ခွင့်လွှတ်ခြင်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့က အခက်ဆုံးပါ။
များသောအားဖြင့် ငါ ကံဆိုးရတာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် အပြစ်တင်တတ်ကြပေမဲ့ အတွင်းစိတ်ထဲမှာ What’s wrong with me? ငါ ဘာများအမှားလုပ်ခဲ့မိလဲ၊ ဘယ်နေရာ မှားနေလိုလဲ၊ ငါပြောတာ မှားသွားပြီလား.. သိုမဟုတ် မပြောခဲ့မိတာများ မှားသွားလား..ဆိုတဲ့ အတွေးတွေနဲ့ ဝဲလည်နေတတ်ပါတယ်။
အတွေးတွေထဲက ရုန်းမထွက်နိုင်လေလေ၊ အတိတ်သံသရာထဲမှာ ကျင်လည်နေရလေလေ ဖြစ်မှာပါ။
သူများကို သနားတတ်အောင် သင်ယူခဲ့ကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် သနားတတ်ဖို့ အစကနေ ပြန်သင်ယူရတယ်။
သူတပါးအတွက် စဉ်းစားပေးဖို့၊ မျှဝေပေးဖို့ လွယ်ကူပေမဲ့ ကိုယ့်အတွက် စဉ်းစားတတ်ဖို့ ပြန်သင်ယူရတယ်။
အမှားလုပ်ခဲ့တဲ့သူကို ခွင့်လွှတ်ပေးဖို့ သိပ်မခက်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့ အများကြီး ပြန်သင်ယူရပါတယ်။
Learn – Unlearn – Relearn
သင်ယူမယ် – သင်ယူခဲ့သမျှ ပြန်ဖျက်ပစ်မယ် – အစက ပြန်သင်ယူမယ်
ဆိုတဲ့ သီအိုရီသာ မှန်ခဲ့ရင် တချိန်မှာ ကိုယ်သင်ယူခဲ့ရသမျှ အရာအားလုံး ပစ်ချခဲ့ပြီး အသစ်ပြန်သင်ယူဖိုကလည်း ဘဝကပေးတဲ့ တာဝန်တစ်ခုပဲလားလို တွေးနေမိပါတယ်။
ထက်ရည်