fbpx

Mindfulness

BrandYouAcademy

“လောကုတ္တရာရေးမှာ Default ပုံစံဖြင့် မနေကြစေလို”

ဒီလတွေမှာ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတွေ အတော်လေး နာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကြုံရသမျှ စိတ်ဖိစီးစရာတွေကို အတိုင်းအတာတစ်ခုထိ ကျော်ဖြတ်နိုင်ခဲ့တယ် ပြောရမယ်။ အခုလည်း ဆရာတော်ကြီး ဟောတဲ့ စကားတစ်ခွန်းကို မျှဝေချင်တာပါ။ ဂုဏ်ဖော်တာတော့ မဟုတ်ပေမဲ့ ကိုယ့်အကြောင်းကိုယ် ပြောရရင် ကျွန်တော်က လောဘနည်းတယ်။ လိုအင်ဆန္ဒလည်း နည်းတယ်။ ဒေါသဆိုတာလည်း ရုတ်တရက် ဆတ်ခနဲ စက္ကန့်ပိုင်းလောက် ထွက်သွားတာမျိုးပဲ ရှိတယ်။ တစ်ယောက်ယောက်ကို မုန်းတီးနေတာမျိုး မဖြစ်ဖူးဘူး။ အလှူအတန်းလည်း လုပ်ဖြစ်တယ်။ လိုအပ်နေတာ တွေ့ရင်လည်း ကူညီတတ်တယ်။ သို့သော် ဒါတွေက ကျွန်တော် တကူးတကကြီး ကြိုးစားအားထုတ်ခဲ့တာမျိုး မဟုတ်ဘူး။ ဆိုလိုတာက ဒေါသကြီးရာကနေ ထိန်းနိုင်အောင်၊ လိုအင်ဆန္ဒတွေ နည်းသွားအောင် ကြိုးစားခဲ့ရတာမျိုး မရှိဘူး။ အတိတ်ဘဝတွေက ပါလာတဲ့ အထုံပါရမီရယ်၊ …

“လောကုတ္တရာရေးမှာ Default ပုံစံဖြင့် မနေကြစေလို” Read More »

Brand You Academy

ပျော်ရွှင်မှုရဲ့ ခြောက်ဆယ့်ငါး ရာခိုင်နှုန်း

ဟိုနေ့က အောက်စဖို့ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်မှာ နာလိုက်ရပါတယ်။ Dr. Matthieu Ricard က Happiness ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားပါတယ် တဲ့။ လူတွေပျော်ရွှင်တတ်ခြင်း၊ မပျော်ရွှင်တတ်ခြင်းရဲ့ ၂၀-၂၅% က မွေးကတည်းက DNA ထဲ၊ Genes ထဲမှာပါလာပါတယ်တဲ့။ ဥပမာ – ခဏခဏ ဆဲတတ်တဲ့မိဘက သားသမီးကို အကျင့်ဆိုး လက်လွဲပြောင်းပေးတာ။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ အဆင်ပြေခြင်း၊ မပြေခြင်း စတဲ့ ပြင်ပအခြေအနေတွေက ၁၀-၁၅% ပါတဲ့။ မိမိရဲ့ ဘဝအပေါ် အမြင်၊ အဖြစ်အပျက်အပေါ်မှာ စိတ်ထားတတ်ခြင်းက ပျော်ရွှင်မှုအပေါ် ၆၀-၆၅% သက်ရောက်မှုရှိပါတယ်တဲ့။ အဲဒီတော့ အဆင်မပြေလို  စိတ်ညစ်လို၊ စိတ်ပျက်လို၊ စိတ်ဓါတ်ကျလို ညည်းတော့မယ်ဆိုရင် အရင်စဉ်းစားကြည့်ပါ။ ကိုယ်တတ်နိုင်တဲ့ …

ပျော်ရွှင်မှုရဲ့ ခြောက်ဆယ့်ငါး ရာခိုင်နှုန်း Read More »

