fbpx

Time Management

Brand You Academy

“What you focus on Expands”

ကိုယ်အာရုံစူးစိုက်ထားတဲ့ အရာက ဆပွားလာတယ် လို့ဆိုပါတယ်။ လူက အရာတိုင်း၊ အဖြစ်အပျက်တိုင်းကို အတူတူသဘောမထားပါဘူး။ တချို့အရာတွေကို သာမာန်ပဲ တွေးပြီး တချို့အရာတွေကိုကျ စိတ်ထဲမှာ အလေးပိုပေးလေ့ရှိပါတယ်။ ကိုယ့်စိတ်က ဘာတွေကို Focus ထားနေတာလဲ၊ ကိုယ့်ရဲ့ အင်အားတွေကို ဘယ်နေရာမှာ ပိုသုံးနေတာလဲဆိုတာ သုံးသပ်ကြည့်စေချင်ပါတယ်။စိတ်ညစ်စရာတွေချည်း စဉ်းစားနေရင် စိတ်ညစ်စရာတွေပဲ ထပ်တွေ့မယ်..မကျေနပ်တာတွေချည်း ထိုင်တွေးနေရင် မကျေနပ်စရာတွေ ဆပွားလာမယ်.. * အလုပ်မှာ Focus ထားရင် အလုပ်အောင်မြင်မယ်။ * သားသမီးကို Focus ထားရင် ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပြုစုပျိုးထောင်မှုရမယ်။ *ကျန်းမာရေးကို ဂရုစိုက်ရင် ကျန်းမာလာမယ်။ အဲဒီလိုပဲ… *စိတ်ညစ်စရာတွေကိုချည်း ထိုင်စဉ်းစားနေမယ်ဆိုရင် ပိုညစ်လာမယ်။ *ရှုံးနိမ့်ခဲ့တဲ့အရာတွေကိုချည်း တွေးနေမယ်ဆိုရင် အောင်မြင်အောင်လုပ်နိုင်မဲ့ အခွင့်အလမ်းတွေကို မြင်ဖို့ ခဲယဉ်းပါတယ်။ ကိုယ့်စိတ်အင်အားကို …

“What you focus on Expands” Read More »

Brand You Academy

“ကြိုတင်ပြင်ဆင်တတ်ခြင်း”

ကြိုတင်ပြင်ဆင်ခြင်းကကောင်းတယ်၊ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာ သိကြပေမဲ့ နေ့ရွှေ့ညရွှေ့လုပ်တတ်ကြပါတယ်။ ကြိုတင်ပြင်ဆင်ပြီး စိတ်အေးအေးနဲ့ လုပ်ရတာ အလွန်ကြိုက်တဲ့ ကျွန်မတောင် တခါတလေ ပျင်းလို့ မသိချင်ယောင်ဆောင်ပြီး ကပ်မှလုပ်တိုင်းမှာ နည်းနည်းဖြစ်ဖြစ် စိုးရိမ်ပူပန်ရတတ်ပါတယ်။ ကြိုတင်ပြင်ဆင်လိုက်လို့ အရာအားလုံး အဆင်ပြေပြေဖြစ်လာချင်မှ ဖြစ်လာမှာပါ။ မထင်မှတ်တဲ့အရာတွေလည်း ဖြစ်လာနိုင်တယ်ဆိုပေမဲ့ ကြိုတင်ပြင်ဆင်ထားခြင်းက အတိုင်းအတာတစ်ခုထိ စိတ်အေးစေတယ်။ မထင်မှတ်တဲ့ အဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။ “ဘာကြောင့် အချိန်ဆွဲတတ်ကြတာလဲ” ကြိုတင်ပြင်ဆင်ခြင်းရဲ့ ကောင်းကျိုးကို သိကြပေမဲ့ များသောအားဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ အဓိကက ကပ်မှလုပ်တဲ့အခါ ထွက်လာတဲ့ တက်ကြွမှုနဲ့ rush feeling ကို ကြိုက်တာပါ။ တစ်ခါတစ်လေ သင်တန်းတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ တစ်ပတ်လောက် ကြိုလုပ်ရင် ခေါင်းထဲက သိပ်မထွက်သလို၊ နှေးသလို ခံစားရပြီး အနီးကပ်မှ နေ့မအိပ် ညမအိပ်လုပ်တဲ့အခါ …

“ကြိုတင်ပြင်ဆင်တတ်ခြင်း” Read More »

remote, work, office

“အိမ်မှာနေရင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ”

