Brand You Academy ကနေ အပါတ်စဉ် တနင်္ဂနွေနေ့ ည (၇ : ၀၀)မှာ ပြုလုပ်ပေးနေတဲ့ Community MeetUp မှာ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းလေးတွေကို အားလုံးအတွက် Notes အနေနဲ့ ပြန်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ တစ်ပတ်ခြင်းစီ အသစ်လေးတွေကို ဒီ post လေးရဲ့ အောက်မှာပဲ ဆက်ပြီးတင်ပေးသွားပါမယ်။
Facilitators: Dr. Phio Thiha, Htet Yie, Dr. Nang Nay Nwe
————————- Conversation: 17 —————————————
Be the type of person you want to meet
- ကိုယ်တခြားလူဆီက မျှော်လင့်တဲ့ စရိုက်လက္ခဏာ (၁၀) ခုကို စဉ်းစားပြီးချရေးကြည့်ပါ။
- ဒီ (၁၀) ခုထဲက ကိုယ့်မှာဘယ်နှစ်ခုရှိနေသလဲ ဆိုတာကို အမှတ်ပေးကြည့်ပါ။
————————- Conversation: 16 —————————————
Ikigai
- Passion: ကိုယ်ဘာကိုချစ်သလဲ?
- Mission: ကမ္ဘာကြီးက ဘာကိုလိုအပ်သလဲ?
- Vocation: ပိုက်ဆံရနိုင်သလား?
- Profession: ကိုယ်ကဘယ်နေရာမှာတော်သလဲ?
ဒီအကွက် ၄ ခု ပေါင်းဆုံတဲ့နေရာကို Ikigai လို့ခေါ်ပါတယ်။ Ikigai ဖြစ်ဖို့ ကိုယ်ကဘယ်နေရာမှာရှိနေလဲသိဖို့လိုပါတယ်။
အကွက် (၁): Passion & Profession (ဥပမာ – ဘောလုံးသမား)
အများအတွက်ဘာလုပ်ပေးလို့ရမလဲ ဆိုတာစဉ်းစားကြည့်ပြီး ကိုယ့်ရဲ့အလုပ်ကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။
အကွက် (၂): Passion & Mission (ဥပမာ – ပရဟိတ)
ပိုက်ဆံရအောင် ဘယ်လိုလုပ်မလဲ? ဆိုတာကို စဉ်းစားကြည့်ဖို့လိုပါတယ်။
အကွက် (၃): Mission & Vocation (ဥပမာ – လွှတ်တော်ကိုယ်စားလှယ်)
ကိုယ့်ရဲ့ အရည်အချင်းကိုဘယ်လိုမြှင့်မလဲ ဆိုတာကို အာရုံစိုက်ဖို့လိုပါတယ်။
အကွက် (၄): Profession & Vocation (ဥပမာ – ဆရာဝန်)
ကိုယ့်ရဲ့ အလုပ်ကိုချစ်တတ်ဖို့လိုပါတယ်။
————————- Conversation: 15 —————————————
ကိုယ့်ရဲ့ မိသားစုဝင်၊ လုပ်ဖော်ကိုင်ဖက်တွေက Toxic ဖြစ်နေရင်….
