fbpx

Personal Development

Brand You Academy

ဝတ်မှုန်ကူးခြင်း

ပုံပြင်တစ်ပုဒ်ရှိပါတယ်။ တခါတုန်းက မြို့တစ်မြို့မှာ အဆုံးအစမရှိအောင် ကျယ်ပြန့်တဲ့နေကြာပန်းခင်းကြီး ရှိပါသတဲ့။ အဲဒီပန်းတွေပွင့်ချိန်ဆို လှလွန်းလို့ အနီးအနားမြို့တွေက လာလည်ကြ၊ မြို့ကလူတွေကလည်း ဂုဏ်ယူကြသတဲ့။ နေကြာပန်းခင်းရဲ့အလှထက် လူတွေပိုပြီး အံ့ဩချီးကျူးကြတာက အဲဒီအဆုံးအစမရှိတဲ့ ပန်းခင်းကို လူတစ်ယောက်တည်းက စိုက်ခဲ့တာမို့ပါ။ တနေ့ကျ လူငယ်လေးတစ်ယောက်က မြို့ကိုလာလည်ရင်း နာမည်ကြီးလွန်းတဲ့ နေကြာပန်းခင်းကြီးဆီကို ရောက်လာပါတယ်။ သူကတော့ အများလို အံ့ဩချီးကျူးရုံနဲ့ မပြီးဘဲ နေကြာခင်းရှင်ကို စိတ်ဝင်တစား မေးပါသတဲ့။ ဒီလောက်ကျယ်တဲ့ ပန်းခင်းကြီးဖြစ်လာအောင် ဘယ်နနှစ်များအချိန်ယူ စိုက်ခဲ့တာလဲ၊ တစ်ယောက်တည်း ဘယ်လိုများ လုပ်ခဲ့တာလဲ။ မပင်ပန်းဘူးလား စသဖြင့်ပေါ့လေ.. ပန်းခင်းရှင်က ပြောပါတယ်။ အဆုံးအစမရှိဘူး ဆိုတာမှန်တယ်။ ဒါပေမဲ့ ပန်းတစ်ပင်ချင်းစီသူစိုက်ခဲ့တာ မဟုတ်ပါဘူးတဲ့။ ဟိုနားနည်းနည်း မျိုးစေ့ကြဲတယ်။ ဒီနားနည်းနည်း မျိုးစေ့ကြဲတယ်။ သူပိုင်တဲ့မြေ တစ်ခုလုံးမှာ ဖြန့်ပြီး …

ဝတ်မှုန်ကူးခြင်း Read More »

Brand You Academy

LIVE, HOPE,LOVE

ဆိုးရွားတဲ့ အချိန်ကာလမှာ အကောင်းစိတ်မွေးဖို့၊ Positive ဖြစ်ဖို့က တအားကို ခက်ပါတယ်။ စိတ်ချမ်းသာရာကို ရှာဖို့ ခက်တဲ့အခါ၊ ဘဝက ခက်ခဲတဲ့အခါ၊ ဘေးကလူတွေက စိတ်ဓါတ်ကျနေကြတဲ့အခါ စိတ်ကြည်လင်အောင်နေဖို့ရာတောင် Guilty ဖြစ်တတ်ကြပါတယ်။ စိတ်ပိုင်းဖြတ်ထားပါ။ ငါ ကျန်းမာနေမှ ငါ့မိသားစုကို စောင့်ရှောက်နိုင်မယ်။ ငါ့လောက်မှ အဆင်မပြေသူတွေ၊ ငါ့ဝန်ထမ်းတွေ၊ ငါနဲ့ တွေ့ကြုံရသူတွေကို ထောက်ပံ့ပေးနိုင်မယ်။  ငါ စိတ်ကြည်လင်နေမှ ငါ့မိသားစုအပေါ် React လုပ်တာတွေ၊ ဘေးကလူတွေနဲ့ ကိုယ်ချစ်တဲ့သူတွေကို ပြဿနာရှာတာတွေ မလုပ်မိတော့ဘူး။ ဒါကြောင့် ငါ့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်မယ်လို့ ဆုံးဖြတ်ပါ။ LIVE တစ်ရက်ချင်းစီ ရှင်သန်ပါ။ HOPE မျှော်လင့်ချက်ကို ရအောင် ဖန်တီးယူပါ။ LOVE ချစ်ခြင်းမေတ္တာမျှဝေပါ။ အေးချမ်းကြပါစေ။ ထက်ရည်

