ဆိုးရွားတဲ့ အချိန်ကာလမှာ အကောင်းစိတ်မွေးဖို့၊ Positive ဖြစ်ဖို့က တအားကို ခက်ပါတယ်။ စိတ်ချမ်းသာရာကို ရှာဖို့ ခက်တဲ့အခါ၊ ဘဝက ခက်ခဲတဲ့အခါ၊ ဘေးကလူတွေက စိတ်ဓါတ်ကျနေကြတဲ့အခါ စိတ်ကြည်လင်အောင်နေဖို့ရာတောင် Guilty ဖြစ်တတ်ကြပါတယ်။
စိတ်ပိုင်းဖြတ်ထားပါ။ ငါ ကျန်းမာနေမှ ငါ့မိသားစုကို စောင့်ရှောက်နိုင်မယ်။ ငါ့လောက်မှ အဆင်မပြေသူတွေ၊ ငါ့ဝန်ထမ်းတွေ၊ ငါနဲ့ တွေ့ကြုံရသူတွေကို ထောက်ပံ့ပေးနိုင်မယ်။
ငါ စိတ်ကြည်လင်နေမှ ငါ့မိသားစုအပေါ် React လုပ်တာတွေ၊ ဘေးကလူတွေနဲ့ ကိုယ်ချစ်တဲ့သူတွေကို ပြဿနာရှာတာတွေ မလုပ်မိတော့ဘူး။ ဒါကြောင့် ငါ့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်မယ်လို့ ဆုံးဖြတ်ပါ။
LIVE တစ်ရက်ချင်းစီ ရှင်သန်ပါ။
HOPE မျှော်လင့်ချက်ကို ရအောင် ဖန်တီးယူပါ။
LOVE ချစ်ခြင်းမေတ္တာမျှဝေပါ။
အေးချမ်းကြပါစေ။
ထက်ရည်