ကိုယ့်ရဲ့ Boundaries set လုပ်ဖို့လိုပါတယ်။ကိုယ်ရဲ့ self-care ကိုဘယ်လောက်ထိ ဂရုစိုက်သလဲ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင်လုပ်ဖို့လိုပါတယ်။
ကိုယ့်ဘဝကို ကျေနပ်နေရင်၊ inner peace နဲ့နေရင် ကိုယ်က စိတ်ရော၊ ကိုယ်ပါ သန်မာလာတာနဲ့အမျှ တစ်ဖက်လူက ကိုယ့်ကိုထိခိုက်အောင်လုပ်လို့မရပါဘူး။
Physically – လေ့ကျင့်ခန်းလုပ်တာ၊ Yoga လုပ်တာ၊ ချွေးထွက်အောင်တစ်ခုခုလုပ်တာမျိုးလေးတွေ
Emotional – စာဖတ်တာ၊ podcast နားထောင်တာ မျိုးလေးတွေ
Spiritually – နှလုံးသားကနေ အဖြူရောင်အလင်းလေးနဲ့ ကိုယ့်ကိုယ်ကိုယ် shield လုပ်ပြီး ကာကွယ်တာမျိုးလုပ်လို့ရပါတယ်။ အသံ၊ အနံ့စတာတွေနဲ့ cleansing လုပ်တာတွေရဲ့ အကူအညီကိုယူတာ စတာလေးတွေနဲ့ စမ်းလုပ်ကြည့်လို့ရပါတယ်။
————————- Conversation: 14 —————————————
Emotional Management
THE EMOTIONAL GUIDANCE SCALE
- Joy/Appreciation/Empowered/Freedom/Love
- Passion
- Enthusiasm/Eagerness/Happiness
- Positive Expectation/Belief
- Optimism
- Hopefulness
- Contentment
- Boredom
- Pessimism
- Frustration/Irritation/Impatience
- Overwhelment (feeling overwhelmed)
- Disappointment
- Doubt
- Worry
- Blame
- Discouragement
- Anger
- Revenge
- Hatred/Rage
- Jealousy
- Insecurity/Guilt/Unworthiness
- Fear/Grief/Desperation/Despair/Powerlessness
- ကိုယ့်ရဲ့ ဖြစ်လာတဲ့ emotion ကို နာမည်တတ်ဖို့လိုပါတယ်။ ( Doubt? Worrry? Anxiety? စသည်ဖြင့်)
- Negative လား၊Positive လား၊ ဘာလို့ဖြစ်တာလဲ၊ ဘာကို ဖြစ်တာလဲ၊ ဘယ်သူ့ကိုဖြစ်တာလဲ စသည်ဖြင့် စဉ်းစားကြည့်ပါ။
- ၂၂ ကနေ ၁ ကိုချက်ခြင်း ဖြစ်ဖို့မကြိုးစားပါနဲ့။ တစ်ဆင့်ခြင်းစီ တက်သွားရင် ပိုအဆင်ပြေပါတယ်။
- ကိုယ်က ဘယ်နားမှာ အများဆုံးရှိနေတတ်လဲ သတိထားပြီးကြည့်ကြည့်ပါ။
Relationship တွေမှာ ဆက်ဆံရေးပိုကောင်းဖို့
- မိသားစုလား၊ လုပ်ငန်းခွင်လား၊ Business Partner လား ဘယ်လိုမျိုး relationship လဲ? ပုံစံတွေက မတူတတ်ကြပါဘူး။
- Common Goal ကို ဦးတည်ပြီးပြောရင် ပိုပြီးထိရောက်တတ်ပါတယ်။
- စကားပြောတဲ့အခါ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံက စစချင်းပြောတဲ့စကား နဲ့ နောက်ဆုံးပြောတဲ့စကားကို ပိုမှတ်မိတတ်ပါတယ်။
- Sandwich Feedback > အကောင်း – အဆိုး – အကောင်း ပုံစံကို သုံးသင့်ပါတယ်။
————————- Conversation: 13 —————————-
ဘဝကို ဘယ်လိုဖြတ်သန်းနေလဲ?
Are you doing something on the court?
ကိုယ့်ရဲ့ Life issue တွေကို တကယ်ပဲ on the court အလုပ်လုပ်ဖြစ်နေလား?
Context
- စက္ကူခွက်နဲ့ ဖန်ခွက်ကို စဉ်းစားကြည့်ပါ။ အသုံးဝင်ပုံခြင်း အတူတူပါပဲ။ မီးရှို့တဲ့ အခါမှာတော့ စက္ကူခွက်ကို အရင်လောင်တာကို တွေ့ရမှာပါ။
- ဘဝမှာကြုံတွေ့ရတဲ့ နေ့စဉ်ဘဝက အကြောင်းအရာတွေကို ခွက်ထဲကိုထည့်တဲ့ content လို့ သဘောထားပြီး ကိုယ့်ရဲ့ အခြေခံ စိတ်နေစိတ်ထား ၊ အခြေခံသဘောထားကို context လို့မြင်ကြည့်ပါ။
- ကိုယ်က စက္ကူခွက်လား ? ဖန်ခွက်လား?
