fbpx

EQ

Brand You Academy

“စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ”

စိတ်ညစ်ပြီ၊ စိတ်တွေ ဖိစီးနေပြီဆို ဘာလုပ်လေ့ ရှိကြသလဲ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ် မထင်ဘူး။ တချို့လည်း အရက်သောက်မယ်။ တချို့လည်း ကာရာအိုကေ ဆိုမယ်။ တချို့လည်း ဝယ်ချင်တာတွေ လျှောက်ဝယ်ပစ်မယ်ပေါ့။ဒီဆောင်းပါးမှာတော့ ငွေကုန်ကြေးကျလည်း မများဘဲ ကိုယ့်ရဲ့ ညစ်နေတဲ့ စိတ်ကို အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားစေမဲ့ အလုပ် ၃ ခုအကြောင်း ဝေမျှပေးမှာ ဖြစ်ပါတယ်။၁။ ရသစာပေ ဖတ်ပါ။ရသစာပေ ဆိုတာ အမျိုးမျိုး ရှိပေမဲ့ အဓိကက ဝတ္ထုစာအုပ်ကောင်းတွေ ဖတ်စေချင်တာပါ။ ဆိုရှယ်မီဒီယာ ဆိုတာ အားလုံးလည်း သိတဲ့အတိုင်း ၁၀၀ မှာ ၉၉ ယောက်က ကောင်းတာတွေပဲ တင်ကြတာပါ။ တစ်ဖက်ကလည်း အားကျစရာ ဆိုပေမဲ့ ကြာလာတော့ ကိုယ့်ဘဝကိုယ် သိမ်ငယ်လာတယ်။ ကိုယ့်ဘဝတစ်ခုပဲ စိတ်ညစ်စရာတွေနဲ့ …

“စိတ်ညစ်နေရင် ဒီ ၃ ခု လုပ်ပါ” Read More »

Brand You Academy

“ပိုကြီးတဲ့ အောင်ပွဲကို ရွေးပါ”

စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်စွမ်း ဆိုတဲ့ Emotional intelligence ရဲ့ အရေးကြီးမှုကို ဒီနေ့ခေတ်မှာ အတော်လေး သဘောပေါက်လာကြပါပြီ။ အဲဒီမှာ အရေးကြီးတဲ့ အချက်တစ်ချက်က ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ဆိုတဲ့ Self-control ပါ။ ဒါက ခန္ဓာကိုယ် အလေးချိန် လျှော့ဖို့ကနေ ဘဝတိုးတက်ဖို့အထိ အရေးပါပါတယ်။ မစားသင့်တဲ့ အစားအသောက်တွေ မစားမိအောင်၊ မနက်စောစော လေ့ကျင့်ခန်း လုပ်မယ်ဆို ပြန်အိပ်ချင်တာ မအိပ်မိအောင် ထိန်းရတယ်။ ပညာတွေ သင်တဲ့အခါ လက်လျှော့ချင်တဲ့စိတ်၊ အလုပ်မသွားချင်တဲ့စိတ်၊ အရှုံးပေးချင်တဲ့စိတ်တွေကို ပြင်ပြီး အကောင်းဆုံး ကြိုးစားနေကြရတယ်။ အလုပ်ခွင်ဆိုတာ ကိုယ့်မိသားစု မဟုတ်ဘူး။ ဒါများ အထူးတဆန်းလုပ် ပြောနေတယ် မထင်နဲ့။ တကယ်ကို အဲ့လို ကိုယ့်မိသားစုနဲ့ မှားနေသူတွေ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေကို ကိုယ့်ဆွေမျိုးလို …

“ပိုကြီးတဲ့ အောင်ပွဲကို ရွေးပါ” Read More »

Brand You Academy

“စိတ်ခံစားချက်တွေ ကျန်းမာဖို့”

