fbpx

Brand & Image

Brand You Academy

Self-Image ပျောက်နေသူတွေ

အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဒီကာလမှာ ကိုယ့်ရဲ့ Self-Image ပျက်စီးသွားတဲ့သူတွေအတွက် ပြောပြပေးချင်ပါတယ်။  Crisis ကာလတွေမှာ လူတွေရဲ့ အတွေးအမြင်တွေပြောင်းလဲသလို အယူအဆတွေ အပြုအမူတွေလည်း ပြောင်းလဲပါတယ်။ ကိုယ့်ရဲ့ အတွင်းထဲက ယုံကြည်မှုတွေ ပြောင်းလဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့ အမြင် Self-Image လည်းပြောင်းလဲပါတယ်။ အဲဒီအခါ ဘာကို ဆုပ်ကိုင်ရမှန်းမသိဘဲ ရပ်တည်ချက်ပျောက်တာ၊ ငါ ဘာလဲ၊ ငါရှင်သန်နေရတာ အဓိပ္ပာယ်ရှိရဲ့လား၊ ဒီကမ္ဘာမြေမှာ၊ ဒီမိသားစုထဲမှာ ငါ့ရဲ့ အသုံးကျမှုက ဘာလဲ ဆိုတာတွေ တွေးမိပြီး စိတ်ဓါတ်ကျတတ်ပါတယ်။ 💙 This is Normal. ငါဘာလဲ ဆိုတဲ့ Self-Image ပျောက်နေခဲ့ရင်၊ ဝေဝါးနေခဲ့ရင် ဒါပုံမှန်ပါပဲလို့ ပြောပါရစေ။ အရမ်းကြီး ထိတ်လန့်တုန်လှုပ်ပြီး panic မဖြစ်ပါနဲ့။ …

Self-Image ပျောက်နေသူတွေ Read More »

Brand You Academy

“အမှားများတဲ့ စာမျက်နှာတွေ”

ငယ်ငယ်တုန်းက ကျွန်မက လက်ရေးတော်တော်လှပါတယ်။ အမေက ဆရာမ၊ အဖေကလည်း လက်ရေးလှအောင် ကျင့်ခိုင်းတော့ လက်ရေးဆိုဝိုင်းတယ်၊ အမှားအယွင်းလည်း မရှိသလောက် နည်းပါတယ်။ အမှားတို့၊ ဖျက်ရာတို့ဆိုရင် လုံးဝကို မကြိုက်ပါဘူး။ ၃ တန်းလောက်မှာ အပြင်စာတွေဖတ်ပြီး ဗလာစာအုပ်ထဲ ကူးရေးတဲ့ဝါသနာ ရလာတော့ ဗလာစာအုပ် အဖုံးလှလှလေးတွေ၊ စာရွက်သား ဖြူဖြူလေးတွေမှာ ဝိုင်းနေအောင် သပ်သပ်ရပ်ရပ်ရေးရတာ အရမ်းပဲကြိုက်ပါတယ်။ အမှားကို ဘယ်လောက်တောင် မကြိုက်လဲဆို တချို့အရမ်းလှတဲ့ စာအုပ်တွေမှာ ရေးလို့ မှားသွားရင် စာရွက်ကို ဖြဲပြီး အသစ်ပြန်ရေးတဲ့အထိပါပဲ။ ကြီးလာတော့လည်း အဲ့ဒီအလေ့အကျင့်လေးက မသိမသာနဲ့ ကြီးထွားလာတာ အမှားလုပ်မှာကို အရမ်းကြောက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ အမှားလုပ်ရင် လူတွေက ရှုံ့ချမှာကြောက်တာ၊ အဖေအမေဆူမှာကြောက်တာ၊ သူငယ်ချင်းမရှိတော့မှာကြောက်တာတွေကြောင့် ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မလုပ်တတ်၊ …

