“Empowering Community”
ကိုယ်ဝါသနာပါတာတစ်ခုတည်းနဲ့ ဘာမှ မသိ၊ နားမလည်၊ မတတ်တဲ့ နယ်ပယ်မှာ အလုပ်လုပ်တာ ၈ နှစ်လောက် ကြာတဲ့အခါ ကျွန်မ သေသေချာချာသိလာရတာတွေရှိပါတယ်။ အဲဒီထဲက တစ်ခုက ဘဝမှာ ပျော်ရွှင်အောင်မြင်ဖို့အတွက်ဆိုရင် ကိုယ့်ကို စိတ်ရင်းနဲ့ ချစ်ခင် အားပေးမဲ့၊ ကိုယ့်ရဲ့ ကောင်းခြင်းဆိုးခြင်းကို judge မလုပ်ဘဲ လက်ခံပေးမဲ့၊ ကိုယ့်ရဲ့အိပ်မက်တွေကို မဖြစ်နိုင်ပါဘူးကွာဆိုပြီး ရိုက်မချိုးဘဲ ဘယ်လိုဝိုင်းကူညီရမလဲ ဆိုပြီး အားပေးတဲ့ community လေးတစ်ခုရှိနေဖို့အရေးကြီးပါတယ်။လူအနည်းအများနဲ့ မဆိုင်ပါဘူး။ ကိုယ်နဲ့ value တန်ဖိုးထားတာချင်း တူရမယ်။ ဘဝအပေါ်မြင်တဲ့အမြင်တွေ ညှိလို့ ရရမယ်။ အမြဲကြိုးစားပြီး တိုးတက်ချင်စိတ်ရှိတဲ့လူတွေ ဖြစ်ရမယ်။ မနာလိုစိတ်၊ ဝန်တိုစိတ်ကင်းတဲ့ လူတွေ ဖြစ်ရမယ်။ အပြောမဟုတ် တကယ် အလုပ်လုပ်တဲ့လူတွေ ဖြစ်ရမယ်။ အဲဒီ အစုအဖွဲ့လေး community …