fbpx

April လထိ UK မှာလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ Covid 19 ရဲ့ အမျိုးသမီးတွေအပေါ် သက်ရောက်မှုက အမျိုးသားတွေထက် ပိုဆိုးပါတယ်။ တစ်ပတ်မှာ အရင်ထက်ကို နာရီ ၂၀ လောက် ပိုအလုပ်လုပ်ကြရတယ် လို့ရေးထားပါတယ်။ Facebook ရဲ့ COO Sheryl Sandburg ကလည်း အမျိုးသမီးတွေ အနေနဲ့ ရုံးမှာ Double Shift အလုပ်လုပ်ရတဲ့အပြင် အိမ်ရောက်တော့ ကလေးထိန်း၊ အိမ်မှုကိစ္စတွေပါ လုပ်၊ နာမကျန်းဖြစ်သူတွေကိုပါစောင့်ရှောက် ရတာကြောင့် Double-Double-Shift ဖြစ်နေပြီ ဆိုပြီး ပြောပါတယ်။

ဒီနိုင်ငံမှာလည်း တူတူပါပဲ။ Work From Home ဆိုပေမဲ့ ကလေးလည်းထိန်းရ၊ ကလေး Online Learning လဲပါရ၊ အိမ်မှု ကိစ္စတွေလည်းလုပ်ရနဲ့ ပင်ပန်းကြရပါတယ်။

စိတ်ညစ်တာတွေ ရှိတာမှန်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်စေချင်ပါတယ်။ရှိတဲ့ resource ကို ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင် လုပ်၊ ဘယ်အရာကို လုပ်တာ လက်ရှိမှာ အကောင်းဆုံးလဲ ဆိုတာကို စဉ်းစားတွက်ချက်ပြီး စနစ်တကျ အလုပ်လုပ်ရမှာပါ။

မဖြစ်နိုင်ဘူး လို့ ပြောတဲ့လူတွေထက် ဖြစ်နိုင်တယ်.. ဘယ်လိုလုပ်ရင်ကောင်းမလဲ လို့စဉ်းစားတဲ့ လူတွေနဲ့ပဲ နေပါ။

စိတ်ရှုပ်စရာတွေ တွေးတဲ့၊ ပြောတဲ့ လူနဲ့ မနေဘဲ စိတ်ကိုရှင်းလင်းအောင် ထားတတ်တဲ့သူတွေနဲ့ပဲ စကားပြောပါ။

စိတ်ကို တတ်နိုင်သလောက်ကြည်လင်အောင် ကြိုးစားပါ။ ပျော်အောင်နေပါ။ ကိုးကွယ်ရာ ဘာသာတရားလုပ်ပါ။ ဘုရားရှိခိုးပါ။ တတ်နိုင်သလောက် အလှူလုပ်ပါ။

ကျန်းမာအောင် လေ့ကျင့်ခန်းလုပ်ပါ။အချိန်မှန်စား၊ အချိန်မှန် အိပ်ပါ။ ရေသောက်ပါ။Online မှာ ဗဟုသုတတွေ လေ့လာသင်ယူပါ။ စာဖတ်ပါ။

လုပ်စရာရှိတာတွေကို shcedule နဲ့ target နဲ့ ကိုယ်တိုင်လည်းပြီးအောင်လုပ်သလို ကိုယ့်မိသားစုကိုလည်း တစ်ယောက်နဲ့တစ်ယောက် အတူတူပူးပေါင်း အလုပ်လုပ်တတ်အောင်၊ ညှိနှိုင်းအလုပ်လုပ်ပါ။

အပြင်က အရာတွေကို control လုပ်လို့မရပေမဲ့ ကိုယ့်ရဲ့ အတွင်းစိတ်ကို control လုပ်လို့ရပါတယ်။ ကိုယ်လုပ်ယူလို့မရတဲ့အရာတွေအတွက် စိတ်ညစ်တာ၊ စိတ်ပူပန်တာ၊ စိတ်ဓါတ်တာမျိုးကို အချိန်ခဏပဲပေးပြီး ကိုယ်လုပ်ဆောင်နိုင်တဲ့အရာလေးတွေကို အကောင်းဆုံး လုပ်ဆောင်ကြဖို့၊ ကိုယ့်ကိုယ်ကိုယ် ကြင်နာပြီး အချိန်လေးပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

Brand You Academy

brandyou

brandyou

Leave a Replay