လူငယ်တွေနဲ့ Emotional health ဆိုတဲ့ ခေါင်းစဉ်လေး ဆွေးနွေးတိုင်း ကျွန်တော် Activity လေးတစ်ခု လုပ်တယ်။ ဘာလဲဆိုတော့ ကိုယ့်မှာ အခုရှိနေတဲ့ ခံစားချက်တစ်ခုကို စာရွက်လွတ်တစ်ရွက်မှာ ချရေးခိုင်းတာ။ နာမည်မရေးနဲ့။ ခံစားနေရတာကို ပွင့်ပွင့်လင်းလင်းသာ ချရေး။ ကိုယ် ရေးထားမှန်းကို မသိစေရဘူး။ ပြီးမှ အဲ့လိုရေးလိုက်တာတွေကို တစ်ရွက်ချင်း ပြန်ဖတ်ပြတယ်။ ရေးကြတာပေ့ါ၊ အိမ်နဲ့ အဆင်မပြေတာ၊ ပညာရေး၊ အလုပ်အကိုင် စတာတွေနဲ့ ပတ်သက်လို့ စိတ်ပူတာ၊ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို မကြိုက်ဘူး၊ ကိုယ်ကြိုက်တဲ့ မိန်းကလေးကို ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကလည်း လိုက်ကြိုက်နေတော့ ဘာလုပ်ရမှန်း မသိဘူး၊ အချစ်မခံရဘူးလို့ ထင်နေတယ် စသဖြင့် ပါလာတယ်။ အဲဒါလေး လုပ်ပြီးရင် ဘယ်လိုခံစားကြရလဲ မေးတော့ ရင်ထဲပေါ့သွားတယ်တဲ့။ အင်းလေ၊ …

“စိတ်ခံစားချက်တွေ ကျန်းမာဖို့” Read More »

Brand You Academy

“Personality ကောင်းသူဖြစ်ဖို့”

Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ လူတစ်ယောက်အနေနဲ့ ဘယ်လိုတွေးခေါ်တယ်၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဘယ်လိုနေတယ်၊ ပုံပန်းသွင်ပြင်က ဘယ်လိုရှိတယ် စတဲ့ အချက်တွေကို ခြုံငုံပြီး ရလာတဲ့ အမြင်တစ်ခုကို ခေါ်တာပါ။“The integrated organization of all the psychological, intellectual, emotional and physical characteristics, presenting to others.”ဥပမာ ဒီလူက စိတ်ခံစားလွယ်တယ်၊ ဒီတစ်ယောက်က သိပ်အဆိုးမြင်တယ်၊ သူက သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ်၊ ပြုမူတတ်တယ်၊ သူက မာကြောတယ်၊ သူကတော့ အသစ်ကို လက်မခံနိုင်ဘူး၊ ဒါဆို ဒါပဲ အသေစွဲကိုင်ထားတယ် စတဲ့ အချက်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတာပါ။အဲဒီ ကိုယ်ရည်ကိုယ်သွေးဟာ ဘဝမှာ အောင်မြင်ဖို့အတွက်ရော၊ တခြားသူတွေနဲ့ …

“Personality ကောင်းသူဖြစ်ဖို့” Read More »

မယုံမရှိပါနဲ့ - Brand You Academy

မယုံမရှိပါနဲ့

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့မဆိုင်ဘူး။ ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး။ တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ။ ကျနော့်ရင်ထဲအထိဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး “ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ”တဲ့။ ဆရာပြောမှ ရှင်းသွားတယ်။ ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ်၊ ဟိုဟာမဝတ်နဲ့၊ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်၊အချိန်ကြာလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်။ ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ်၊ မိဘကိုပူဆာတယ်၊ မိဘနဲ့ ပြသနာတွေ ဖြစ်တယ်၊အရွယ်ရလာတော့ ဒါတွေနည်းသွားတယ်၊ ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ။ အလုပ်မှာလည်း ဒီလိုပဲ၊ မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်ဖို့ မလွယ်ဘူး။ ငါ ဒီလောက်လုပ်ပေးရက်နဲ့၊ ငါ ဒီလောက်အဆင်ပြေပြေ …

မယုံမရှိပါနဲ့ Read More »