Brand You Academy

“တစ်ရက်ချင်းစီရှင်သန်ပါ”

ဒီရက်ထဲ ကလေးလေးတွေလည်း စိတ်ပင်ပန်းကြ၊ ကလေးအမေတွေလည်း ကလေးတွေ စိတ်ဒဏ်ရာရမှာစိုးလို့ စိုးရိမ်ပူပန်ကြတယ်၊ တအိမ်ထဲနေသူအချင်းချင်း စိတ်တိုမိတယ်ဆိုတာလေးတွေ တွေ့ရပါတယ်။ ခုချိန်မှာ အပြင်ကလာတဲ့ မကောင်းတဲ့အင်အားတွေရှိတာမှန်တယ်။ ဒါပေမဲ့ Little voice လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြောတဲ့ စကားတွေက ပိုပြီးအရေးကြီးပါတယ်။ စိတ်ထဲ စွဲမသွားစေဖို့ လိုပါတယ်။  ဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ်ရော၊ ဘေးကလူတွေကိုရော ပြောမိနေရင် ချက်ချင်းပြင်ပြီး အစားထိုးနိုင်ပါတယ်။ ၁။ တစ်သက်လုံး ဒီလိုပဲ နေရမှာလား လို့တွေးမိရင် –  ရက်ကြာလာလို့ stimulus တွေ၊ စိတ်ပင်ပန်းရတာတွေ များလာတဲ့အခါ ဦးနှောက်ရဲ့ စနစ်က ငါဒီလိုပဲ တသက်လုံးနေရမှာလားဆိုတဲ့ အတွေးဝင်တတ်ပါတယ်။ ဘာနဲ့အစားထိုးမလဲ –> ယတိပြတ် ကိုယ့်ကိုယ်ကိုယ်ပြောပါ။  It’s not permanent. ဒါက အမြဲမဟုတ်ဘူး။ ဒါက …

“တစ်ရက်ချင်းစီရှင်သန်ပါ” Read More »

Brand You Academy

Creation

Creation အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။ ဦးနှောက်က အတွေးတစ်ခု ဖြစ်တာနဲ့ လျှပ်စစ်ပတ်လမ်းတစ်ခု ဖြစ်တယ်ဆိုတာ အရင်ကလည်း ရေးဖူးပါတယ်။ ကိစ္စတစ်ခုကို ခဏခဏတွေးပါများရင် ပတ်လမ်းက အထပ်ထပ်ဖြစ်လာပြီး ပို အားကောင်းလာပါတယ်။ Universe ရဲ့ လျှပ်စစ်လှိုင်းတွေနဲ့ ကျွန်မတို့ဆီက ထွက်တဲ့ လှိုင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။ အလွယ်တကူ ပြောတတ်ကြတာက ကောင်းတာတွေး၊ ကောင်းတာပြော ဆိုပြီးတော့ပါ။  တကယ်တမ်းကျ အဲလောက်မလွယ်ပါဘူး။ လူရဲ့ သဘောသဘာဝအရ မကောင်းတာဆို ပိုမှတ်မိတယ်။ မကောင်းတာဆို စွဲလွယ်တယ်။ သက်ရောက်မှုပိုကြီးတယ်။ Negativity bias လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေက အချိန်တော်တော်များများမှာ မကောင်းတာ၊ ကိုယ် မနှစ်သက်တာ၊ ကိုယ် မလိုချင်တာကိုပိုတွေးနေတတ်ပါတယ်။  ပြဿနာက Universe  က ကျွန်မတို့ တွေးတဲ့အပေါ် မူတည်ပြီး …

Creation Read More »

Brand You Academy

“သစ်တုံးနဲ့တူတဲ့ လူတွေ”