“အမှားများတဲ့ စာမျက်နှာတွေ” Read More »

clock, alarm clock, watch

“အကျိုးမရှိဘဲ အချိန်ကုန်ရခြင်း “

တခါတရံမှာ တစ်လသာကုန်သွား၊ တစ်နှစ်သာကုန်သွားရော ဘာမှ အကျိုးမရှိလိုက်ဘူးလို့ ခံစားရဖူးပါလိမ့်မယ်။ ဖြစ်ချင်တာတွေတော့ရှိတယ်။ Goals တွေလည်း ချထားတယ်။ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်ဘူး။ တဝက်တပျက်ပဲ လုပ်မိတယ်။ ရလဒ်မရဘူး။ မလိုချင်တဲ့ ရလဒ်တွေဖြစ်လာတယ်စသဖြင့် ကြုံဖူးကြပါလိမ့်မယ်။ အကျိုးမရှိဘဲ အချိန်ကုန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် အောက်က အချက် ကိုးချက်ကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်စေချင်ပါတယ်။ ၁။ Priority မရှိတာ။အများဆုံး ဖြစ်တတ်တာကတော့ ဦးစားပေး ပန်းတိုင်တွေ မချမှတ်ထားတာပါ။ ဘယ်ဟာက ပထမဦးစားပေး၊ ဘယ်ဟာက ဒုတိယ၊ တတိယ၊ ဘယ်ဟာကတော့ဖြင့် မလုပ်လဲ ရသေးတယ်၊ ဘယ်ဟာကတော့ဖြင့် ကိုယ်နဲ့ လုံးလုံးမဆိုင်ဘူး ဆိုတာကို သေချာမစဉ်းစား မဆုံးဖြတ်ထားရင် ကြုံလာတာတွေကို အကုန်လုပ်တာ၊ သတိရတာလုပ်ပြီး သတိမရတာ …

“အကျိုးမရှိဘဲ အချိန်ကုန်ရခြင်း “ Read More »

office, startup, business

လုပ်ငန်းခွင်မှာ မိမိ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့

မေး။ လုပ်ငန်းခွင်မှာ ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ဖို့ ဘာတွေလိုသလဲ။ ဖြေ။ပြိုင်ဆိုင်မှုတွေ များလာတာနဲ့အမျှ Personal Image လို့ခေါ်တဲ့ တကိုယ်ရည် ပုံရိပ်အပြင် Professional Image လို့ခေါ်တဲ့ လုပ်ငန်းခွင်ထဲက ကိုယ့်ရဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ အရေးကြီးလာပါတယ်။ ထက်မြက်ပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်အဖြစ် တည်ဆောက်လိုတဲ့သူတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေလိုက်ရပါတယ်။ ၁။ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကို သေသေချာချာသိပါစေ။အားနည်းချက်၊ အားသာချက်တွေကို စိစစ်တဲ့အခါ လူတော်တော်များများက အားနည်းချက်တွေကို ချက်ချင်းပြောနိုင်ကြပါတယ်။ အားသာချက်တွေကိုတော့ သိပ်ပြီး focus ထားလေ့မရှိပါဘူး။ ရှိနေတဲ့ အားသာချက်တွေကိုလည်း ပြည့်ပြည့်ဝဝအသုံးမချမိကြပါဘူး။ ကိုယ့်ရဲ့ တက်လမ်းကို ထိခိုက်နိုင်တဲ့ အားနည်းချက်မျိုးဆိုရင် ပြင်ရမှာမှန်ပေမဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို အချိန်ပေးပြီး polish လုပ်တာ၊ …

လုပ်ငန်းခွင်မှာ မိမိ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ Read More »

Brand You Academy

“သိမ်ငယ်စိတ်နှင့် ခံစားချက်ကို ထုတ်ဖေါ်ပြတတ်ခြင်း အနုပညာ”