တကယ်တော့ ကျွန်တော်တို့ဟာ ရုံးကို လာလုပ်မှ၊ ရုံးမှာ ရှိနေမှ၊ ရုံးတက်ချိန် ဆင်းချိန်မှန်မှ ဆိုတဲ့ Working hours (အလုပ်ချိန်တွေ) ကိုသာ ဦးစားပေးခဲ့ကြတာ ကြာပါပြီ။ တကယ်တမ်း အလုပ်ဘယ်လောက်ပြီးသလဲ ဆိုတာကိုတော့ ထည့်မစဉ်းစားမိကြဘူး။ ရုံးမှာ အလုပ်တွေ ပြီးသွားလည်း ရုံးဆင်းချိန် မရောက်မချင်း ထိုင်နေရတာမျိုးတွေ ရှိတယ်။ ကိုယ်က ရုံးကို ၁၅ မိနစ်လောက် နောက်ကျလို့ အဲဒီနေ့အတွက် ဒဏ်ကြေး ပေးရပေမဲ့ စောရောက်နေတဲ့သူကလည်း ရုံးအလုပ် လုပ်နေတာ မဟုတ်ဘဲ အဲ့ဒီ ၁၅ မိနစ်ကို ဖုန်းသုံးနေတာ၊ မနက်စာ စားနေတာမျိုးတွေ ရှိတယ်။ ဆိုတော့ ရုံးမှာ ရှိနေတယ် ဆိုတိုင်းလည်း အလုပ်ပြီးတာ မဟုတ်သလို တချို့အလုပ်တွေက ရုံးလာမှလည်း လုပ်လို့ ရတာ …

“အိမ်မှာနေရင်း အလုပ်ပြီးအောင် ဘယ်လိုလုပ်မလဲ” Read More »

မိတ်ဆွေအပေါင်းအသင်းအတွက် အချိန်ပေးပါ - Brand You Academy

မိတ်ဆွေအပေါင်းအသင်းအတွက် အချိန်ပေးပါ

မိတ်ဆွေ၊ သူငယ်ချင်း ရှိလား… လို့ အတန်းထဲမှာမေးရင် ရီကြပါတယ်။ ရှိတာပေါ့.. မထက်ရည်ကလည်း လို့ပြောကြလေ့ရှိတယ်။ဒါဆို.. ကိုယ့်မှာလက်ရှိ ရှိနေတဲ့ ရာထူး၊ နေရာ၊ ပစ္စည်းဥစ္စာ၊ အဆင့်အတန်းတွေ တစ်ခုခုကြောင့် လုံးဝမရှိတော့ရင် ကိုယ့်ကို ဒီနေ့လိုပဲ ဆက်ပေါင်းမယ့် မိတ်ဆွေ၊ သူငယ်ချင်းရော? ရှိလား လို့မေးရင် ငိုင်သွားကြလေ့ရှိပါတယ်။ တချို့ကလည်း..- အလုပ်များလွန်းလို့ အလုပ်အတွက်ပဲ မိတ်ဆွေတွေကို အချိန်ပေးဖြစ်တော့တယ်။ အလုပ်ကိစ္စမရှိရင် မတွေ့ဖြစ်တော့ဘူး။- သူငယ်ချင်းတွေကို အချိန်မပေးဖြစ်တာကြာပြီ။- ကလေးထိန်းနေရတော့ ကလေးကိစ္စနဲ့ပဲ အချိန်ကုန်နေတာ။- အလုပ်လည်းလုပ်၊ လူမှုရေးတွေလည်း မသွားမဖြစ် သွားနေရတော့ အားချိန်တောင်မရှိပါဘူး။စသည်ဖြင့် အများကြီးပြောကြပါတယ်..ကျွန်မဘဝမှာ ဒုက္ခခဏခဏ ရောက်ဖူးပါတယ်။ ဘာလုပ်ရမှန်းမသိတာ.. ပိုက်ဆံတပြားမှမရှိတာ.. လမ်းပျောက်တာ.. စိတ်ဓါတ်ကျတာ.. အမြင့်ကြီးရောက်နေရာကနေ နေ့ချင်းညချင်း အနိမ့်ဆုံးကို ရိုက်ချခံရတာ.. အများကြီးကြုံဖူးပါတယ်။ တစ်ခုကံကောင်းတာက …

မိတ်ဆွေအပေါင်းအသင်းအတွက် အချိန်ပေးပါ Read More »