Scenario နှစ်ခု ယှဉ်ပြထားတာ စာအုပ်ထဲ ဖတ်လိုက်ရတယ်။ သင်က ရေထဲမှာ လှေလေးတစ်စီးနဲ့ အေးအေးဆေးဆေး လေညင်းခံနေတယ်။ ရုတ်တရက် တစ်ခုခုက လာတိုက်လို့ လှေမှောက်သွားတယ်။ ဝရုန်းသုန်းကားဖြစ်ပြီး ရေထဲဇောက်ထိုးကျပြီးတဲ့အချိန် အကြောင်းရင်းကို လှမ်းကြည့်လိုက်တော့  ၁။ လူငယ်လေးနှစ်ယောက် အပျော်အပျက်လှေလှော်ကြရင်း ကိုယ့်ကို လာတိုက်တာ။ ၂။ သစ်လုံးကြီးတစ်လုံးမျောလာပြီး ကိုယ့်လှေကိုတိုက်မိတာ။ ဘယ်အခြေအနေကို ပိုဒေါသထွက်မလဲ။ သေချာတယ်။ လူလူချင်းပွတ်တိုက်မိရင် ပိုဒေါသထွက်တယ်။ ဖြစ်ချင်တော့ လူတွေအကုန်လုံးက သစ်လုံးလို မျောချင်ရာမျောနေတာ။ သူတို့ စိတ်ထဲ မှန်တယ်ထင်တာပြောကြတာ။ ဒါကြောင့် အွန်လိုင်းပေါ် တစ်ခုခုစိတ်အနှောက်အယှက်ဖြစ်စရာတွေ့ရင် ကျော်သွားလိုက်။ မှားနေရင် မှားနေတယ် ထောက်ပြ။ ညှိလို့ရရင်ညှိ။ ကိုယ့်အတွင်းစိတ်ထဲအထိ အမှိုက်သရိုက်မယူနဲ့။  ဘာလို့ဆိုတော့ တမင်လိုက်ပြီး စိတ်အနှောက်အယှက်ပေးနေတဲ့ လူဆိုးတွေကလွဲရင် သာမန်လူတွေက သင့်ကိုရည်ရွယ်တာမဟုတ်ဘူး။ သစ်တုံးတွေလိုပဲ …

“သစ်တုံးနဲ့တူတဲ့ လူတွေ” Read More »

Brand You Academy

“အမှားများတဲ့ စာမျက်နှာတွေ”

ငယ်ငယ်တုန်းက ကျွန်မက လက်ရေးတော်တော်လှပါတယ်။ အမေက ဆရာမ၊ အဖေကလည်း လက်ရေးလှအောင် ကျင့်ခိုင်းတော့ လက်ရေးဆိုဝိုင်းတယ်၊ အမှားအယွင်းလည်း မရှိသလောက် နည်းပါတယ်။ အမှားတို့၊ ဖျက်ရာတို့ဆိုရင် လုံးဝကို မကြိုက်ပါဘူး။ ၃ တန်းလောက်မှာ အပြင်စာတွေဖတ်ပြီး ဗလာစာအုပ်ထဲ ကူးရေးတဲ့ဝါသနာ ရလာတော့ ဗလာစာအုပ် အဖုံးလှလှလေးတွေ၊ စာရွက်သား ဖြူဖြူလေးတွေမှာ ဝိုင်းနေအောင် သပ်သပ်ရပ်ရပ်ရေးရတာ အရမ်းပဲကြိုက်ပါတယ်။ အမှားကို ဘယ်လောက်တောင် မကြိုက်လဲဆို တချို့အရမ်းလှတဲ့ စာအုပ်တွေမှာ ရေးလို့ မှားသွားရင် စာရွက်ကို ဖြဲပြီး အသစ်ပြန်ရေးတဲ့အထိပါပဲ။ ကြီးလာတော့လည်း အဲ့ဒီအလေ့အကျင့်လေးက မသိမသာနဲ့ ကြီးထွားလာတာ အမှားလုပ်မှာကို အရမ်းကြောက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ အမှားလုပ်ရင် လူတွေက ရှုံ့ချမှာကြောက်တာ၊ အဖေအမေဆူမှာကြောက်တာ၊ သူငယ်ချင်းမရှိတော့မှာကြောက်တာတွေကြောင့် ဘာမှ မလုပ်ရဲ၊ မကိုင်ရဲ၊ မလုပ်တတ်၊ …