“ဗုဒ္ဓအလိုကျ Minimalism (၂)”

အရှေ့က တင်ခဲ့တဲ့ ပို့စ်နဲ့ တွဲဖတ်ရင်တော့ ပိုနားလည်မယ်။ အဲဒီပို့စ်မှာ အခု ခေတ်စားနေတဲ့ Minimalism ဆိုတဲ့ ဘဝနေနည်းက ဥပုသ်သီလ ဆောက်တည်ခြင်းနဲ့ ဆက်စပ်နေတယ် ဆိုတာကို ရှင်းပြခဲ့တယ်။ အခု ပို့စ်မှာ ဆက်ရေးမှာက ဟုတ်ပြီ၊ နေ့တိုင်းတော့ ဥပုသ်မစောင့်နိုင်ကြဘူး။ သို့သော် တစ်ရက်လေး စောင့်ပြီး နောက်ရက်ကျ အရင်လိုပဲ ပြန်နေထိုင်မယ်ဆိုလည်း ကုသိုလ်တော့ ရမယ်၊ ရေရှည်မှာ ကိုယ့်ရဲ့ လူနေမှုပုံစံက ပြောင်းလာမှာ မဟုတ်ဘူး။ (Minimalist ဖြစ်လာမှာ မဟုတ်ဘူး။) ဒီတော့ ကိုယ့်စိတ် အေးချမ်းဖို့၊ မလိုအပ်တာတွေ ဖယ်ပြီး တကယ်အရေးကြီးတာတွေကိုပဲ အာရုံစိုက်နိုင်ဖို့အတွက်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့ သီလတွေကို နေ့စဉ်ဘဝဆီ ဘယ်လိုဆွဲယူမလဲ ဆိုတာကို ရေးမှာ ဖြစ်ပါတယ်။ ပုံမှန် ၅ …

“ဗုဒ္ဓအလိုကျ Minimalism (၂)” Read More »

BrandyouAcademy

“ဗုဒ္ဓအလိုကျ Minimalism”

ဒီဘက်နောက်ပိုင်း လူတော်တော်များများ သဘောကျလာကြတဲ့ လူနေမှုပုံစံတစ်ခုက Minimalism လို့ ခေါ်တဲ့ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းခြင်းပေါ့။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ခေတ်ကြီးက ရုပ်ဝတ္ထုတွေ သိပ်ပြီး တိုးတက်လာတာကိုး။ စားစရာတွေ၊ ဝတ်စရာတွေ၊ ဖုန်းတွေ၊ ကားတွေ၊ အသုံးအဆောင်တွေ အများကြီးကိုမှ အများကြီး ဖြစ်လာတယ်။ ရုတ်တရက်ဆို ပျော်စရာကြီးလို့ ထင်ရပေမဲ့ ကိုယ့်စိတ်ကို သေချာပြန်ကြည့်ကြည့်တဲ့အခါ အင်မတန်မှကို ပင်ပန်းနေတာ တွေ့လာရတယ်။ ဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတယ်။ ပိုက်ဆံရှာရတယ်။ တချို့လည်း မဟုတ်တဲ့နည်းတွေ သုံးမိတယ်။ ပိုင်ဆိုင်ရပြီဆိုရင်ရော ပျော်လား စဉ်းစားကြည့်။ အဲဒီအပျော်လေးက ခဏပဲ။ နောက်ထပ်အသစ်တွေ ထပ်ပေါ်လာတော့ ထပ်လိုချင်ပြန်ရော။ လိုချင်တာတွေက များနေတော့ ဒီအကျီလေး ဝယ်လာရတာကို မပျော်နိုင်ဘူး။ မဝယ်နိုင်ဘဲ ထားခဲ့ရတဲ့ တခြားအကျီတွေကို …

“ဗုဒ္ဓအလိုကျ Minimalism” Read More »

