fbpx

Personal Development

“ခေတ်သစ်ရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့”

ဒီနေ့ခေတ်ရဲ့ သရုပ်သကန်တစ်ခုကို ပြောပါဆိုရင် ‘Hyper-competition’ ယှဉ်ပြိုင်မှု များလာတာပဲ။ အရင်ခေတ်ကဆို အခွင့်အလမ်းက နည်းတော့ ဖြစ်မြောက်လာတဲ့သူလည်း နည်းတယ်။ အောင်မြင်လာရင်လည်း ကြာကြာခံတယ်။ ဒီနေ့ခေတ်ကျ အခွင့်အလမ်းတွေက များလာတယ်။ ဒီတော့ ယှဉ်ပြိုင်ရတာလည်း များလာတယ်။ အောင်မြင်ပြီးရင်လည်း အမြဲမပြတ် ကြိုးစားနေရတယ်။ဒီခေတ်မှာ နည်းပညာတွေကလည်း တအားတိုးတက်လာတယ်။ ဘယ်လောက်ထိတောင်လဲဆို လူတွေရဲ့ တချို့အလုပ်အကိုင်တွေ ရှိချင်မှရှိတော့မယ် ဆိုတာမျိုးတောင် ပြောလာကြတယ်။ ဥပမာ Self-driving car တွေ ပေါ်လာတော့မယ်။ Artificial intelligence ဆိုတာတွေ သိပ်ခေတ်စားလာတယ်။ အဲဒါ ဘာလဲ မြင်သာအောင် ပြောရရင် ဖေ့စ်ဘွတ်သုံးတဲ့အခါ ကျွန်တော်တို့ မြင်နေရတဲ့ ကြော်ငြာတွေသည် တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကျွန်တော်နေတဲ့ဒေသ၊ ကျွန်တော့်စိတ်၀င်စားမှု၊ ကျွန်တော် ဘာတွေကို ရှာလေ့ရှိ၊ ရှယ်လေ့ရှိသလဲ၊ …

“ခေတ်သစ်ရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့” Read More »

Brand You Academy

“ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု”

နေ့စဉ်နဲ့အမျှတော့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ရှေ့ဆက်နေရတယ်။ အချိန်တွေကို ရပ်တန့်လို့ မရသလို ဘဝကိုလည်း ခဏရွှေ့ဆိုင်းထားလို့ မရဘူး။ သို့သော်လည်း အချိန်တွေကသာ ရှေ့ကို သွားနေတာ ကိုယ့်ဘဝက တစ်နေရာရာမှာ ကျန်နေခဲ့တဲ့သူတွေ အများကြီးပါ။ အဲ့လိုလူတွေအတွက် အကြံပြုချက် ၁၀ ခုကို ပြောပြပေးချင်ပါတယ်။၁။ တခြားသူတွေရဲ့ အတွေးအမြင်ကို ကိုယ့်ဘဝအပေါ် လွှမ်းမိုးခွင့် ပေးထားခြင်းဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုတာ မကောင်းသလို၊ သူများ ဘယ်လိုထင်မလဲလို့ အမြဲတမ်း ထည့်စဉ်းစားနေတာကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ လောကမှာ လူတိုင်း ၁၀၀ % ထောက်ခံတာ ခံရသူရယ်လို့ ဘယ်သူမှ မရှိဘူး။ မကြိုက်တဲ့သူ ရှိတယ်။ မုန်းတဲ့သူတောင် ရှိမယ်။ ဒါကို အရှိအရှိအတိုင်း လက်ခံပြီး ကိုယ်လုပ်သင့်တာ …

“ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု” Read More »

Brand You Academy

“ပျော်ရွှင်မှုရဲ့ သော့ချက်”

