Creation အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။
ဦးနှောက်က အတွေးတစ်ခု ဖြစ်တာနဲ့ လျှပ်စစ်ပတ်လမ်းတစ်ခု ဖြစ်တယ်ဆိုတာ အရင်ကလည်း ရေးဖူးပါတယ်။ ကိစ္စတစ်ခုကို ခဏခဏတွေးပါများရင် ပတ်လမ်းက အထပ်ထပ်ဖြစ်လာပြီး ပို အားကောင်းလာပါတယ်။
Universe ရဲ့ လျှပ်စစ်လှိုင်းတွေနဲ့ ကျွန်မတို့ဆီက ထွက်တဲ့ လှိုင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။ အလွယ်တကူ ပြောတတ်ကြတာက ကောင်းတာတွေး၊ ကောင်းတာပြော ဆိုပြီးတော့ပါ။
တကယ်တမ်းကျ အဲလောက်မလွယ်ပါဘူး။ လူရဲ့ သဘောသဘာဝအရ မကောင်းတာဆို ပိုမှတ်မိတယ်။ မကောင်းတာဆို စွဲလွယ်တယ်။ သက်ရောက်မှုပိုကြီးတယ်။ Negativity bias လို့လည်း ခေါ်ပါတယ်။ ဒါကြောင့် ကျွန်မတို့တွေက အချိန်တော်တော်များများမှာ မကောင်းတာ၊ ကိုယ် မနှစ်သက်တာ၊ ကိုယ် မလိုချင်တာကိုပိုတွေးနေတတ်ပါတယ်။
ပြဿနာက Universe က ကျွန်မတို့ တွေးတဲ့အပေါ် မူတည်ပြီး ပေးတာပါ။ ကြိုက်တာ မကြိုက်တာတွေ သူမသိပါဘူး။ Law of attraction ကို ဖတ်ဖူးတဲ့သူလည်း သိပါလိမ့်မယ်။ ကိုယ့်စိတ်ထဲ တခုခုကို တွေးလေလေ attract ဖြစ်လေလေပါ။ ဒီပုံစီမျိုးရှိတဲ့လူဆိုရင် ငါ မကြိုက်ဘူး၊ ငါမယူဘူးလို့ တွေးလေ့ရှိသူတွေ တကယ်ယူရင် အဲလိုပုံစံမျိုး ကွက်တိဖြစ်နေတတ်ပါတယ်။
အဲဒီတော့ ဒီနေ့ထိ ကြိုက်တာတွေ၊ မကြိုက်တာတွေ၊ နှစ်သက်တာ၊ မနှစ်သက်တာတွေ ထားခဲ့ပါ။ အသစ်ကို Create လုပ်စေချင်ပါတယ်။
Creation နဲ့ ပတ်သက်လို့ ကျွန်မသင်ယူထားတဲ့ နည်းကို အလွယ်ပြောရရင် –
Create လုပ်တာဟာ ကိုယ် တခါမှ မမြင်ဖူး၊ မကြားဖူး၊ မသိဖူး၊ ဖြစ်နိုင်မယ်လည်း မထင်တဲ့ အရာတွေကို စိတ်အင်အားကို အသုံးပြုပြီး စိတ်ကူးနဲ့ ဖန်တီးတာပါ။
လူဟာ Limitless ပါ။ အတိတ်ကအရာတွေကို ပြန်ဆွဲခေါ် မနေပါနဲ့တော့။ တခါမှ မမှန်းဆဖူးတဲ့ အရာ အသစ်တစ်ခုကို ငါကိုယ်တိုင် ငါ့လက်နဲ့ Create လုပ်ရမယ်ဆိုရင် ဘာဖြစ်မလဲ တွေးကြည့်ပါ။
ကိုယ့်နိုင်ငံ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ နိုင်ငံနဲ့ ချီတဲ့ creation မျိုး ဖြစ်နိုင်သလို ကမ္ဘာနဲ့ ချီတာမျိုးလည်း ဖြစ်နိုင်တယ်။
ကိုယ့်မိသားစုအတွက်လည်း ဖြစ်နိုင်သလို ကိုယ့်အတွင်လည်း ဖြစ်နိုင်တယ်။ သားသမီးအတွက်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့မကောင်းတဲ့အလေ့အထတစ်ခုကို ပြောင်းချင်တာလည်း ဖြစ်နိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါဘူး။
ချရေးကြည့်ပါ။
ကိုယ့်မှာသာ Limits တွေ မရှိဘူးဆိုရင်၊ စွမ်းအင်တွေ အပြည့်ရှိမယ်ဆိုရင်
ကိုယ်ဘာတွေ Create လုပ်မှာလဲ။
အတိတ်မှာ ရွှေထီးဆောင်းခဲ့တာတွေ၊ ဆိုးခဲ့တာတွေ မေ့လိုက်ပါ။ ဒီနေ့ကစပြီး Future ကိုပဲ ကြည့်မယ်ဆိုရင် ဘာလိုချင်တာလဲ။
အများကြီး ချရေးပြီးမှ တစ်ခုကို အေးအေးဆေးဆေးရွေးတာမျိုးလည်း လုပ်လို့ရပါတယ်။ ပြောပြချင်ရင်လည်း comment ရေးခဲ့ပါ။
အင်အားတွေ အများကြီး ရလာပါလိမ့်မယ်။
ထက်ရည်