုံးမိတယ်။ ပိုင်ဆိုင်ရပြီဆိုရင်ရော ပျော်လား စဉ်းစားကြည့်။ အဲဒီအပျော်လေးက ခဏပဲ။ နောက်ထပ်အသစ်တွေ ထပ်ပေါ်လာတော့ ထပ်လိုချင်ပြန်ရော။ လိုချင်တာတွေက များနေတော့ ဒီအကျီလေး ဝယ်လာရတာကို မပျော်နိုင်ဘူး။ မဝယ်နိုင်ဘဲ ထားခဲ့ရတဲ့ တခြားအကျီတွေကို …

“ဗုဒ္ဓအလိုကျ Minimalism” Read More »

သေးသေးလေးကနေ စကြည့်ပါ

လူတစ်ယောက်၊ မိသားစုတစ်စု Minimalist ဖြစ်မဖြစ်ကို သူတို့အိမ် တစ်ခါလောက် သွားလည်ဖူးရုံနဲ့တင် သိနိုင်တယ်။ ပစ္စည်းတိုလီမိုလီလေးတွေကအစ ဘယ်လောက်ထိ သိမ်းထားတတ်သလဲပေါ့။ ဗူးတွေ၊ ခွက်တွေ၊ ခြင်းတွေ စသဖြင့် ရှိရှိသမျှ အကုန် သိမ်းထားတဲ့ အိမ်တွေလည်း ရှိတယ်။ လွှင့်ပစ်သင့်တာလည်း မပစ်၊ သူများလည်း မပေး၊ ကိုယ်လည်း ပြန်မသုံးဖြစ်နဲ့ ပစ္စည်းတွေက တပုံပုံ ဖြစ်နေတတ်တာ။ နောက်ဆုံး၊ အခု ကိုဗစ်တွေ ဖြစ်လို့ Mask တပ်တာတောင် သုံးပြီးရင် လွှင့်မပစ်ဘဲ နံရံမှာ ချိတ်ချိတ်ထားတတ်တဲ့သူက ရှိသေးတယ်။ မဝယ်နိုင်လို့ ချွေတာနေရတာလည်း မဟုတ်ဘူး။ ငါ ခဏလေးပဲ တပ်ထားတာ၊ ပြန်သုံးလို့ရတယ် ဆိုပြီး နှမြောနေတာပေါ့။ အိမ်ကျဉ်းတာ၊ ကျယ်တာ၊ လာဘ်လာဘ များတာ၊ မများတာနဲ့ ဒီလောက်ကြီး …

သေးသေးလေးကနေ စကြည့်ပါ Read More »

Brand You Academy

“Minimalism ဆိုတာ”

Minimalism ဆိုတာ Living with less လို့ နားလည်နိုင်တယ်။ သဘောကတော့ ဘုရားလောင်း ဝေသန္တရာမင်းလို ပါရမီဖြည့်တဲ့အနေနဲ့ ရှိသမျှ အကုန်လှူတာမျိုး မဟုတ်ဘူး။ တောထဲသွားပြီး တဲတစ်လုံးနဲ့ နေဖို့ထိလည်း မဟုတ်ဘူး။ တတ်နိုင်သလောက် ပစ္စည်းနည်းနည်းနဲ့ နေတာကို ခေါ်တာ။ Living with none မဟုတ်ဘူး။ Living with less ။ တကယ်လိုအပ်တဲ့ အရာတွေပဲ ချန်ထားပြီး မလိုတာကို စွန့်တဲ့သဘော၊ လိုအင်ဆန္ဒတွေနောက်ကို မလိုက်တဲ့ သဘောပဲ။ “ရှိသင့်သလောက်တော့ ရှိရမယ်” ကျွန်တော်တို့မှာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ ပစ္စည်းအသုံးအဆောင်တွေတော့ ရှိဖို့ လိုတယ်။ ဘာမှမရှိဘဲ နေလို့တော့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ နမူနာပေးမယ်။ ကျွန်တော့်မှာ ကားတစ်စီး ရှိဖို့ …

“Minimalism ဆိုတာ” Read More »

Brand You Academy

“တာ၀န်ယူတတ်တဲ့စိတ်”