ကြောက်စိတ်ကို အခြေခံနေသလား?ကောင်းတဲ့စိတ်ကို အခြေခံသလား? ဘာအတွက်လုပ်တာလဲ? ….
ကိုယ့်ရဲ့ လုပ်ဆောင်ချက်တစ်ခုခြင်းစီမှာ ကိုယ့်ရဲ့ context က မှန်မှန်ကန်ကန်ရှိနေဖို့လိုပါတယ်။
On The Court? In The Stand?
ကိုယ့်ရဲ့ဘဝကို ဖြတ်သန်းတဲ့ အခါ ဘောလုံးကွင်းမှာ ဝင်ကန်နေသလို (on the court) လား? အပြင်ဘေးတန်း ပွဲကြည့်စင်ကနေ ထိုင်ကြည့်တဲ့ (in the stand) လား?
- On the court လုပ်တဲ့ အခါ ရှုံးနိုင် မြတ်နိုင်၊ ကိုယ်ပင်ပန်းနိုင်ပါတယ်။
ပွဲကြည့်စင်ကနေ ထိုင်ပြီး ပြောရတာကတော့ လွယ်ပါတယ်။
- ပွဲကြည့်စင်မှာ နေနေသရွေ့တော့ result လည်းမရပါဘူး။
အဆုံးအဖြတ်ကတော့ ကိုယ်တိုင်ပါဝင်ရတဲ့ on the court မှာပဲ ရှိနိုင်ပါတယ်။
————————- Conversation : 12 —————————-
80-20 Principle
ဦးစားပေးလုပ်ရမဲ့အရာတွေ၊ အချိန်ပေးပြီး ရင်းနှီးမြုပ်နှံရမဲ့ အရာတွေအတွက် စဉ်းစားတဲ့ပုံစံ
- Business – 80% သော လုပ်ငန်းတိုးတက်ဖို့အတွက် 20% သော အမာခံ customer တွေကို ဦးစားပေးတာ။
- Performance – လုပ်ငန်းခွင်မှာ performance 80% တိုးတက်လာဖို့ ကိုယ့်ရဲ့ လိုအပ်နေတဲ့ 20% ကို ဖြည့်လိုက်တာ။
- Learning/ Personal Development – ကိုယ့်ရဲ့ တိုးတက်မှုအတွက် ပြန်အသုံးချလို့ရတဲ့ နယ်ပယ်ထဲက အရာတွေကို ဦးစားပေးလေ့လာတာ။
- Social/Relationship – ပျော်ရွှင်မှုရဲ့ ၈၀ ရာခိုင်နှုန်းသည် ၂၀ ရာခိုင်နှုန်းသော Relationship တွေဆီကနေ လာတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အချိန်တွေ၊ ပိုက်ဆံတွေ၊ အင်အားတွေကို ဘယ်အုပ်စုမှာ ရင်းနှီးမြုပ်နှံမလဲ ရွေးဖို့လိုပါတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့သူတွေကို အချိန်ပေးနေလား။
- Organizational Development – လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ဦးစားပေးရမဲ့ အရာတွေ။
အပေါ်က area (၅)ခုမှာ ကိုယ့်ကိုယ်ကိုယ် self-reflection လုပ်ကြည့်စေချင်ပါတယ်။
ကိုယ့်ဘဝရဲ့80% ကိုပြောင်းလဲသွားစေမဲ့ 20% သော လုပ်ဆောင်စရာသည် ဘာဖြစ်မလဲ။ (၃)ချက်လောက် စဉ်းစားကြည့်စေချင်ပါတယ်။
ကိုယ့်ရဲ့ Goal အပေါ်မှာ မူတည်ပြီး ကိုယ်ချမှတ်ထားတဲ့ goals တွေထဲက တစ်ခုချင်းစီကို လုပ်လိုက်တဲ့အခါ ဘဝမှာ 80% သော အပြောင်းအလဲဖြစ်သွားစေနိုင်သလား၊ အရေးကြီးဆုံး တစ်ခုကို ရွေးချယ်စေချင်ပါတယ်။
————————- Conversation : 11 —————————-
Professional Mindset
“Professionalism” ဆိုတာကိုယ်နဲ့ ပါတ်သတ်ဆက်စပ် တွဲဖက်အလုပ်လုပ်ရတဲ့သူတွေကို စိတ်ချမ်းသာစေတာ။
