တစ်နေ့က ညီမလေးတစ်ယောက်ကို coaching လုပ်ရင်း ပြောဖြစ်ခဲ့တာလေးပါ။
ကျွန်မကြည့်ဖူးတဲ့ ရုပ်ရှင်တစ်ကားမှာ ငယ်ကတည်းက တူတူနေလာတဲ့ အချစ်ဆုံးသူငယ်ချင်း သေသွားလို မစားနိုင်မအိပ်နိုင် ဘာအလုပ်မှမလုပ်နိုင်ဘဲ depression ဝင်၊ ဆေးတွေသုံးနေတဲ့သားကို အဖေက လမ်းလျှောက်ခေါ်သွားပြီး ပြောပါတယ်။
“Life goes on, either you move on or you die” တဲ့။
ကျွန်မနားလည်တာက သေတဲ့သူကသေပြီ။ မင်းရှေ့ဆက်သွားနိုင်အောင် ကြိုးစား မဟုတ်ရင် မင်းသေသာ သေလိုက်တော့.. တဲ့။
ရုတ်တရက်ဆိုရင်တော့ ကြမ်းတယ်ထင်ရတယ် သေလိုက် လိုပြောတာကိုး.. မြန်မာမှာဆို နိမိတ်မရှိ နမာမရှိလို ပြောကြမယ်မိုလား။
သိုသော် သေချာစဉ်းစားကြည့်ရင် အသက်သေပစ်လိုက်တယ်ဆိုတာထက်ပိုပြီး လေးနက်ပါတယ်။
ဘဝသေသွားတာ…
အိပ်မက်တွေ သေသွားတာ…
အသုံးဝင်မှုတွေ သေသွားတာ…
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေ သေသွားတာ…
မိသားစုနဲ့ လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိလာနိုင်တဲ့ လုပ်ဆောင်ချက်တွေ သေသွားတာ…
ဒါတွေက အသက်သေသွားတာထက် ပိုဆိုးပါတယ်။
အခုချိန်မှာ လုပ်စရာရှိတာကို အကြောင်းကြောင်းကြောင့် ကြိုးစားလုပ်နေရပေမဲ့ စိတ်ဓါတ်ကျနေတဲ့ professional တွေ ရှိပါတယ်။
အနာဂတ်ပျောက်နေပေမဲ့ ကလေးရှေ့မှာ အသက်ရှင် လန်းဆန်းပျော်ရွှင်ချင်ယောင်ဆောင်နေရတဲ့ မိဘတွေ ရှိပါတယ်။
အိပ်မက်တွေပျောက်လို .. ဘာဆက်လုပ်ရမှန်းမသိလို.. မိတ်ဆွေတွေနဲ့ သေကွဲ ရှင်ကွဲ ကွဲရလို၊ အယုံကြည်ရဆုံးသူရဲ့ သစ္စာဖေါက်ခံရလို.. စသဖြင့် သေချင်လောက်အောင် စိတ်သောကရောက်ပေမဲ့ အားတင်းနေကြရသူတွေကို အားပေးချင်ပါတယ်။
Life goes on ပါ။
ဘဝက ရပ်မနေဘူး။ ဆက်သွားရမှာ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဆက်သွားရမှာပါ။
ခံစားချက်တွေကို အတင်းကြီး လိုက်ပြီး ကောင်းအောင် လိုက်လုပ်နေစရာမလိုသလို ပုံမှန်ဖြစ်ပြနေစရာလည်း မလိုပါဘူး။
သိုသော် Move On လုပ်နိုင်အောင် ကြိုးစားပါ။ What’s next? ဘာထပ်လုပ်လို့ရမလဲ။
“အရင်ကဆိုရင်” ဆိုတဲ့ အတွေးတွေကို မေ့လိုက်ပါ။
အခု ငါဘာလုပ်မလဲ လိုပဲစဉ်းစားပါ။
If not, you will die.
Move on မလုပ်နိုင်ရင်တော့ သေမှာပါပဲ။ အိပ်မက်တွေ၊ ဘဝတွေသေတဲ့အပြင် ကိုယ်တိုင်သာမက ကိုယ်ချစ်တဲ့ မိသားစု၊ ပတ်ဝန်းကျင်အတွက်ပါ ဘာအကျိုးမှမရှိတာမို့ မနက်မိုးလင်းတိုင်း ငါ ဘာလုပ်နိုင်မလဲ၊ ငါ ဘယ်သူ့ကို ဘယ်လို ကူညီနိုင်မလဲ၊ ဘယ်လို ကျော်လွှားရင်ကောင်းမလဲလို စဉ်းစားပြီး တစ်နေ့ချင်းစီ ဖြတ်ကျော်ဖို့အားပေးချင်ပါတယ်။
ထက်ရည်
July 2021