ခဏလေးနားလိုက်ပါ - Brand You

ခဏလေးနားလိုက်ပါ

ကျွန်မတို့ခဏခဏညည်းဖြစ်ကြတယ်.. အလုပ်တွေကလည်း များလိုက်တာ.. ဘယ်လောက်လုပ်လုပ် မပြီးနိုင်ဘူး.. ဘယ်တော့များမှ နားရပါ့မလဲ? အဲဒီလိုပဲပြောရင်း.. ညည်းညူရင်းနဲ့ ကျောင်းတက်၊ အလုပ်လုပ်၊ မိသားစုအတွက် ငွေရှာ၊ သူများနဲ့လူတန်းစေ့နေနိုင်အောင်ကြိုးစား… ဘွဲ့တွေယူ.. ဒီလိုနဲ့ပဲ အသက်တွေကြီးလာပြီး နားတယ်ဆိုတာ ဘာမှန်းမသိခင် အချိန်တွေကုန်သွားကြတယ်… ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရင်းတောင် Stress တွေများပြီး ညည်းညူနေတဲ့လူတွေတွေ့ဖူးပါတယ်။ ဘယ်လောက်ပဲ အလုပ်အပေါ် Passion ရှိရှိ.. အလုပ်ပြီးရင် အလုပ်ချည်း စဉ်းစားနေရတဲ့လူက ကြာတော့ ပျင်းလာတာပါပဲ။ ဖုန်းတစ်လုံးတောင် charging မသွင်းဘဲ အကြာကြီးသုံးလို့မရပါဘူး.. လူ့ခန္တာကိုယ်ကြီးကို အစာကျွေးဖို့ မမေ့ကြပေမယ့် စိတ်နဲ့ နှလုံးသားကို အစာကျွေးဖို့ မေ့နေတတ်ကြပါတယ်… ဖုန်းတစ်လုံး capacity မရှိဘဲ အလုပ်လုပ်နေသလိုပါပဲ.. ပျော်ရွှင်မှုမရှိ၊ ငြီးစီစီနဲ့ ဘယ်လိုမှ ပြည့်ပြည့်ဝဝ အလုပ်မလုပ်နိုင်ပါဘူး.. …

ခဏလေးနားလိုက်ပါ Read More »

Distractions (သို့မဟုတ်) အလုပ်စားပွဲမှာ တနေကုန်ထိုင်ပြီး အလုပ်မပြီးခြင်းအနုပညာ - Brand You Academy

Distractions (သို့မဟုတ်) အလုပ်စားပွဲမှာ တနေကုန်ထိုင်ပြီး အလုပ်မပြီးခြင်းအနုပညာ

အလုပ်စားပွဲမှာ ထိုင်လိုက်ပြီဆိုတာနဲ့ ကိုယ်လုပ်မယ်လို့မှန်းထားတဲ့ အလုပ်ကို ပြီးအောင်လုပ်နိုင်တဲ့သူ ရှားပါတယ်။ ဖုန်းဝင်လာလို့ ပြောလိုက်တာ၊ Facebook လေး ခဏဆိုပြီး ပွတ်လိုက်မိတာ၊ ဘေးစားပွဲက သူငယ်ချင်းက စကားလှမ်းပြောတာ၊ လှမ်းမေးလို့ ဖြေလိုက်မိတာ၊ ဝန်ထမ်းက မေးစရာရှိတာတွေ၊ လက်မှတ်ထိုးစရာတွေ တထပ်ကြီးနဲ့ရောက်လာတာ၊ အချိန် သုံးလေးနာရီသာကုန်သွားရော ဘာမှမလုပ်လိုက်ရဘူးဆိုတာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ ကျွန်မအသိ လုပ်ငန်းရှင်အစ်ကိုတစ်ယောက်က ပြောဖူးပါတယ်။ သူ့မှာ ရုံး ၂ ထပ် (2 floors) ရှိတယ်။ ဝန်ထမ်းပေါင်း ၈၀ ကျော်ကို ချောင်ချောင်ချိချိထားနိုင်လောက်အောင်ကို ကျယ်တယ်။ အလုပ်လုပ်ဖို့ facilities တွေရှိတယ်။ ဒါပေမယ့် တကယ်အလုပ်လုပ်ရမယ့်နေ့တွေဆို တနေကုန် ကော်ဖီဆိုင်တဆိုင်ဆိုင်မှာ ထိုင်အလုပ်လုပ်မှ အလုပ်ပြီးပါသတဲ့.. သူ့ခမျာ သနားစရာ.. သူပေးထားတဲ့ facilities တွေကို ကိုယ်တိုင်မသုံးရတဲ့ဘဝ။ …

Distractions (သို့မဟုတ်) အလုပ်စားပွဲမှာ တနေကုန်ထိုင်ပြီး အလုပ်မပြီးခြင်းအနုပညာ Read More »

အချိန်ဆွဲတတ်တဲ့သူတွေ ဖတ်ဖို့

စာသင်ခန်းထဲမှာ အမြဲပြောကြပါတယ်။ ကျွန်တော်၊ ကျွန်မက ဘာဖြစ်ချင်တယ်ဆိုတာကိုလည်း သိတယ်။ ဘာလုပ်ရမယ်ဆိုတာကိုလည်းသိတယ်။ ဒါပေမယ့်လည်း မလုပ်ဖြစ်ဘူး၊ ဘယ်လို စတင်ရင်ကောင်းမလဲ ဆိုတာမျိုး မေးကြလေ့ရှိပါတယ်။

အလုပ်များလွန်းလှတဲ့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို Balance ဘယ်လိုလုပ်မလဲ။

ဒီမနက် ကျွန်မ ကားမောင်းလာရင်းနဲ့ ကားတွေက တအားပိတ်တဲ့ အချိန်မှာ စိတ်တော်တော်လေးတိုလာတယ် မြန်မြန်ရောက်ချင်တယ် ရပ်နေရတာကိုမကြိုက်ဘူး ပိုပြီးတော့ မြန်မြန်သွားချင်တယ် ဆိုတဲ့ Result Oriented စိတ်ကို သတိထားမိပါတယ်။