3 Keywords for a Successful Career
- Talent (Born to be ဖြစ်ဖို့မွေးဖွားလာတာ)
- Hard Working
- Professionalism
Professional ဆန်ဆန် အလုပ်လုပ်နိုင်ဖို့ လိုအပ်တာတွေ-
- Salary
- Skills (Technical Standard)
- Self-control (Ethical Standard)
- 1 – 2 – 3 Action!!
ရုပ်ရှင်ရိုက်ကွင်းမှာ Action ဆိုတာနဲ့ စပြီး သရုပ်ဆောင်ရသလိုမျိုးပဲ ကိုယ်ရဲ့အလုပ်ကိုလည်း အကောင်းဆုံးလုပ်ဖို့လိုပါတယ်။
Professional တွေအတွက် ဆိုရင်
- Performance ကအရေးကြီးပါတယ်။
- No Excuse ( အကြောင်းပြချက် မပေးပါနဲ့)။ အကယ်၍ အဆင်မပြေခဲ့ရင်လည်း တောင်းပန်တတ်ဖို့လိုပါတယ်။
- Technical and Ethical Standard ရှိဖို့လို။
- အဆိုးကိုပါ လက်ခံနိုင်အောင် ကြိုးစားထားဖို့လိုပါတယ်။
————————- Conversation : 10 —————————-
Listening ( နားထောင်ခြင်း)
Listening ( နားထောင်ခြင်း) မှာ Filter တွေ အများကြီးရှိတတ်ပါတယ်။ကိစ္စတစ်ခုကို ကြားလိုက်တာ၊ ဆုံးဖြတ်လိုက်တာသည် တခြားသူနဲ့ မတူနိုင်ဘူးဆိုတာကို သတိပြုစေချင်ပါတယ်။တခြားသူကို ကိုယ်မြင်သလို မြင်ရမယ်၊ ငါပဲမှန်တယ် လုပ်လို့မရပါဘူး။ Filter တွေကြောင့် “Already Always Listening” နားမထောင်ရသေးခင် ကြိုပြီး Judge လုပ်တာ၊ သိပြီးသားပါ၊ ဒီလူနဲ့ ပါတ်သတ်ရင် ဒီပုံစံအတိုင်းပဲ ….ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။
ပိုပြီး ထိရောက်မှု ရှိစေဖို့-
- Aware
သူဘာတွေပြောနေတာလဲ။ Word by Word လုံးစေ့ ပတ်စေ့ကို နားထောင်ဖို့ကြိုးစားပါ၊ဘာပြန်ပြောမလဲ စဉ်းစားတာ၊မှန်လား မှားလား ဆုံးဖြတ်တာမျိုးတွေ မလုပ်ဘဲနဲ့ သေချာနားထောင်ပြီး Notes ၊ Chat စတာတွေနဲ့ မှတ်ထားတာမျိုးလုပ်လို့ရပါတယ်။ - Recreate
သူပြောတာကို ပြန်ပြောတာ၊ reconfirm လုပ်တာပါ။ လွဲသွားတာတွေကို ပြင်လို့ရသလို၊ ထပ်ဖြည့်ချင်တာတွေအတွက် Opportunities လည်းရလို့ သတင်းအချက်အလက်တွေ ပိုရနိုင်ပါတယ်။
————————- Conversation : 9—————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ
Negative Emotion တွေများနေတယ် ထင်တယ်။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
TFAR – Thought >Feeling > Action >Results
ကိုယ့်ကိုယ်ကိုယ် Discover လုပ်ကြည့်ပါ။ ဘယ်လိုအတွေးတွေ တွေးလို့ ဒီလို feeling တွေ ဖြစ်လာတာလဲ။
ဘယ်လိုကြောင့် ဖြစ်တာလဲ။ အဲ့ဒီအတွေးက ဘယ်ကနေလာတာလဲ။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 စိတ်တိုတယ် ဝမ်းနည်းတယ်စတဲ့ စိတ်ခံစားမှုတွေကို သွားပြီးတွန်းမထုတ်ပါနဲ့ Be With It, ဖြစ်တာကို သိအောင်လုပ်ဖို့လိုပါတယ်။