Personal Image, Self-Image လို့ခေါ်တဲ့ မိမိကိုယ်ကို ဘယ်လို မြင်သလဲဆိုတာကို အများကြီးသက်ရောက်နိုင်တဲ့ အရာတစ်ခုက သိမ်ငယ်စိတ်ပါ။ လူတိုင်းမှာ သိမ်ငယ်စိတ် သို့မဟုတ် အငုံ့စိတ် အနည်းနဲ့အများရှိတယ်လို့ ဖတ်ဖူးပါတယ်။ “သိမ်ငယ်စိတ် ဘယ်ကစပြီးဖြစ်လာသလဲ?” ကျွန်မငယ်ငယ်က အလွန်သိမ်ငယ်တတ်တဲ့ စိတ်ရှိပါတယ်။ သိတတ်စအရွယ်မှာ အဖေရဲ့ သူငယ်ချင်းတစ်ယောက်က စနောက်ပြီးတော့ ညည်းက သမီးအရင်းမဟုတ်ဘူး၊ မန္တလေးနန်းတွင်းအမှိုက်ပုံကနေ ကောက်ရတာလို့ ပြောခဲ့ဖူးတယ်။ (အဲဒီတုန်းက ကျွန်မတို့က မန္တလေးမှာ နေနေပြီး အသက်က ၂ နှစ်လောက်ထင်ပါတယ်။) အဲဒီစကားကို ပြောတဲ့အချိန်မှာ အားနာလို့သော်လည်းကောင်း၊ စနောက်တဲ့ စိတ်နဲ့သော်လည်းကောင်း ကျွန်မအဖေနဲ့ အမေက ရယ်ပဲရယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ဦးနှောက်သေးသေးလေးမှာ စဉ်းစားစရာက အကြီးကြီးဖြစ်သွားပြီ။ ကျွန်မအသက် ငါးနှစ်မှာ မောင်လေးကို မွေးတော့ ထုံးစံအတိုင်း …

“သိမ်ငယ်စိတ်နှင့် ခံစားချက်ကို ထုတ်ဖေါ်ပြတတ်ခြင်း အနုပညာ” Read More »

ball, stress ball, emotion

“Negativity များတဲ့သူတွေ နဲ့ ကြုံရတဲ့အခါ”

Brand You Academy ရဲ့ Video လေးအောက်မှာ အစ်မတစ်ယောက်က ကွန်မန့်လေးလာရေးပါတယ်။ သူ့အနေနဲ့က negativity ရှိတဲ့သူတွေကို ဘယ်လိုမှ ရှောင်လို့ မရပါဘူး.. တွေ့နေကြုံနေရတာပါပဲ တဲ့။ အဲဒီအခါ စိတ်ဓါတ်အတက်အကျတွေ ရှိပေမဲ့လည်း ကိုယ်သွားချင်တဲ့ goal ကို ကြိုးစားပြီး အရောက်သွားရတာပါပဲ။ အားအင်တွေ ယူပြီးနည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားရတာပါပဲ.. လို့ ရေးထားပါတယ်။အလွန်ပဲ မှန်ပါတယ်။ သဘောကျမိပါတယ်။ ကျွန်မတို့ အနေနဲ့ ကိုယ်တိုင် အကောင်းမြင်စိတ်ရှိဖို့၊ တွေးတတ်ဖို့ ကြိုးစားလေ့ကျင့်လို့ ရပေမဲ့ ဘေးမှာရှိတဲ့သူတွေ၊ ဥပမာ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ဖြစ်စေ၊ လုပ်ဖေါ်ကိုင်ဖက်၊ အထက်လူကြီးဖြစ်စေ အလွန် negative ဖြစ်တယ်၊ ဘယ်လိုမှကို ပြုပြင်ညှိနှိုင်းလို့ မရဘူးဆိုရင် ကျွန်မတို့ရဲ့ အကောင်းမြင်တဲ့ စိတ်ကလေးပါ ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး …

“Negativity များတဲ့သူတွေ နဲ့ ကြုံရတဲ့အခါ” Read More »

Brand You Academy

“လုပ်ငန်းခွင်က လူတိုင်း သိထားသင့်တဲ့ Career Branding တည်ဆောက်ခြင်းနည်းလမ်း ၅ သွယ်”

