fbpx

Uncategorized

Learning to Forgive….

ခွင့်လွှတ်ခြင်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့က အခက်ဆုံးပါ။ များသောအားဖြင့် ငါ ကံဆိုးရတာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် အပြစ်တင်တတ်ကြပေမဲ့ အတွင်းစိတ်ထဲမှာ What’s wrong with me? ငါ ဘာများအမှားလုပ်ခဲ့မိလဲ၊ ဘယ်နေရာ မှားနေလိုလဲ၊ ငါပြောတာ မှားသွားပြီလား.. သိုမဟုတ် မပြောခဲ့မိတာများ မှားသွားလား..ဆိုတဲ့ အတွေးတွေနဲ့ ဝဲလည်နေတတ်ပါတယ်။ အတွေးတွေထဲက ရုန်းမထွက်နိုင်လေလေ၊ အတိတ်သံသရာထဲမှာ ကျင်လည်နေရလေလေ ဖြစ်မှာပါ။ သူများကို သနားတတ်အောင် သင်ယူခဲ့ကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် သနားတတ်ဖို့ အစကနေ ပြန်သင်ယူရတယ်။ သူတပါးအတွက် စဉ်းစားပေးဖို့၊ မျှဝေပေးဖို့ လွယ်ကူပေမဲ့ ကိုယ့်အတွက် စဉ်းစားတတ်ဖို့ ပြန်သင်ယူရတယ်။ အမှားလုပ်ခဲ့တဲ့သူကို ခွင့်လွှတ်ပေးဖို့ သိပ်မခက်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့ အများကြီး ပြန်သင်ယူရပါတယ်။ Learn – Unlearn …

Learning to Forgive…. Read More »

Brand You Academy

Mindfulness (သတိရှိခြင်း)

Mindfulness (သတိရှိခြင်း) ဆိုတာ ဘာလဲ။ သတိရှိတယ်ဆိုတာ Attention အာရုံစိုက်နိုင်တာပဲ ဖြစ်ပါတယ်။ အာရုံစိုက်နိုင်ရင် စိတ်ငြိမ်တယ်။ ဘာတွေပဲကြုံလာပါစေ၊ ကိုယ်လုပ်ရမဲ့အရာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်တယ်။ သတိရှိဖို့အတွက်ဆိုရင် ဦးနှောက်ကို လေ့ကျင့်ရပါတယ်။ ဦးနှောက်ရဲ့လိုအပ်ချက် ၃ ခုရှိပါတယ်။   1. 1. Holding onto information (အချက်အလက်များကို သိမ်းဆည်းခြင်း)  2. 2. Updating information (အသစ်ရှာဖွေခြင်း)  3. 3. Seeking stimulation (လှုံ့ဆော်မှုကို ရှာခြင်း) လူသားရဲ့ ဦးနှောက်က ဒီ ၃ ခုကို တတ်နိုင်သလောက် မျှတအောင် လုပ်ပေးပါတယ်။ ဥပမာ – ကိုယ်က လုပ်စရာတစ်ခုကို အာရုံစိုက်ပြီး လုပ်နေတယ်ဆိုရင် holding onto information …

Mindfulness (သတိရှိခြင်း) Read More »

Brand You Academy

“ပျော်ရွှင်မှုရဲ့ သော့ချက်”

လူတိုင်းကတော့ ပျော်ရွှင်ချင်ကြတာပါပဲ။ စိတ်ပျော်ရွှင်မှုနောက်ကိုလိုက်ရင်း မလုပ်သင့်တာတွေကို လုပ်မိသူတွေရှိသလို ခဏတာပျော်ရွှင်မှုနဲ့ ဘဝတစ်ခုလုံးနဲ့ လဲလိုက်ရသူတွေလည်းရှိပါတယ်။ တချို့ကျပြန်တော့လည်း အားကျစရာကောင်းလောက်အောင်ကို ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ တွေ့ရပါတယ်။ Mikael Krogerus နဲ့ Roman Tschappeler တို့ရေးတဲ့ The Decision Book: Fifty models for strategic thinking ဆိုတာလေးထဲမှာပျော်ရွှင်မှုနဲ့ ပတ်သက်လို့ ဖတ်မိတာလေးတစ်ခု မျှဝေချင်ပါတယ်။ အဲဒီစာအုပ်က ဆုံးဖြတ်ချက်ချရခက်နေသူတွေ၊ ကိုယ့်ကိုယ်ကိုယ်နားလည်ချင်သူတွေ၊ တိုးတက်ချင်သူတွေ၊ သူများကို ပိုပြီးနားလည်ချင်ပါတယ် ဆိုသူတွေအတွက် workbook သဘောမျိုး model လေးတွေကို ပုံလေးတွေနဲ့ သီအိုရီလေးတွေ ပေးထားတာပါ။ ပေးထားတဲ့ model ထဲမှာ ထည့်ရေးကြည့်ပါ စသဖြင့် လေ့ကျင့်ခန်းသဘောမျိုးလေးတွေ ပါဝင်ပါတယ်။ အဲဒီမှာ “What makes you …

“ပျော်ရွှင်မှုရဲ့ သော့ချက်” Read More »