🆕 အရမ်းကြီး significant လုပ်ပြီး serious မဖြစ်လိုက်ဖို့လိုပါတယ်။ “ဟုတ်တယ် လူသားပဲမို့ စိတ်ပုတ်တတ်တယ်။ မနာလိုတတ်တယ်” အဲ့လိုမျိူးလေးပဲ လက်ခံလိုက်ပါ။
🆕 နောက်တစ်ဆင့်အနေနဲ့ ဆိုရင် ဒီစိတ်လေးက ဘာကြောင့်ရှိနေတာလဲ ဆိုတာကိုပါ ကြည့်လို့ရပါတယ်။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
သူများကို Negativity နဲ့ ပါတ်သတ်ပြီး ဝေဖန်ထားဖူးရင် ကိုယ့်ကိုယ်ကိုယ်ဆိုရင် ပိုပြီး Beat Up လုပ်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကိုယ်တိုင်က Negative တွေများနေတယ်ဆိုတဲ့ Identity ကို ခံယူမိနေတာလား။
————————- Conversation : 8 —————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ
Acknowledgement ကိုဘယ်လိုလက်ခံရမလဲ၊ လှိုက်လှိုက်လှဲလှဲ ဘယ်လိုမျိုး တုန့်ပြန်ရမလဲ။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
လက်ခံလိုက်ပြီးရင် သူများက ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာကို ဂရုစိုက်မိ နေတာမျိုး ဖြစ်နေသလား စဉ်းစားကြည့်ပါ။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 လက်ခံတဲ့အခါ အရမ်းကြီး serious မဖြစ်ဘဲနဲ့ “ကျေးဇူးတင်ပါတယ်” ဆိုတာကိုပဲ သေချာလေးပြန်ပြောပေးပါ။
🆕 ကိုယ်က ချီးမွန်းလိုက်လို့ သူ့ဘက်က လှိုက်လှိုက်လှဲလှဲ တုန့်ပြန်တဲ့အခါ ကိုယ်ဘယ်လိုခံစားရလဲ တွေးကြည့်ပါ။
🆕 တစ်ဖက်က ပေးလာတဲ့ အသိအမှတ်ပြုတာကို လက်ဆောင်အနေနဲ့ grateful ဖြစ်ဖြစ် ယူလိုက်တာမျိုးသည် ပေးတဲ့သူကို appreciate လုပ်တဲ့ သဘောလည်းဖြစ်လို့ နှစ်ဦးလုံး အကျိုးရှိတာကိုလည်း တွေးစေချင်ပါတယ်။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
သူများက ကိုယ့်ကိုကောင်းတယ် လို့ပြောတဲ့ အခါမှာ ကိုယ့်ရဲ့ Little Voice ကနေ အဲ့လောက်တော်တာ မဟုတ်ပါဘူး။ ငါညံ့တဲ့နေရာတွေ အများကြီးပါပဲ။ စသည်ဖြင့် ကိုယ့်ရဲ့ သိမ်ငယ်စိတ်ကလည်း ရှိနေတတ်တာကို အသိအမှတ်ပြုပေးဖို့လိုပါတယ်။
————————- Conversation : 7 —————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ
Emotional Intelligence ကောင်းပြီး Empathy မြင့်တဲ့၊ ပျော်ရွှင်တဲ့ workplace ဖြစ်ဖို့။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 ကိုယ်တိုင် ရှေ့ကနေလုပ်ပြတာ
🆕 Mindfulness session လေးတွေ၊ တရားထိုင်တာတွေ အတူတူ လုပ်ကြတာ