လူတိုင်းကတော့ ပျော်ရွှင်ချင်ကြတာပါပဲ။ စိတ်ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း မလုပ်သင့်တာတွေကို လုပ်မိသူတွေရှိသလို ခဏတာပျော်ရွှင်မှုနဲ့ ဘဝတစ်ခုလုံးနဲ့ လဲလိုက်ရသူတွေလည်းရှိပါတယ်။ တချို့ကျပြန်တော့လည်း အားကျစရာကောင်းလောက်အောင်ကို ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ တွေ့ရပါတယ်။ Mikael Krogerus နဲ့ Roman Tschappeler တို့ရေးတဲ့ The Decision Book: Fifty models for strategic thinking ဆိုတာလေးထဲမှာပျော်ရွှင်မှုနဲ့ ပတ်သက်လို့ ဖတ်မိတာလေးတစ်ခု မျှဝေချင်ပါတယ်။ အဲဒီစာအုပ်က ဆုံးဖြတ်ချက်ချရခက်နေသူတွေ၊ ကိုယ့်ကိုယ်ကိုယ်နားလည်ချင်သူတွေ၊ တိုးတက်ချင်သူတွေ၊ သူများကို ပိုပြီးနားလည်ချင်ပါတယ် ဆိုသူတွေအတွက် workbook သဘောမျိုး model လေးတွေကို ပုံလေးတွေနဲ့ သီအိုရီလေးတွေ ပေးထားတာပါ။ ပေးထားတဲ့ model ထဲမှာ ထည့်ရေးကြည့်ပါ စသဖြင့် လေ့ကျင့်ခန်းသဘောမျိုးလေးတွေ ပါဝင်ပါတယ်။ အဲဒီမှာ “What makes you …

“ပျော်ရွှင်မှုရဲ့ သော့ချက်” Read More »

Brand You Academy

“Screen time လျှော့ဖို့ နည်းလမ်းကောင်း ၁၀ ခု”

ခုခေတ်လို နည်းပညာ သိပ်တိုးတက်လာတဲ့ ခေတ်ထဲမှာ အရာရာ လွယ်ကူလာပါတယ်။ တစ်ဖက်ကလည်း Screen time ဆိုတဲ့၊ မျက်နှာပြင်ကို ကြည့်တဲ့အချိန်က ဘယ်တုန်းကမှနဲ့ မတူအောင် သိသိသာသာ များလာတယ်။ တော်တော်များများရဲ့ လုပ်ဆောင်စရာ စာရင်းမှာဖြစ်ဖြစ်၊ တိုးတက်ဖို့ လိုအပ်ချက်အနေနဲ့ပဲဖြစ်ဖြစ် အဲဒီ Screen time ကို လျှော့ချဖို့ဟာ ပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီအတွက် Screen time လျှော့ချဖို့ အကြံပြုချက်တချို့ကို ဝေမျှလိုပါတယ်။ ၁။ မှတ်တမ်းတင်ထားပေးတဲ့ Application တွေ သုံးပါ။ ကိုယ်တစ်နေ့တစ်နေ့ အချိန်ဘယ်လောက် ကြည့်တယ်ဆိုတာကို မှတ်တမ်းတင်ထားပေးတဲ့ Application တွေ ပေါ်နေပါပြီ။ အဲဒါလေးတွေ သုံးကြည့်ပါ။ ဒါဆို မသိလိုက် မသိဘာသာနဲ့ တစ်နေ့ တစ်နေ့ ကိုယ့်အချိန်တွေထဲက ဘယ်လောက်ကို …

“Screen time လျှော့ဖို့ နည်းလမ်းကောင်း ၁၀ ခု” Read More »

Brand You Academy

နှစ်ဝက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ မေးခွန်း ၁၁ ခု”

ခုဆို နှစ်တစ်နှစ်ရဲ့ တစ်ဝက်တိတိ ဖြစ်တဲ့ ၆ လတာ ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စက ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်မယ်လို့ စဉ်းစားထားတာတွေ ဘယ်နှခု ပြီးပြီလဲ။ ဘယ်နှခု ကျန်သေးလဲ။ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ အရင့်အရင်နှစ်တွေနဲ့ မတူတာက ဒီနှစ်မှာ COVID-19 ဖြစ်လိုက်တာပါပဲ။ စီစဉ်ထားတာတွေ ပျက်ကုန်တယ်။ အလုပ်အကိုင်တွေ၊ စဉ်းစားပုံတွေ ပြောင်းကုန်တယ်။ အခြေအနေသစ်နဲ့ အံဝင်အောင် ပြောင်းလဲယူရတယ်။ ဒါကြောင့်မို့ နှစ်စက စဉ်းစားထားတဲ့အတိုင်း ဖြစ်မလာတာတွေ ရှိရင်လည်း စိတ်ပျက်မသွားဘဲ အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ကိုသာ စဉ်းစားစေချင်တယ်။ ဒီတော့ ခုလို နှစ်ဝက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးကြည့်ပါ။ ၁။ နောက် ၆ လအတွက် ငါ ဘာတွေ လုပ်မလဲ။ နောင်အနာဂတ်အတွက်ရော …