သေးသေးလေးကနေ စကြည့်ပါ

လူတစ်ယောက်၊ မိသားစုတစ်စု Minimalist ဖြစ်မဖြစ်ကို သူတို့အိမ် တစ်ခါလောက် သွားလည်ဖူးရုံနဲ့တင် သိနိုင်တယ်။ ပစ္စည်းတိုလီမိုလီလေးတွေကအစ ဘယ်လောက်ထိ သိမ်းထားတတ်သလဲပေါ့။ ဗူးတွေ၊ ခွက်တွေ၊ ခြင်းတွေ စသဖြင့် ရှိရှိသမျှ အကုန် သိမ်းထားတဲ့ အိမ်တွေလည်း ရှိတယ်။ လွှင့်ပစ်သင့်တာလည်း မပစ်၊ သူများလည်း မပေး၊ ကိုယ်လည်း ပြန်မသုံးဖြစ်နဲ့ ပစ္စည်းတွေက တပုံပုံ ဖြစ်နေတတ်တာ။ နောက်ဆုံး၊ အခု ကိုဗစ်တွေ ဖြစ်လို့ Mask တပ်တာတောင် သုံးပြီးရင် လွှင့်မပစ်ဘဲ နံရံမှာ ချိတ်ချိတ်ထားတတ်တဲ့သူက ရှိသေးတယ်။ မဝယ်နိုင်လို့ ချွေတာနေရတာလည်း မဟုတ်ဘူး။ ငါ ခဏလေးပဲ တပ်ထားတာ၊ ပြန်သုံးလို့ရတယ် ဆိုပြီး နှမြောနေတာပေါ့။ အိမ်ကျဉ်းတာ၊ ကျယ်တာ၊ လာဘ်လာဘ များတာ၊ မများတာနဲ့ ဒီလောက်ကြီး …

သေးသေးလေးကနေ စကြည့်ပါ Read More »

Brand You Academy

“Minimalism ဆိုတာ”

Minimalism ဆိုတာ Living with less လို့ နားလည်နိုင်တယ်။ သဘောကတော့ ဘုရားလောင်း ဝေသန္တရာမင်းလို ပါရမီဖြည့်တဲ့အနေနဲ့ ရှိသမျှ အကုန်လှူတာမျိုး မဟုတ်ဘူး။ တောထဲသွားပြီး တဲတစ်လုံးနဲ့ နေဖို့ထိလည်း မဟုတ်ဘူး။ တတ်နိုင်သလောက် ပစ္စည်းနည်းနည်းနဲ့ နေတာကို ခေါ်တာ။ Living with none မဟုတ်ဘူး။ Living with less ။ တကယ်လိုအပ်တဲ့ အရာတွေပဲ ချန်ထားပြီး မလိုတာကို စွန့်တဲ့သဘော၊ လိုအင်ဆန္ဒတွေနောက်ကို မလိုက်တဲ့ သဘောပဲ။ “ရှိသင့်သလောက်တော့ ရှိရမယ်” ကျွန်တော်တို့မှာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ ပစ္စည်းအသုံးအဆောင်တွေတော့ ရှိဖို့ လိုတယ်။ ဘာမှမရှိဘဲ နေလို့တော့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ နမူနာပေးမယ်။ ကျွန်တော့်မှာ ကားတစ်စီး ရှိဖို့ …

“Minimalism ဆိုတာ” Read More »

Brand You Academy

“ကိုယ့်ကိုယ်ကိုယ် မအားပါစေနဲ့”