Branding ဆိုတာနာမည်ကောင်းကို တည်ဆောက်ခြင်းပါ။Career Branding ဆိုတာကတော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ Professional Brand (လုပ်ငန်းထဲက ပရော်ဖက်ရှင်နယ်နာမည်ကောင်း)ကို တည်ဆောက်တာပါ။ အလုပ်ကောင်းကောင်းရှာနေသူတွေ၊ ကိုယ့်ရဲ့ Career ကို စနစ်တကျ တည်ဆောက်ချင်သူတွေ၊ မှတ်တိုင်တစ်ခု တည်ဆောက်ချင်တဲ့သူတွေအနေနဲ့ သိထားသင့်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ကိုယ့်ရဲ့ Career Brand ကို စနစ်တကျတည်ဆောက်ချင်သူတွေအနေနဲ့ Proactive Branding Strategy ရှိသင့်ပါတယ်။ တစ်ခုခုဖြစ်လာမှ တုံ့ပြန်တာထက် အခြေအနေကို ဖန်တီးယူဖို့ နည်းလမ်းတွေ၊ မဟာဗျူဟာတွေ ကြိုတင်ဖန်တီးထားတာမျိုးကို ဆိုလိုတာပါ။ Branding ဆိုတာ အမြင်ကိုတည်ဆောက်တာပါ။ ကိုယ်အောင်မြင်ချင်တဲ့ နယ်ပယ်မှာ ကိုယ့်အပေါ် တခြားလူတွေရဲ့ အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေကို တည်ဆောက်တာပါ။Know Where You Want to Go …

“လုပ်ငန်းခွင်က လူတိုင်း သိထားသင့်တဲ့ Career Branding တည်ဆောက်ခြင်းနည်းလမ်း ၅ သွယ်” Read More »

Brand You Academy

“ဒီကာလမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မြှင့်တင်လိုသူတွေအတွက်”

အခုကာလမှာ အလုပ်နားထားတဲ့သူတွေ၊ Work From Home လုပ်ရတဲ့သူတွေ၊ အလှည့်နဲ့ အလုပ်ဆင်းရသူတွေ အများကြီးရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ ကာလ၊ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ကာလမှာ အချိန်ကုန်မခံစေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်နေအောင်၊ အဆက်မပြတ် မြှင့်တင်ထားချင်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျွမ်းကျင်မှုတွေအကြောင်းကို Brand You Academy ရဲ့ မိတ်ဆွေတွေအတွက် ဖေါ်ပြပေးလိုက်ပါတယ်။ကျွမ်းကျင်မှုကို ၂ပိုင်းခွဲလို့ရပါတယ်။ Job Skillsကိုယ့်ရဲ့လုပ်ငန်းခွင်မှာ (သို့မဟုတ်) ကိုယ်လုပ်ရတဲ့အလုပ်အပေါ်မှာရှိတဲ့ကျွမ်းကျင်မှု Life Skills ဘဝကိုဘယ်လိုရှင်သန်ပြီးနေထိုင်ရမလဲဆိုတဲ့ ကျွမ်းကျင်မှု Skills ကိုအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်….Expertise = လုပ်ငန်းတစ်ခုကိုဘယ်လောက်ထိကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်လဲ။Talent = မလုပ်ရသေးပေမယ့် နဂိုကတည်းက ဘယ်နေရာမှာ ပါရမီပါလဲ။ဝန်ထမ်းအလုပ်ကို စိတ်ပျက်ပြီ၊ ကိုယ်တိုင်လုပ်ငန်းတစ်ခုကို စတင်လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ကဘယ်လို Skills တွေရှိလဲဆိုတာကို အရင်ဆုံးစဉ်းစားဖို့လိုပါတယ်။ Job Skills မှာ …

“ဒီကာလမှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုကို မြှင့်တင်လိုသူတွေအတွက်” Read More »

