Love, Patience and Hope - Brand You Academy

Love, Patience, and Hope

အခုလို ဘာမှန်းမသိတဲ့အခြေအနေမျိုးမှာ တိုးတက်အောင် လုပ်ဖို့ ဆိုတာထက်ကို အခြေအနေတည်ငြိမ်နေအောင်၊ ဆိုးဆိုးရွားရွားမဖြစ်အောင် ထိန်းဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သားသမီးတွေ၊ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သတိထားလို့ စောင့်ရှောက်စေချင်ပါတယ်။ဒီအဖြစ်အပျက်ကြီးကနေ ကျော်ဖြတ်နိုင်ပြီး ပြန်လည်ထူထောင်ကြတဲ့အခါ မြန်မြန်ဆန်ဆန်နဲဲ့ ပြန်လည်ထူထောင်နိုင်ဖို့ဆိုရင် အခုချိန်ထဲက ဂရုတစိုက်လေးနဲ့ စောင့်ရှောက်စေချင်တာက ဒီသုံးခုပါ။ Love (ချစ်ခြင်းမေတ္တာ)ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံက အလကားပေါ်လာတာမဟုတ်ပါဘူး။ လူတွေရဲ့ ကြောက်စိတ်၊ အသက်ရှင်ခြင်းကို ခင်တွယ်တဲ့ စိတ်တွေကနေ ဖြစ်လာတာပါ။ အသက်ရှင်လိုတဲ့အခါ ငါ့အတွက်၊ ငါ့မိသားစုအတွက် ဆိုတဲ့ အတ္တစိတ်က အလိုလိုဖြစ်လာကြရတာပါပဲ။ဒီစိတ်က လူတိုင်းမှာရှိပေမယ့် ခုဆိုရင် ကိုယ့်ကျန်းမာရေး၊ ကိုယ့်မိသားစု ကျန်းမာရေးဆိုတာတွေကို မငဲ့ဘဲ တာဝန်ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီးရှိသလိုပဲ ကိုယ်နိုင်သလောက် လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေ၊ …

Love, Patience, and Hope Read More »