အဲဒီလိုပြောလိုက်ရင် နားတောင်မနားရတော့ဘူးလား၊ တချိန်လုံးအလုပ်လုပ်နေရမှာလား လို့ ရုတ်တရက် တွေးမိတတ်ပါတယ်။  အဲဒီလို အချိန်တိုင်းတကုပ်ကုပ်အလုပ်လုပ်နေဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ရော လူရော အအားမနေဘဲ အကျိုးရှိတာ၊ ကိုယ့်အတွက် ကျေနပ်ရတာ တစ်ခုခုလုပ်နေဖို့ ပြောတာပါ။ အိမ်အလုပ်လုပ်တာဖြစ်နိုင်သလို ကလေးကို အချိန်ပေးတာ ဖြစ်နိုင်တယ်။ ခဏလေး အနားယူတာဖြစ်နိုင်သလို အလှူအတန်းလုပ်တာ၊ ဘုရားရှိခိုးတာ၊ ဝါသနာပါတဲ့ အလုပ်လေးတွေ လုပ်နေတာ၊ လမ်းလျှောက်ထွက်တာ၊ လူတွေကို ကူညီတာ… စသဖြင့် အများကြီးရှိပါတယ်။ များသောအားဖြင့် လုပ်စရာတစ်ခုနဲ့တစ်ခုကြား၊  သို့မဟုတ် လုပ်နေရင်းနဲ့တောင် စိတ်က ပစ္စုပ္ပန်မှာမရှိဘဲ အတိတ်ကို တွေးနေတာ၊ အနာဂတ်ကို ပူနေတာ၊ ကိုယ့်ကိုယ်ကိုယ် သူများကို အခြေအနေကိုလျှောက်ပြီး အပြစ်တင်နေတတ်ပါတယ်။  လူနဲ့စိတ်နဲ့ မကပ်တာတွေများလာတဲ့အခါ အဆင်ပြေတဲ့အရာတွေကို သတိမထားမိတော့ဘဲ အဆင်မပြေတာတွေ၊ ပူပန်စရာတွေကိုပဲ အထပ်ထပ်အခါခါတွေးနေတာမျိုး …

“ကိုယ့်ကိုယ်ကိုယ် မအားပါစေနဲ့” Read More »

Brand You Academy

“အကောင်းဆုံး ရှင်သန်နေပါ”

ဘဝက ဘာတွေပဲ ကိုယ့်ကို ပေးနေသည်ဖြစ်စေ၊ လက်ရှိမှာ ဘယ်လို အခြေအနေမှာ ရောက်နေသည်ဖြစ်စေ.. ငါ့ဘဝက တန်ဖိုးရှိတယ်၊ ဒီအခြေအနေကို အကောင်းဆုံး ကျော်ဖြတ်သွားရမယ်လို့ အမြဲတွေးပါ။  🔸 ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်တဲ့သူတွေများနေလား? ပိုပြီး ကူညီနိုင်အောင် ကိုယ်ကျန်းမာရမယ်။ 🔸 မိသားစုထဲ စိတ်သောကရောက်စရာတွေပြည့်နေလား? ကိုယ်ကပိုပြီး အားတင်းထားရမယ်။ ပိုပြီး စိတ်မာရမယ်။  🔸 Social Media မှာ negativity တွေ အရမ်းများနေလို့ စိတ်ထိခိုက်နေလား? ငါ့စိတ်ကို ဘယ်သူမှမပိုင်ဘူး လို့ တွေးပြီး ကိုယ့်စိတ်သန်မာလာအောင်၊ ခိုင်မာလာအောင် နည်းလမ်းပေါင်းစုံနဲ့ လေ့ကျင့်ရမယ်။  🔸 စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ပြီး ဘာမှ မလုပ်ချင် မကိုင်ချင်ဖြစ်နေလား? လူဖြစ်လာတာသည် endless possibilities ဖြစ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ …

“အကောင်းဆုံး ရှင်သန်နေပါ” Read More »

Brand You Academy

Fear-based or Love-based?