Brand You Academy

မြင်မြင်ချင်းလေးစားမှုနှင့်သက်ဆိုင်သော ဥပဒေသ ၃ ချက်

လူတစ်ဦးနဲ့ တစ်ဦး ပထမဦးဆုံးအကြိမ် မြင်တဲ့အချိန်၊ တွေ့တဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြ၊ အကဲဖြတ်ကြလေ့ရှိပါတယ်။ တဖက်လူက ဘယ်လိုလူမျိုး ဖြစ်နိုင်တယ်ဆိုတာကို ဦးနှောက်က အလိုလိုသုံးသပ်ပြီး ဒီလူကတော့ဖြင့် ချမ်းသာတယ်၊ ဆင်းရဲတယ်၊ စိတ်ကောင်းရှိတယ်။ ယုံကြည်ရလောက်တယ်၊ မိမိကိုယ်ကို ယုံကြည်မှုရှိတယ် စသဖြင့် တစ်ဦးနဲ့တစ်ဦး သုံးသပ်ဆုံးဖြတ်လိုက်လေ့ရှိပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် First Impression လို့ခေါ်တဲ့ စစချင်းအမြင် ကောင်းခဲ့ရင် ကိုယ့်ကို တဖက်လူက ပိုပြီး အလေးထားပါတယ်။ ပထမဆုံး တွေ့တဲ့အချိန်မှာ ယုံကြည်လေးစားမှု မရခဲ့ရင် ဆက်ဆံရေးမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။ ရေရှည်နာမည်ကောင်းကို တည်ဆောက်ဖို့အတွက်ဆိုရင် First Impression က အရေးပါတဲ့ နေရာကနေ ပါဝင်တာမို့ သိသင့်တဲ့ ဥပဒေသ ၃ ချက်ကို ဖေါ်ပြပေးလိုက်ရပါတယ်။ …

မြင်မြင်ချင်းလေးစားမှုနှင့်သက်ဆိုင်သော ဥပဒေသ ၃ ချက် Read More »

Personal Image နဲ့ Personal Brand: ဘယ်ဟာက ပိုအရေးကြီးသလဲ? - Brand You Academy

Personal Image နဲ့ Personal Brand: ဘယ်ဟာက ပိုအရေးကြီးသလဲ?

Image Consultant တစ်ယောက်အနေနဲ့ Personal Image နဲ့ Personal Brand ဘာကွာခြားလဲလို့ အမြဲအမေးခံရပါတယ်။ တကယ်တော့ ဒီနှစ်ခုက လုံးဝကို ကွဲပြားခြားနားတဲ့အရာနှစ်ခုပါ။​ ပုံရိပ် (Image) ဆိုတာ လူတွေက သင့်ကို ဘယ်လိုမြင်လဲကို ဆိုလိုတာပါ။ သင်စကားပြောတဲ့ပုံစံ၊ ဝတ်ပုံစားပုံ၊ လမ်းလျှောက်ပုံ၊ စားသောက်ပုံ… ဒါတွေကိုပြောတာပါ။ ကိုယ့်ရဲ့ပုံရိပ်ဟာ လုပ်ငန်းခွင်၊ လူမှုဆက်ဆံရေး၊ လူအများနဲ့ပေါင်းသင်းဆက်ဆံရေးအစရှိတဲ့ ကိုယ့်ဘဝရဲ့ဘက်ပေါင်းစုံမှာ အောင်မြင်ဖို့အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ Personal Image မှာ ဝတ်စားဆင်ယင်ပုံ၊ အရောင်ရွေးချယ်မှု၊ စကားပြောဆိုပုံနဲ့ အခြားသူများနှင့်ပြုမူဆက်ဆံပုံ စသဖြင့် ကိုယ့်ရဲ့အလုပ်အကိုင်နဲ့ ဘဝအောင်မြင်မှုကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့အချက်တွေ ပါဝင်ပါတယ်။ တစ်ဖက်မှာတော့ Personal Branding ဆိုတာ သင့်ရဲ့ အားသာချက်၊ စိတ်ဆန္ဒပြင်းပြမှု၊ တန်ဖိုးထားမှုနဲ့ ကျွမ်းကျင်မှုတို့ကို ပေါင်းစုထားခြင်းဖြစ်ပါတယ်။ တသမတ်တည်း ပြုမူနေထိုင်မယ်၊ …

Personal Image နဲ့ Personal Brand: ဘယ်ဟာက ပိုအရေးကြီးသလဲ? Read More »