နှစ်ဝက်ကာလမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ မေးခွန်း ၁၁ ခု” Read More »

Brand You Academy

Analysis Paralysis & Optimal Stopping Rule

ဒီမနက် Tai Lopez ရဲ့ ဗီဒီယိုလေးတစ်ခုကြည့်ပြီး တွေးမိတာလေး မျှဝေချင်ပါတယ်။ လူတိုင်းက ရလဒ်ရချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် များသောအားဖြင့် တစ်ခုခုလုပ်မယ်လို့ကြံရင် အချိန်ဆွဲတတ်ကြလေ့ရှိပါတယ်။ ပျင်းလို့၊ နေ့ရွှေ့ညရွှေ့လုပ်ကြတဲ့သူတွေရှိသလို တချို့ကကျတော့ ပျင်းလို့မဟုတ်ဘဲ သေချာမှ ထ လုပ်ချင်တဲ့ အလေ့အထရှိကြပါတယ်။ အစစအရာရာ သေချာ စဉ်းစား သုံးသပ်၊ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ အမျိုးမျိုးဝေဖန် ချိန်ဆ လွန်းတဲ့အခါ အခွင့်အရေးတွေ လက်လွှတ်ရတတ်ပါတယ်။ Analysis paralysis လို့ခေါ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာ လေ့လာလွန်းအားကြီးပြီး တုံ့ဆိုင်းသွားတာ၊ ဘာမှ မလုပ်ဖြစ်တာကိုခေါ်တာပါ။ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ကို ဘာမှ မစဉ်းစား၊ မသုံးသပ်ဘဲ ကံကိုယုံ ဆူးပုံနင်းတာက ကျရှုံးဖို့ လမ်းများမှန်း လူတိုင်းသိပါတယ်။ တဖက်မှာ Analysis လုပ်လွန်းရင်လည်း Paralysis ဖြစ်ပြီး …

Analysis Paralysis & Optimal Stopping Rule Read More »

ကြိုတင်ပြင်ဆင်ခြင်း ၃ မျိုး - Brand You Academy

ကြိုတင်ပြင်ဆင်ခြင်း ၃ မျိုး

ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အထရှိခြင်းက ကောင်းပါတယ်။ပုံစံတစ်မျိုးတည်း၊ ဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုတည်းအတွက် ပြင်ဆင်ထားတာက မကောင်းပါဘူး။​ကျွန်မက ကိစ္စတစ်ခုခုကို ကြိုတင်ပြင်ဆင်တဲ့အခါ အမြဲ ၃ မျိုး စဉ်းစားလေ့ရှိပါတယ်။ ၁။ Best Case Scenarioအရာရာတိုင်း ကိုယ်ဖြစ်စေချင်သလို ဖြစ်လာတဲ့အခါ ဘာလုပ်မလဲ။မနက်မိုးလင်း နှိုးစက်မြည်တာနဲ့ နိုးတယ်။ လေ့ကျင့်ခန်း လုပ်မယ်လို့ စဉ်းစားထားတာ လုပ်ဖြစ်တယ်။ ကလေးက မနှောက်ယှက်ဘူး။ အလုပ်မှာ ဝန်ထမ်းတွေက ကိုယ်ပြောသမျှ၊ ကိုယ်မျှော်လင့်သလို အားလုံးလုပ်တယ်။ စသဖြင့်ပေါ့။ အစစအရာရာ အဆင်ပြေမယ်ဆိုရင် ဘာလုပ်မှာလဲ။ ၂။ Worst Case Scenarioအရာရာတိုင်း လွဲချော်တဲ့အခါ ဘာလုပ်မလဲ။မိုးလင်းထဲက တစ်ခုမှ အဆင်မပြေဘူး။ လုပ်မယ်လို့ ကြံစည်ထားတာတွေ မလုပ်ဖြစ်ဘူး။ ဆက်ဆံရေးတွေ မျှော်လင့်သလို အဆင်မပြေဘူး။ တွေးထား၊ ကြံစည်ထားတာတွေ တစ်ခုမှ ဖြစ်မလာဘူး။ …