🆕 မတူတဲ့ ဘဝတွေကို ပိုနားလည်ဖို့ ရုံးမှာ အတူတူ ရသစာပေဖတ်ကြတာ၊ ရုပ်ရှင်အတူတူကြည့်တာ
————————- Conversation : 6 —————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ
အနာဂတ်က မသေချာဘူး၊ အိမ်အလုပ်ပဲ လုပ်ရမလား၊ ကိုယ့်ရဲ့ Passion နောက်ကို လိုက်ရမလား။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
ကျောင်းမှာသင်ခဲ့တာကိုပဲ ဆက်လုပ်မလား၊ ပြောင်းလဲလိုက်မလား။ ပြတ်ပြတ်သားသား ရွေးချယ်ဖို့ ပါတယ်။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 လမ်းကြောင်းတစ်ခုကို ချက်ချင်းကြီး ရွေးချယ်မဲ့အစား ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်၊ ဝါသနာတွေ၊ Hidden Box တွေကို ရှာဖွေကြည့်စေချင်ပါတယ်။
🆕 ကိုယ့်ကိုယ်ကိုယ် မသိသေးတာတွေလည်း ရှိနိုင်သေးတာမို့ Exposure (အထိအတွေ့) တွေရှာကြည့်ပါ။ စမ်းလုပ်ကြည့်ပါ။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
🚫 အနာဂတ်ကိုပဲ တွေးပူနေတာ၊ မသေချာတာတွေကနေ ကိုယ့်ရဲ့ လက်ရှိအခြေအနေမှာ လုပ်လို့ရတာလေးတွေ လုပ်ကြည့်စေချင်ပါတယ်။
🚫 ထိုင်ပြီး စိတ်ညစ်နေ၊ငြိမ်နေမယ့်အစား တစ်ခုခုကို လုပ်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ passion ကလုပ်ကြည့်ရင်းကလည် ပေါ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။
————————- Conversation : 5 —————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ
🎯Behavior Change Model ရဲ့ အဆင့်တွေ – မသိ > သိလာ > လက်ခံ > စမ်းလုပ်ကြည့် > စွဲမြဲ > စည်းရုံးလုပ်ဆောင်
🎯တစ်ခုခုကို စမ်းလုပ်ကြည့်တဲ့ အဆင့်ကနေ၊ လက်တွေ့ အလေ့အကျင့် ဖြစ်မလာဘဲ အစကို ပြန်ရောက်ပြီး သံသရာလည်နေတယ်။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
အတင်းချူပ်တည်းထားပြီး ကိုယ်တကယ် မကြိုက်ဘဲ၊ လိုချင်တာမဟုတ်ဘဲ လုပ်မိနေသလား။ ကိုယ်ရှိနေတဲ့ ပါတ်ဝန်းကျင်နဲ့ ပြောင်းချင်တဲ့ Behavior ကရော အဆင်ပြေမလား၊ ပြောင်းဖို့လိုမလား။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 အရင်က ကိုယ်အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့တဲ့ အကျင့်တစ်ခုအကြောင်း စဉ်းစားကြည့်ပါ။ ဘာတွေက အထောက်အကူ ပြုခဲ့သလဲ၊ အဆင်ပြေခဲ့လဲ။
🆕 Habit ဖြစ်ဖို့ လိုတာလေးတွေ –
• Environment (ရှင်သန်ရတဲ့ ပါတ်ဝန်းကျင်ကောင်း)
• Encouragement (အားပေးမှု)
• Product & Services (ကိုယ်နဲ့ လက်လှမ်းမီတဲ့၊ တတ်နိုင်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှု)
