Mindfulness (သတိရှိခြင်း) ဆိုတာ ဘာလဲ။
သတိရှိတယ်ဆိုတာ Attention အာရုံစိုက်နိုင်တာပဲ ဖြစ်ပါတယ်။ အာရုံစိုက်နိုင်ရင် စိတ်ငြိမ်တယ်။ ဘာတွေပဲကြုံလာပါစေ၊ ကိုယ်လုပ်ရမဲ့အရာကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နိုင်တယ်။
သတိရှိဖို့အတွက်ဆိုရင် ဦးနှောက်ကို လေ့ကျင့်ရပါတယ်။
ဦးနှောက်ရဲ့လိုအပ်ချက် ၃ ခုရှိပါတယ်။
1. 1. Holding onto information (အချက်အလက်များကို သိမ်းဆည်းခြင်း)
2. 2. Updating information (အသစ်ရှာဖွေခြင်း)
3. 3. Seeking stimulation (လှုံ့ဆော်မှုကို ရှာခြင်း)
လူသားရဲ့ ဦးနှောက်က ဒီ ၃ ခုကို တတ်နိုင်သလောက် မျှတအောင် လုပ်ပေးပါတယ်။ ဥပမာ – ကိုယ်က လုပ်စရာတစ်ခုကို အာရုံစိုက်ပြီး လုပ်နေတယ်ဆိုရင် holding onto information အပိုင်းက ပိုပြီးအလုပ်လုပ်နေပါတယ်။ တခြားအပိုင်းနှစ်ပိုင်းက ခဏလေး အလုပ်မလုပ်ဘဲ ငြိမ်ထားပေးပါတယ်။ လှုံ့ဆော်မှုတစ်ခု လိုအပ်လာတယ် (လူက ပျင်းလာတယ်)ဆိုရင် Seeking stimulation ပိုင်းက အလုပ်လုပ်ပြီး ကျန်နှစ်ခုက ခဏ ငြိမ်နေပါတယ်။
Neurological Diversity (အာရုံကြောစနစ် အလုပ်လုပ်ပုံကွဲပြားခြင်း)
တစ်ယောက်နဲ့တစ်ယောက် အာရုံကြောစနစ် အလုပ်လုပ်ပုံ မတူပါဘူး။ ကိုယ်က ဘယ်လိုလူလဲ သုံးသပ်ပါ။
အပေါ်က အပိုင်း ၃ ပိုင်းထဲက
၁။ သတင်းအချက်အလက်သိမ်းတာ
အားကောင်းတဲ့သူ – အစွဲအလမ်းအရမ်းကြီးတတ်တယ်။ Over-focus ဖြစ်တတ်တယ်။
အလယ်အလတ် – အာရုံစူးစိုက်မှုကောင်းတယ်။ သတိရှိရှိနဲ့ အာရုံစိုက်နိုင်တယ်။
အားနည်းသူ – အာရုံစူးစိုက်မှုမရှိ။ Working memory အားနည်းတယ်။
၂။ သတင်းအချက်အလက်အသစ်ရှာတာ
အားကောင်းတဲ့သူ – အချက်အလက် စိမ့်ဝင်မှု အားကောင်း။ အာရုံပြောင်းလွယ်။ အာရုံများလွန်းတာ ဖြစ်တတ်။
အလယ်အလတ် – အာရုံပြောင်းဖို့ flexible ဖြစ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်။ ညှိနှိုင်းတတ်။
အားနည်းသူ – တရားသေစွဲကိုင်တတ်။ သတိမရှိ။ သင်ယူမှုမရှိ။
၃။ လှုံ့ဆော်မှုကိုရှာတာ
အားကောင်းသူ – Hyperactive အငြိမ်မနေတတ်။ စိတ်လှုပ်ရှားစရာတွေပဲ လိုက်ရှာနေတတ်။
အလယ်အလတ် – စိတ်အားထက်သန်၊ တက်ကြွမှုရှိ။
အားနည်း – တနေရာမှာပဲ stuck ဖြစ်နေတတ်။ ရုန်းမထွက်နိုင်။ ဘယ်အရာမှ စိတ်မပါ။ ထိုင်းမှိုင်း။
အရင်ခေတ်တုန်းက လှုံ့ဆော်မှုတွေနည်းပါတယ်။ ဒါကြောင့် mindfulness ရဖို့ တရားထိုင်တာက အလုပ်ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တချို့တွေတရားထိုင်လို့ မရဘူး။ focus လုပ်မရဘူးဆိုတာက ကိုယ့်ဦးနှောက် အလုပ်လုပ်ပုံက မရလို့ပါ။ အတင်းကြီး သူများလုပ်လို့ လိုက်လုပ်တာ၊ တော်ပါပြီးဆိုပြီး လက်လျှော့လိုက်တာ မဖြစ်စေချင်ပါဘူး။
ကိုယ့်ဦးနှောက်က ဘယ်လိုမျိုးဆိုတာ သိအောင် လုပ်ပြီး ကိုယ်နဲ့ ကိုက်တဲ့ နည်းလမ်းကို သုံးစေချင်ပါတယ်။
တရားထိုင်ခြင်းမှာတောင် နည်းအမျိုးမျိုးရှိပါတယ်။ Guided Meditation တွေနဲ့ အလုပ်ဖြစ်တဲ့သူတွေရှိသလို Yoga အစရှိတဲ့ တခြားနည်းတွေလည်း သုံးရတဲ့သူတွေရှိပါတယ်။ ယေဘုယျအားဖြင့် သတိရှိခြင်းကို အားပေးတဲ့ အလေ့အကျင့်တွေက
၁။ Set Intention (သတိရှိဖို့ ရည်ရွယ်ချက်ထားပြီးကိုယ့်ကိုယ်ကိုယ် သတိပေးနေတာ)
၂။ Everyday Mindfulness (တနေ့နည်းနည်းလေ့ကျင့်တာ)
၃။ Stay awake and alert (အိပ်ရေးဝအောင် သတိထားပြီးအိပ်တာ၊ မတ်မတ်ထိုင်တာ၊ အလင်းရောင်ရတဲ့နေရာမှာနေတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ)
၄။ Quiet the mind (စိတ်ငြိမ်အောင်နေတာ) အသေးစိတ်နောက်မှရေးပါမယ်။
၅။ Abide as awareness (သတိရှိရှိနဲ့ စိတ်ကို လိုက်ကြည့်တာ။ ဒေါသတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ သောကတွေ come & go ဖြစ်နေတာကို လိုက်ကြည့်တာ)
တခြားသောနည်းလမ်းတွေလည်း ရေးပါဦးမယ်။ အဓိကကတော့ စိတ်ကဦးဆောင်တာမို့လို့ ခုလိုအချိန်မှာ ကိုယ့်စိတ်ကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဖို့ရာ တရားထိုင်နေမှ မဟုတ်ဘဲ၊ အချိန်တွေ အများကြီးပေးနေမှ မဟုတ်ဘဲ လုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်ဆိုတာသိစေချင်တာပါ။
ထက်ရည်
(Source: Buddha’s Brain Chapter 11)