“အမှားများတဲ့ စာမျက်နှာတွေ” Read More »

Brand You Academy

“တာ၀န်ယူတတ်တဲ့စိတ်”

လူတစ်ယောက်ကို Drive လုပ်နေတဲ့အရာဆို အကြမ်းအားဖြင့် နှစ်မျိုးရှိမယ်။ ဖြစ်ချင်စိတ် (Desire) နဲ့ ကြောက်စိတ် (Fear) ။ အိမ်ထောင်သည်တွေကတော့ ကိုယ့်သား၊ ကိုယ့်သမီးကို ကျောင်းကောင်းကောင်း မထားနိုင်မှာ ကြောက်တယ်၊ သူတို့အတွက် အစစအရာရာ ပြည့်စုံအောင်၊ သူများထက် မနိမ့်အောင် ထားပေးချင်ကြတယ်။ အဲ့လိုပဲ လူလွတ်တွေမှာလည်း ကိုယ်စီကိုယ်စီ တွန်းအားတွေ ရှိတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ နမူနာပေးရရင် ကျွန်တော် ဘာလို့ အလုပ်တွေ လုပ်နေလဲဆိုရင် ကျွန်တော့်မိဘအတွက် အလုပ်လုပ်တာ။ ကျွန်တော်တို့တုန်းက သူတို့ လိုလေသေးမရှိ ထားခဲ့သလို၊ သူတို့ အရွယ်ရလာတဲ့အခါမှာလည်း ခြိုးခြံချွေတာနေရတာမျိုး မဖြစ်စေချင်ဘူး။ သူတို့ ကျန်းမာရေး မကောင်းလို့ ဆေးကုမပေးနိုင်မှာမျိုး ကျွန်တော်ကြောက်တယ်။လူမှုပတ်၀န်းကျင်အတွက်လည်း တခုခုလေး အကျိုးပြုနေသူ ဖြစ်ချင်တယ်။ အသိပညာ ဝေမျှပေးသူ ဖြစ်ချင်တယ်။ …

“တာ၀န်ယူတတ်တဲ့စိတ်” Read More »

running, sport, race

“ဖြတ်ခဲ့ဖူးတဲ့ ခရီးမိုင်တွေအတွက် ဂုဏ်ယူပါ”

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က Brand You Academy က သင်တန်းသားဟောင်းတွေအတွက် သီးသန့် Webinar လေး လုပ်ဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်က Building your resilience ကိုယ့်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာပါ။ အထူးသဖြင့် ခုလိုအချိန်အခါမှာ တော်တော်များများရဲ့ စိတ်တွေလည်း ထိခိုက်နေချိန်မို့ အဲဒီခေါင်းစဉ်လေး ရွေးဖြစ်ခဲ့တယ်။စစချင်း သူတို့ကို မေးပါတယ်။ ကိုယ့်ဘဝမှာ ကျော်ဖြတ်ခဲ့ဖူးတဲ့ အခက်အခဲတွေကို ပြောပြချင်တာရှိရင် အားလုံးသိအောင်၊ အားတက်ရအောင် မျှဝေပေးပါ ဆိုတော့ ၃ ယောက်လောက် ပြောကြပါတယ်။ အဲဒီထဲမှာ အားလုံးကို အံ့အားသင့်သွားစေသူတစ်ယောက် ပါပါတယ်။ အဲဒီညီမလေးက ချင်းလူမျိုးပါ။ နာမည်လည်း မမှတ်မိသလို၊ ကင်မရာ ပိတ်ထားလို့ သူ့ကိုလည်း မမြင်လိုက်ရပါဘူး။ ဒါပေမဲ့ သူ့အသံနဲ့ သူ ပြောသွားတာတွေကို ခုထိ …

“ဖြတ်ခဲ့ဖူးတဲ့ ခရီးမိုင်တွေအတွက် ဂုဏ်ယူပါ” Read More »

Brand You Academy

“What you focus on Expands”