ကြောက်စိတ်အခြေခံနဲ့လား၊ မေတ္တာစိတ်အခြေခံနဲ့လား။ နေ့စဉ်တိုင်း အချိန်တိုင်း လုပ်သမျှအလုပ်တွေမှာ အခြေခံအကြောင်းရင်း ဘာကြောင့်လုပ်တာလဲဆိုတာကို စဉ်းစားကြည့်မိပါတယ်။  အကြောက်တရားအခြေခံနဲ့လုပ်တာက ပိုများလေ့ရှိပါတယ်။ အခုလိုအချိန်မျိုးမှာ စိတ်ငြိမ်းချမ်းဖို့ ဘုရားရှိခိုးရင်တောင် ကံမကောင်းမှာ ကြောက်လို့ရှိခိုးတာ၊ သေသွားရင် ငရဲကျမှာကြောက်လို့ရှိခိုးတာ.. အခြေအနေအရ အထုတ်ပြင်ရင်တောင် ကြောက်ကြောက်နဲ့ပြင်တာ.. ကလေးတွေကို စကားပြောရင် ကိုယ်မနိုင်မှာ၊ ကိုယ့်ကို အာခံမှာ ကြောက်တဲ့စိတ်အခြေခံနဲ့ပြောတာက များပါတယ်။ ဆိုရှယ်မီဒီယာမှာ စာတင်တာတောင် ငါ့ကို တစ်ခုခု ပြောတော့မှာလား၊ ဒါမှမဟုတ် ဘာမှ မလုပ်နေဘူးလို့ ထင်ကြတော့မှာလား ဆိုတဲ့ အခြေခံနဲ့ တင်လေ့ရှိကြပါတယ်။ သွေးတဲ့ဓါးက ထက်တယ်ဆိုသလိုပါပဲ။ ကြောက်စိတ်အခြေခံနဲ့အလုပ်လုပ်တဲ့အခါ ဦးနှောက်ရဲ့ ကြောက်တဲ့အပိုင်းက ပိုကြီးလာပါတယ်။ တုန့်ပြန်မှု ပိုမြန်ဆန်လာပါတယ်။ ကြာလာရင် မလိုအပ်ဘဲ sensitive ဖြစ်တာတွေ၊ အချိန်တိုင်း react တုန့်ပြန်မှုမြန်ဆန်လွန်းလို့ စိတ်ကို …

Fear-based or Love-based? Read More »

Brand You Academy

Gratitude Moments…

ကိစ္စတစ်ခုကို အဖြေရှာမရသေး၊ စိတ်တွေရှုပ်ထွေးနေတာနဲ့ မနက်အစော ထပြီး လမ်းလျှောက်ဖြစ်ပါတယ်။ မိုးဖွဲဖွဲကျနေပေမဲ့ စဉ်းစားချင်တာကြောင့် သစ်ပင်အောက်မှာနေရင်း ကျေးဇူးတင်မိတာလေးတွေ ဖုန်းထဲ ချရေးဖြစ်ပါတယ်။ 💦  ဒီအချိန်မှာ အသက်ရှိနေသေးတာ.. နေစရာ စားစရာ ရှိနေသေးတာ.. 💦 ကိုယ် ဘာဖြစ်ဖြစ် နားထောင်ဖို့၊ ကူညီဖို့၊ အားပေးဖို့ အဆင်သင့်ရှိနေတဲ့ မိတ်ဆွေ သုံးလေးယောက်ရှိတာ..  💦 မိုးက တအားကြီး ရွာမနေတာ.. 💦 ဖြတ်သွားတဲ့ အန်တီတစ်ယောက်က မိုးခိုနေတယ်မှတ်ပြီး ထီးနဲ့ အိမ်လိုက်ပို့ပေးရမလားမေးတာ… 💦 ငှက်ကလေးတွေရဲ့ အသံကြားနေရတာ၊ ကြားနိုင်ဖို့အတွက် နားကောင်းနေသေးတာ… (ကျွန်မအဖိုးက နားကျပ်မပါရင် ဘာမှ မကြားရတော့တာမို့ သူ့ကိုသတိရပြီး မေတ္တာပို့မိပါတယ်) 💦 မနေ့ညက လေ့ကျင့်ခန်းလုပ်ဖြစ်တာ၊ ဘုရားရှိခိုးဖြစ်တာ.. 💦 ထမင်းဟင်းချက်စရာ မလိုတာ.. …

Gratitude Moments… Read More »