လူတစ်ယောက်ကို Drive လုပ်နေတဲ့အရာဆို အကြမ်းအားဖြင့် နှစ်မျိုးရှိမယ်။ ဖြစ်ချင်စိတ် (Desire) နဲ့ ကြောက်စိတ် (Fear) ။ အိမ်ထောင်သည်တွေကတော့ ကိုယ့်သား၊ ကိုယ့်သမီးကို ကျောင်းကောင်းကောင်း မထားနိုင်မှာ ကြောက်တယ်၊ သူတို့အတွက် အစစအရာရာ ပြည့်စုံအောင်၊ သူများထက် မနိမ့်အောင် ထားပေးချင်ကြတယ်။ အဲ့လိုပဲ လူလွတ်တွေမှာလည်း ကိုယ်စီကိုယ်စီ တွန်းအားတွေ ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နမူနာပေးရရင် ကျွန်တော် ဘာလို့ အလုပ်တွေ လုပ်နေလဲဆိုရင် ကျွန်တော့်မိဘအတွက် အလုပ်လုပ်တာ။ ကျွန်တော်တို့တုန်းက သူတို့ လိုလေသေးမရှိ ထားခဲ့သလို၊ သူတို့ အရွယ်ရလာတဲ့အခါမှာလည်း ခြိုးခြံချွေတာနေရတာမျိုး မဖြစ်စေချင်ဘူး။ သူတို့ ကျန်းမာရေး မကောင်းလို့ ဆေးကုမပေးနိုင်မှာမျိုး ကျွန်တော်ကြောက်တယ်။လူမှုပတ်၀န်းကျင်အတွက်လည်း တခုခုလေး အကျိုးပြုနေသူ ဖြစ်ချင်တယ်။ အသိပညာ ဝေမျှပေးသူ ဖြစ်ချင်တယ်။ …

“တာ၀န်ယူတတ်တဲ့စိတ်” Read More »

running, sport, race

“ဖြတ်ခဲ့ဖူးတဲ့ ခရီးမိုင်တွေအတွက် ဂုဏ်ယူပါ”

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က Brand You Academy က သင်တန်းသားဟောင်းတွေအတွက် သီးသန့် Webinar လေး လုပ်ဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်က Building your resilience ကိုယ့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာပါ။ အထူးသဖြင့် ခုလိုအချိန်အခါမှာ တော်တော်များများရဲ့ စိတ်တွေလည်း ထိခိုက်နေချိန်မို့ အဲဒီခေါင်းစဉ်လေး ရွေးဖြစ်ခဲ့တယ်။စစချင်း သူတို့ကို မေးပါတယ်။ ကိုယ့်ဘဝမှာ ကျော်ဖြတ်ခဲ့ဖူးတဲ့ အခက်အခဲတွေကို ပြောပြချင်တာရှိရင် အားလုံးသိအောင်၊ အားတက်ရအောင် မျှဝေပေးပါ ဆိုတော့ ၃ ယောက်လောက် ပြောကြပါတယ်။ အဲဒီထဲမှာ အားလုံးကို အံ့အားသင့်သွားစေသူတစ်ယောက် ပါပါတယ်။ အဲဒီညီမလေးက ချင်းလူမျိုးပါ။ နာမည်လည်း မမှတ်မိသလို၊ ကင်မရာ ပိတ်ထားလို့ သူ့ကိုလည်း မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ သူ့အသံနဲ့ သူ ပြောသွားတာတွေကို ခုထိ …

“ဖြတ်ခဲ့ဖူးတဲ့ ခရီးမိုင်တွေအတွက် ဂုဏ်ယူပါ” Read More »

people, women, talking

ပျော်ရွှင်မှု၊ Relationship နှင့် ပုံရိပ် ၄ ခု”

ပျော်ရွှင်ပါစေ ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားသလိုပါပဲ။ ပျော်နေတဲ့သူဟာ Relationship (RS) တွေ အဆင်ပြေဖို့ လွယ်သလို၊ RS အဆင်ပြေနေတဲ့သူဟာလည်း ပိုပြီး ပျော်ရွှင်ရတတ်ပါတယ်။ ဒီနေရာမှာ RS ဆိုတာ သမီးရည်းစားကိုပဲ ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ရေး၊ အိမ်နီးနားချင်း စသဖြင့် ပါပါတယ်။ ဒီနေ့ခေတ်လို ဆိုရှယ်မီဒီယာ ထွန်းကားလာတဲ့ ခေတ်မှာ ဆက်သွယ်ရေးတွေ ပိုအဆင်ပြေလာပါတယ်။ ဝေးကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံရတယ်။ နိုင်ငံရပ်ခြားက ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ် မပြတ်တော့ဘူး။ သို့သော်လည်း ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေအပေါ်မှာတော့ ထိခိုက်မှုတွေ ရှိလာတယ်။ဆိုရှယ်မီဒီယာကြောင့် လူချင်းထိတွေ့ ပြောဆိုဆက်ဆံတာတွေ နည်းလာတယ်။ စားသောက်ဆိုင်တွေမှာဆို ဖုန်းကြည့်ရင်းပဲ စကားပြောကြတော့တာ။ ဟိုးနိုင်ငံခြားက မိတ်ဆွေနဲ့သာ Messenger …