ကိုယ်အာရုံစူးစိုက်ထားတဲ့ အရာက ဆပွားလာတယ် လို့ဆိုပါတယ်။ လူက အရာတိုင်း၊ အဖြစ်အပျက်တိုင်းကို အတူတူသဘောမထားပါဘူး။ တချို့အရာတွေကို သာမာန်ပဲ တွေးပြီး တချို့အရာတွေကိုကျ စိတ်ထဲမှာ အလေးပိုပေးလေ့ရှိပါတယ်။ ကိုယ့်စိတ်က ဘာတွေကို Focus ထားနေတာလဲ၊ ကိုယ့်ရဲ့ အင်အားတွေကို ဘယ်နေရာမှာ ပိုသုံးနေတာလဲဆိုတာ သုံးသပ်ကြည့်စေချင်ပါတယ်။စိတ်ညစ်စရာတွေချည်း စဉ်းစားနေရင် စိတ်ညစ်စရာတွေပဲ ထပ်တွေ့မယ်..မကျေနပ်တာတွေချည်း ထိုင်တွေးနေရင် မကျေနပ်စရာတွေ ဆပွားလာမယ်.. * အလုပ်မှာ Focus ထားရင် အလုပ်အောင်မြင်မယ်။ * သားသမီးကို Focus ထားရင် ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပြုစုပျိုးထောင်မှုရမယ်။ *ကျန်းမာရေးကို ဂရုစိုက်ရင် ကျန်းမာလာမယ်။ အဲဒီလိုပဲ… *စိတ်ညစ်စရာတွေကိုချည်း ထိုင်စဉ်းစားနေမယ်ဆိုရင် ပိုညစ်လာမယ်။ *ရှုံးနိမ့်ခဲ့တဲ့အရာတွေကိုချည်း တွေးနေမယ်ဆိုရင် အောင်မြင်အောင်လုပ်နိုင်မဲ့ အခွင့်အလမ်းတွေကို မြင်ဖို့ ခဲယဉ်းပါတယ်။ ကိုယ့်စိတ်အင်အားကို …

“What you focus on Expands” Read More »

people, women, talking

ပျော်ရွှင်မှု၊ Relationship နှင့် ပုံရိပ် ၄ ခု”

ပျော်ရွှင်ပါစေ ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားသလိုပါပဲ။ ပျော်နေတဲ့သူဟာ Relationship (RS) တွေ အဆင်ပြေဖို့ လွယ်သလို၊ RS အဆင်ပြေနေတဲ့သူဟာလည်း ပိုပြီး ပျော်ရွှင်ရတတ်ပါတယ်။ ဒီနေရာမှာ RS ဆိုတာ သမီးရည်းစားကိုပဲ ပြောတာ မဟုတ်ပါဘူး။ မိဘနဲ့ သားသမီး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်ထောင်ရေး၊ အိမ်နီးနားချင်း စသဖြင့် ပါပါတယ်။ ဒီနေ့ခေတ်လို ဆိုရှယ်မီဒီယာ ထွန်းကားလာတဲ့ ခေတ်မှာ ဆက်သွယ်ရေးတွေ ပိုအဆင်ပြေလာပါတယ်။ ဝေးကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်ဆုံရတယ်။ နိုင်ငံရပ်ခြားက ဆွေမျိုးတွေနဲ့လည်း အဆက်အသွယ် မပြတ်တော့ဘူး။ သို့သော်လည်း ကျွန်တော်တို့ရဲ့ ဆက်ဆံရေးတွေအပေါ်မှာတော့ ထိခိုက်မှုတွေ ရှိလာတယ်။ဆိုရှယ်မီဒီယာကြောင့် လူချင်းထိတွေ့ ပြောဆိုဆက်ဆံတာတွေ နည်းလာတယ်။ စားသောက်ဆိုင်တွေမှာဆို ဖုန်းကြည့်ရင်းပဲ စကားပြောကြတော့တာ။ ဟိုးနိုင်ငံခြားက မိတ်ဆွေနဲ့သာ Messenger …

ပျော်ရွှင်မှု၊ Relationship နှင့် ပုံရိပ် ၄ ခု” Read More »