fbpx

Boosting Self-Confidence in 2 minutes

အချိန်တိုင်း confidence ရှိနေရင်တော့ အကောင်းဆုံးပါပဲ။ တခါတလေ ယုံကြည်မှုကျဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေ လုပ်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ အကောင်းဆုံးပါပဲ။ ရုတ်တရက်ကိုယ့်ရဲ့ confidence ကို Boost လုပ်ချင်တဲ့အခါ…..1. မတ်မတ်ထိုင်ပါ။ခန္တာကိုယ်နဲ့ ဦးနှောက်နဲ့က ဆက်စပ်နေပါတယ်။ ကိုယ်က ပျင်းတွဲတွဲကြီးနေလိုက်ရင် ဦးနှောက်က လေးလေးကြီးဖြစ်သွားပြီး စိတ်ကပါ ပျင်းသွားရောတဲ့။ ဒီတော့…. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အချိန်တိုင်း စမတ်ကျချင်ရင် မတ်မတ်လေးထိုင်၊ မတ်မတ်လေး လမ်းလျှောက်ဖို့ သတိရပါ။2. Power Poseဒီနည်းကလည်း ကိုယ်ဟန်အမူအယာကို အသုံးပြုပြီး confidence ချက်ချင်းတက်အောင်လုပ်နိုင်တဲ့နည်းပါ။ လက် ၂ ဖက်ကို လေပေါ်မြှောက်ပြီး V-shape လုပ်တာမျိုးဟာ ၂ မိနစ်လောက်လုပ်ပေးရုံနဲ့ သိသာစေတဲ့နည်းဖြစ်လို့ အင်တာဗျုးဖြေမယ့်လူတွေ၊ လူရှေ့ မှာ စကားထွက်ပြောခါနီးလူတွေကို တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီး Power Pose လုပ်ကြည့်ပါလို့ အကြံပေးကြပါတယ်။3. Appearanceကိုယ့်ရဲ့ အဝတ်အစား သပ်ရပ်စမတ်ကျမှုဟာလည်း မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ဘာဝတ်ဝတ် confidence ရှိနေတဲ့လူလည်း ရှိတာပါပဲ။ ဒါပေမယ့် သပ်ရပ်စမတ်ကျနေရင် အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိစေပါတယ်။4. Having a Friend to Talk toကိုယ့်ကိုနားလည်ပြီး ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိဖို့ကလည်း ဘဝမှာ အရေးကြီးလှပါတယ်။ ကိုယ်ပြောတာကို judge မလုပ်ဘဲ နားထောင်ပေးမယ့် သူငယ်ချင်းတစ်ယောက်လောက်တော့ရှိသင့်ပါတယ်။5. ExerciseGym သွားမှ မဟုတ်ပါဘူး။ အိမ်နေရင်းလည်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ Exercise လုပ်ခြင်းကြောင့် မိမိကိုယ်ခန ္တာကျန်းမာ၊ စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိစေပါတယ်။6. Visualizeလူတိုင်းမှာ အိပ်မက်ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက်ကို နေ့တိုင်း ပုံရိပ်ဖေါ် မြင်ယောင်တတ်၊ စိတ်ကူးယဉ်တတ်တဲ့လူဟာ အမြဲတက်ကြွနေတတ်ပါတယ်တဲ့။ 7. Practiseလေ့ကျင့်ထားတဲ့လူဟာ confidence ရှိပါတယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ အချိန်ပေးတတ်တဲ့ အကျင့်လေးရှိအောင် ကြိုးစားစေချင်ပါတယ်။ မလေ့ကျင့်ထားရင်လည်း အသက်ဝဝရှူသွင်းပြီး မတ်မတ်ရပ်၊ ပြုံးလိုက်ပါ။8. Smile“ပြုံးခြင်းဟာ နှလုံးသားရဲ့ တံခါးပေါက်ပါ” တဲ့။ လူတိုင်းကို အပြုံးနဲ့ ဆက်ဆံခြင်းဟာ ကိုယ့်ကို စိတ်သဘောထားကောင်းတယ် ပွင့်လင်းတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ထင်ရစေပါတယ်။9. STAY OUT OF YOUR HEADအရေးအကြီးဆုံးတစ်ခုက ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ “ငါယုံကြည်ချက်မရှိဘူး” ဆိုတဲ့ စကားတွေ၊ မကောင်းတဲ့ အတွေးတွေကို ကျော်လွှားဖို့ပါပဲ။ ခေါင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောနေတာတွေကို ဘယ်သူမှ မမြင်ပါဘူး။ အပြင်ဘက် ကိုယ့်ရှေ့ မှာရှိနေတဲ့ လူတွေ၊ အရာတွေကို အာရုံထားလိုက်ပါ။ ဘဝက တိုတိုလေးပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို အာရုံစိုက်ပြီး ကိုယ့်ဘဝကို ကြိုးစားထူထောင်နေတဲ့လူတွေဟာ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေမှာပါ။#BrandYou#HtetYie

brandyou

brandyou

Leave a Replay