• Belief in yourself & Outcome (ကိုယ့်ကိုယ်ကိုယ် နဲ့ ရလဒ်အပေါ် ယုံကြည်မှု)
• Feeling & Experience (ရတဲ့ အတွေ့အကြုံ)
• Record the progress (ကိုယ်လုပ်ခဲ့တာတွေကို မှတ်တမ်းထင်ထားဖို့)
• Know which are support to you (ကိုယ့်ကို အထောက်အပံ့ ဖြစ်စေတဲ့အရာတွေကို သိဖို့လို)
🚫သတိထားရမဲ့ အချက်လေးတွေ🚫
ကိုယ်နိုင်သလောက်ပဲ စလုပ်ပါ။ သေချာပေါက် ကိုယ့်အတွက် အကျိုးများတဲ့ အကျင့် ဖြစ်တယ်ဆိုရင် အလွယ်တကူ လက်မလျော့လိုက်ဘဲ တဖြည်းဖြည်းချင်း စပြီး လုပ်ကြည့်စေချင်ပါတယ်။
————————- Conversation : 4 —————————————
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ🎯
Motivation လျော့ပြီး၊ Focus မရှိတာ၊ အလုပ်တွေ မပြီးဘူးဖြစ်နေတယ်။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
ကိုယ့်ရဲ့ commitment ကိုပြန်ရှာပါ။ သာမာန် energy နဲ့ ပြီးပြီးရောနေတာ မဟုတ်ဘဲ Generating Power ရှိနေဖို့ လိုပါတယ်။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 တစ်ရက်ချင်းစီမှာ ကိုယ့်အတွက် Context ကိုရွေးချယ်ပြီး နေပါ။
🆕 ကိုယ့်ရဲ့ Commitment ကို ပြန်ရှာပြီး အချိန်တိုင်းမှာ Recreate လုပ်ဖို့လိုပါတယ်။
🆕 “ငါ့အတွက်”ဆိုတာထက် ပိုတဲ့ context ကို ဖန်တီးပြီး Expand လုပ်ကြည့်ပါ။
🆕 ကိုယ့်ရဲ့ Emotionကို Label တပ်ကြည့်ပါ။
🆕 Choice လုပ်ဖို့လိုပါတယ်၊ ကိုယ့်ကိုကိုယ် Beat Up လုပ်နေမလား၊ Action ယူမလား။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
ကိုယ့်ကိုယ်ကိုယ် ဆွဲချနေတဲ့ Blaming Cycle ထဲကို မရောက်ဖို့၊ အကြောင်းပြချက်တွေမှာ သာယာမနေဖို့လိုပါတယ်။
————————- Conversation : 3 —————————————
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ🎯
အလုပ်တွေကများလာနေတယ်၊ မလုပ်ဖြစ်ဘဲ အချိန်ဆွဲနေမိတယ်၊ Blaming Cycle ထဲမှာ ရောက်နေတယ်။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
ကိုယ့်အတွက် ဒီအလုပ်ကို လုံးဝ မလုပ်ချင်တော့တာလား၊ မလုပ်တော့ဘူးလား၊ မလုပ်တော့ရင်ရော ဘာတွေ ဖြစ်လာမလဲ စဉ်းစားကြည့်ပါ။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 Individual Choice နဲ့ နေဖို့ ကြိုးစားပါ။
🆕 အလုပ်လုပ်ရခြင်းရဲ့ context ကို သေချာစဉ်းစားပြီး ကျော်မြင်တတ်ဖို့လိုပါတယ်။
🆕 လုပ်ငန်းခွင်မှာ ကိုယ်တည်ဆောက်ချင်တဲ့ Image ကို အာရုံစိုက်ပါ။
🆕 Motivation ရှိမှ လုပ်တာထက် Alarm မြည်တာနဲ့ စပြီးလုပ်တဲ့ အကျင့်ကို စလုပ်ကြည့်ပါ။
