fbpx

Dr. Phio Thiha

Lead Trainer

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ M.B.,B.S. ဘွဲ့ကို ရရှိခဲ့ပြီး၊ ယင်းနှစ် မတ်လတွင် Voice ဂျာနယ်ပါ “ဒီမိုကရေစီအလေ့အကျင့်နှင့် မြန်မာလူမျိုး” ဆောင်းပါးဖြင့် စာပေနယ်ထဲသို့ စတင်ရောက်ရှိခဲ့ပါသည်။ ၂၁၀၆ ခုနှစ်တွင် “ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ” နှင့် “မာန်” စာအုပ်၊ ၂၀၁၇ ခုနှစ်တွင် “အဖြေရှာရခက်တဲ့ပုစ္ဆာ” နှင့် “သားတွေကို ပြောပြပေးပါ” စာအုပ်၊ ၂၀၁၈ ခုနှစ်တွင် “ညီလေးတို့ဖတ်ဖို့” စာအုပ်၊ ၂၀၁၉ ခုနှစ်တွင် “သမီးတွေကို ပြောပြပေးပါ”၊ “ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်” နှင့် ”ခေတ်သစ်ရဲ့ တောင်းဆိုမှုများ” စာအုပ်တို့ကို ရေးသားခဲ့ပါသည်။ လက်ရှိတွင် လူမှုကွန်ရက် Facebook ရှိ “ဒေါက်တာ ဖြိုးသီဟ” Page နှင့် ကိုယ်ပိုင် Website ဖြစ်သော https://drphiothiha.com ၊ နေ့စဉ်ထုတ်သတင်းစာနှင့် ကျန်းမာရေးဂျာနယ်များ၌ လူငယ်၊ အမျိုးသမီး၊ လူမှုရေး၊ ကျန်းမာရေး၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုတို့နှင့်ပတ်သက်သော ဆောင်းပါးများ ပုံမှန်ရေးသားလျက် ရှိပါသည်။

ယခုအခါ မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် Head of Program & Training အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပြီး Win-Win Organization ၊ Youth Doctors Healthcare Group နှင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်၊ စံပယ်ဖြူကဏ္ဍတို့၏ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် သင်တန်းများတွင်လည်း သင်တန်းပို့ချသူအဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ စီးပွားရေးလုပ်ငန်းများ၊ NGO အဖွဲ့အစည်းများအတွက် ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးနှင့် Soft skill သင်တန်းများလည်း ပို့ချပေးလျက်ရှိပါသည်။