ပျော်ရွှင်မှု၊ Relationship နှင့် ပုံရိပ် ၄ ခု” Read More »

remote, work, office

“အိမ်မှာနေရင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ”

တကယ်တော့ ကျွန်တော်တို့ဟာ ရုံးကို လာလုပ်မှ၊ ရုံးမှာ ရှိနေမှ၊ ရုံးတက်ချိန် ဆင်းချိန်မှန်မှ ဆိုတဲ့ Working hours (အလုပ်ချိန်တွေ) ကိုသာ ဦးစားပေးခဲ့ကြတာ ကြာပါပြီ။ တကယ်တမ်း အလုပ်ဘယ်လောက်ပြီးသလဲ ဆိုတာကိုတော့ ထည့်မစဉ်းစားမိကြဘူး။ ရုံးမှာ အလုပ်တွေ ပြီးသွားလည်း ရုံးဆင်းချိန် မရောက်မချင်း ထိုင်နေရတာမျိုးတွေ ရှိတယ်။ ကိုယ်က ရုံးကို ၁၅ မိနစ်လောက် နောက်ကျလို့ အဲဒီနေ့အတွက် ဒဏ်ကြေး ပေးရပေမဲ့ စောရောက်နေတဲ့သူကလည်း ရုံးအလုပ် လုပ်နေတာ မဟုတ်ဘဲ အဲ့ဒီ ၁၅ မိနစ်ကို ဖုန်းသုံးနေတာ၊ မနက်စာ စားနေတာမျိုးတွေ ရှိတယ်။ ဆိုတော့ ရုံးမှာ ရှိနေတယ် ဆိုတိုင်းလည်း အလုပ်ပြီးတာ မဟုတ်သလို တချို့အလုပ်တွေက ရုံးလာမှလည်း လုပ်လို့ ရတာ …

“အိမ်မှာနေရင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ” Read More »

Brand You Academy

“စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ”

စိတ်ညစ်ပြီ၊ စိတ်တွေ ဖိစီးနေပြီဆို ဘာလုပ်လေ့ ရှိကြသလဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ် မထင်ဘူး။ တချို့လည်း အရက်သောက်မယ်။ တချို့လည်း ကာရာအိုကေ ဆိုမယ်။ တချို့လည်း ဝယ်ချင်တာတွေ လျှောက်ဝယ်ပစ်မယ်ပေါ့။ဒီဆောင်းပါးမှာတော့ ငွေကုန်ကြေးကျလည်း မများဘဲ ကိုယ့်ရဲ့ ညစ်နေတဲ့ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားစေမဲ့ အလုပ် ၃ ခုအကြောင်း ဝေမျှပေးမှာ ဖြစ်ပါတယ်။၁။ ရသစာပေ ဖတ်ပါ။ရသစာပေ ဆိုတာ အမျိုးမျိုး ရှိပေမဲ့ အဓိကက ဝတ္ထုစာအုပ်ကောင်းတွေ ဖတ်စေချင်တာပါ။ ဆိုရှယ်မီဒီယာ ဆိုတာ အားလုံးလည်း သိတဲ့အတိုင်း ၁၀၀ မှာ ၉၉ ယောက်က ကောင်းတာတွေပဲ တင်ကြတာပါ။ တစ်ဖက်ကလည်း အားကျစရာ ဆိုပေမဲ့ ကြာလာတော့ ကိုယ့်ဘဝကိုယ် သိမ်ငယ်လာတယ်။ ကိုယ့်ဘဝတစ်ခုပဲ စိတ်ညစ်စရာတွေနဲ့ …

“စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ” Read More »