🆕 ကိုယ့်ရဲ့ activity တွေကို track လုပ်ကြည့်ပါ။ Evidence နဲ့ အလုပ်လုပ်တတ်ဖို့ သင်ယူပါ။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
Why (ငါဘာလို့ ဒီလိုဖြစ်နေတာလဲ) မေးခွန်းအစား What (ဒီအခြေအနေမှာ ငါဘာလုပ်လို့ရလဲ) ဆိုတာကို ပိုပြီး အာရုံစိုက်စေချင်ပါတယ်။
————————- Conversation : 2 —————————————
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ🎯
ဆယ်ကျော်သက်တွေမှာ ကြုံရတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတာ၊ မပြောရဲ မဆိုရဲ ဖြစ်တာတွေ၊ စိတ်တိုလွယ်တာတွေကို ကိုင်တွယ်ဖို့။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
ဒီလိုနေပါ၊ ဒီလိုမျိုးပြောပါ ဆိုတာမျိုးတွေ ပြောမဲ့အစား What is missing? What does she/he really need? ဆိုတာကို စောင့်ကြည့်စေချင်ပါတယ်။ မိဘက Fear-Based နဲ့ အုပ်ထားသလိုဖြစ်နေသလား ဆိုတာလဲ စဉ်းစားစေချင်ပါတယ်။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 ကလေးတွေ လိုချင်တာ၊ ရချင်တာ၊ ခံစားချက်တွေအတွက် မေတ္တာပေးဖို့လိုပါတယ်။ Whatever you do, I Love you….ဆိုတာမျိုးပါ။
🆕 ဘေးကနေ Judgement မလုပ်ဘဲ support လုပ်ပေးပါ။
🆕 အတူတူ activities လေးတွေ လုပ်ကြည့်ပါ။
🆕 Life ကို experience လုပ်ခွင့်ပြုပါ။ သူ့ကိုယ်သူ ရှာဖွေပါစေ။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ ကိုယ့်ရဲ့ Conversation တွေ၊ Response တွေကရော “သူကတော့ ဒီလိုပါပဲ” ဆိုပြီး Conditioning လုပ်မိနေလား ဆိုတာလည်း သတိထားဖို့ လိုပါတယ်။
————————- Conversation : 1 —————————-
Issues to Solve 🎯ဖြေရှင်းဖို့လိုနေတာ၊ တိုးတက်ချင်တဲ့နေရာ🎯
အသစ်တွေ သင်ယူနေပေမယ့်လည်း ရောက်သင့်သလောက် မရောက်ဘူး၊ ဖြစ်ချင်တာတွေ ဖြစ်မလာဘူး လို့ခံစားနေရတယ်။
📝ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့📝
သစ်ခုတ်သမား သစ်ပင်ပဲခုတ်နေသလို ဖြစ်နေလား၊ ပုဆိန်ပဲ ထိုင်သွေးနေသလိုဖြစ်နေလား စဉ်းစားကြည့်ပါ။
📅ဒါလေးတွေ စလုပ်ကြည့်မယ်🗓
🆕 Learning goals တွေ သတ်မှတ်ပြီး လိုအပ်သလောက် လေ့လာပြီး လက်တွေ့အသုံးချကြည့်ပါ။
🆕 လုပ်ကြည့်ရင်း ထပ်ပြီးပေါ်လာတဲ့ လိုအပ်တာတွေကို ထပ်ဖြည့်တာမျိုးဆိုရင် ပိုပြီးထိရောက်နိုင်ပါတယ်။
🚫သတိထားရမဲ့ အချက်လေးတွေ🚫
သင်ယူနေတာက ကောင်းပေမယ့် အသစ်လေး သင်လိုက်ရတယ်ဆိုတဲ့ စိတ်ကျေနပ်မှုကို သဘောကျ
နေတာ၊ စွဲနေတာမျိုး ဖြစ်နေသလားလည်း စဉ်းစားစေချင်ပါတယ်။