“ဗုဒ္ဓအလိုကျ Minimalism (၂)”
အရှေ့က တင်ခဲ့တဲ့ ပို့စ်နဲ့ တွဲဖတ်ရင်တော့ ပိုနားလည်မယ်။ အဲဒီပို့စ်မှာ အခု ခေတ်စားနေတဲ့ Minimalism ဆိုတဲ့ ဘဝနေနည်းက ဥပုသ်သီလ ဆောက်တည်ခြင်းနဲ့ ဆက်စပ်နေတယ် ဆိုတာကို ရှင်းပြခဲ့တယ်။ အခု ပို့စ်မှာ ဆက်ရေးမှာက ဟုတ်ပြီ၊ နေ့တိုင်းတော့ ဥပုသ်မစောင့်နိုင်ကြဘူး။ သို့သော် တစ်ရက်လေး စောင့်ပြီး နောက်ရက်ကျ အရင်လိုပဲ ပြန်နေထိုင်မယ်ဆိုလည်း ကုသိုလ်တော့ ရမယ်၊ ရေရှည်မှာ ကိုယ့်ရဲ့ လူနေမှုပုံစံက ပြောင်းလာမှာ မဟုတ်ဘူး။ (Minimalist ဖြစ်လာမှာ မဟုတ်ဘူး။) ဒီတော့ ကိုယ့်စိတ် အေးချမ်းဖို့၊ မလိုအပ်တာတွေ ဖယ်ပြီး တကယ်အရေးကြီးတာတွေကိုပဲ အာရုံစိုက်နိုင်ဖို့အတွက်၊ ဥပုသ်စောင့်တဲ့အခါ စောင့်ထိန်းရတဲ့ သီလတွေကို နေ့စဉ်ဘဝဆီ ဘယ်လိုဆွဲယူမလဲ ဆိုတာကို ရေးမှာ ဖြစ်ပါတယ်။ ပုံမှန် ၅ …