ကြိုတင်ပြင်ဆင်ခြင်း ၃ မျိုး Read More »

New Normal - Brand You

New Normal အတွက် ပြင်ဆင်ရမဲ့ အချက် ၅ ချက်

ခုချိန်မှာ တော်တော်များများနဲ့လည်း ရင်းနှီးနေလောက်ပြီ ဖြစ်တဲ့ စကားလုံးပါ။ New Normal တဲ့။ သာမန်အခြေအနေ အသစ်လို့ မြန်မာပြန်ရမယ် ထင်ပါတယ်။ ဆိုလိုတာက အခု ပြောပြောနေကြသလို ဒီကပ်ကြီး ပြီးသွားရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပေမဲ့ ဒီပြဿနာက ဘယ်တော့ ပြီးမယ်လည်း မသိဘူး။ ခုကိုပဲ အပြင်ပြန်ထွက်၊ အလုပ်လုပ်နေကြရပြီ။ ဒီတော့ အပြတ်ရှင်းသွားမှ ဆိုတာမျိုးထက် ဖြစ်နေဆဲမှာကိုပဲ ကိုယ့်ကို မကူးအောင်၊ သူများဆီလည်း ဖြန့်လိုက်သလို မဖြစ်အောင်၊ အလုပ်လည်း လုပ်နိုင်၊ ပိုက်ဆံလည်း ရှာနိုင်အောင် စဉ်းစားရတော့မယ့် အခြေအနေ ဖြစ်သွားပြီ။ ကွဲသွားတဲ့ အသည်းလို၊ ပျက်စီးသွားတဲ့ ယုံကြည်မှုလို၊ မှားခဲ့ဖူးတဲ့ အတိတ်လို ဘယ်လိုနည်းနဲ့မှ အရင်လို အခြေအနေမျိုး ပြန်မဖြစ်နိုင်တော့ဘူး။ လာမဲ့ အခြေအနေသည် …

New Normal အတွက် ပြင်ဆင်ရမဲ့ အချက် ၅ ချက် Read More »

အသက်ကြီးလာတဲ့အခါ - Brand You Academy Myanmar

အသက်ကြီးလာတဲ့အခါ

Personal development သင်တန်းတွေအကြာကြီးတူတူ တက်ခဲ့တဲ့ မတွေ့ရတာကြာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဒီနေ့တွေ့ဖြစ်ပါတယ်။ သူလဲ business တွေအများကြီးလုပ်နေတဲ့ entrepreneur တစ်ယောက်မို့ ဟိုပြောဒီပြောနဲ့ ပြောနေရင်း ကျွန်မက ပြောမိပါတယ်။ အခုနောက်ပိုင်း မိတ်ဆွေကောင်းတွေရဲ့ တန်ဖိုးကိုပိုသိလာတယ်.. သူငယ်ချင်းအများကြီး မလိုချင်ဘူး၊ နာမည်လည်း မကြီးချင်ဘူး၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေ၊ contribution တွေလုပ်ရင်း မိတ်ဆွေနည်းနည်းနဲ့ ဘဝကို အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းချင်တယ်လို့…သူကတစ်ခွန်းပဲပြောရှာပါတယ်.. မထက်ရည် အသက်ကြီးနေပြီ…တဲ့ တကယ်ပါ.. အသက်ကြီးလာလေလေ.. ဘယ်ဟာက အဓိက ဘယ်ဟာက သာမညဆိုတာ ပိုသိလာတယ်။ ဘဝမှာ မသေခင် ငါ ဒါတွေလုပ်သွားချင်တာဆိုပြီး ပြတ်ပြတ်သားသား သိလာတယ်။ အရေးမပါတာတွေ၊ ကိုယ့်ရဲ့ vision နဲ့ မဆိုင်တာတွေဆိုရင် အားမနာတမ်းငြင်းတတ်လာတယ်။ အချိန်မဖြုန်းတော့ဘူး.. အချိန်နည်းလာတယ် ခံစားရလို့။ ခွင့်လွှတ်တတ်လာတယ်။ ခရီးတွေ သွားချင်လာတယ်။ ကိုယ်ခန္ဓာကို ပိုပြီးဂရုတစိုက် စားသောက်နေထိုင်တတ်လာတယ်။ အမြင်မတူတဲ့လူတွေကို …

အသက်ကြီးလာတဲ့အခါ Read More »