fbpx

Self-Image ပျောက်နေသူတွေ

အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဒီကာလမှာ ကိုယ့်ရဲ့ Self-Image ပျက်စီးသွားတဲ့သူတွေအတွက် ပြောပြပေးချင်ပါတယ်။ 

Crisis ကာလတွေမှာ လူတွေရဲ့ အတွေးအမြင်တွေပြောင်းလဲသလို အယူအဆတွေ အပြုအမူတွေလည်း ပြောင်းလဲပါတယ်။ ကိုယ့်ရဲ့ အတွင်းထဲက ယုံကြည်မှုတွေ ပြောင်းလဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့ အမြင် Self-Image လည်းပြောင်းလဲပါတယ်။

အဲဒီအခါ ဘာကို ဆုပ်ကိုင်ရမှန်းမသိဘဲ ရပ်တည်ချက်ပျောက်တာ၊ ငါ ဘာလဲ၊ ငါရှင်သန်နေရတာ အဓိပ္ပာယ်ရှိရဲ့လား၊ ဒီကမ္ဘာမြေမှာ၊ ဒီမိသားစုထဲမှာ ငါ့ရဲ့ အသုံးကျမှုက ဘာလဲ ဆိုတာတွေ တွေးမိပြီး စိတ်ဓါတ်ကျတတ်ပါတယ်။

💙 This is Normal.

ငါဘာလဲ ဆိုတဲ့ Self-Image ပျောက်နေခဲ့ရင်၊ ဝေဝါးနေခဲ့ရင် ဒါပုံမှန်ပါပဲလို့ ပြောပါရစေ။ အရမ်းကြီး ထိတ်လန့်တုန်လှုပ်ပြီး panic မဖြစ်ပါနဲ့။

💙 မိတ်ဆွေကောင်းကို ရင်ဖွင့်ပါ။ ဒါမှမဟုတ်ရင် ရေးချပါ။

ကိုယ့်ရဲ့ ခံစားချက်တွေ၊ fear, doubt တွေကို တကယ်ယုံကြည်ရတဲ့ ကိုယ့်အပေါ်ချစ်တဲ့ စေတနာရှိတဲ့သူ သို့မဟုတ် ဆရာသမားကို ရင်ဖွင့်နိုင်သလို ဘယ်သူ့ကိုမှ မယုံရသေးဘူးဆိုရင် ရေးချနိုင်ပါတယ်။

💙 ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြန်ဂရုစိုက်ပါ။

မထင်ထားမိလောက်အောင် torn ဖြစ်နေတတ်ပါတယ်။ အပြင်ကိုပဲ ဂရုစိုက်ပြီး အတွင်းကို မေ့ထားမိရင် စိတ်ဓါတ်ကျပြီး ဘာမှ မလုပ်နိုင် မကိုင်နိုင်နဲ့ တဖြည်းဖြည်း ပိုဆိုးလာပါလိမ့်မယ်။

ဘာသာရေးနဲ့ဖြစ်စေ၊ ယုံကြည်ရာ spiritual practice ကို အချိန်ပေးပြီးလုပ်ပါ။ နေ့တိုင်း မပျက်မကွက် လုပ်စေချင်ပါတယ်။

💙 Productivity ထက် Priority တစ်ခုထားပါ။

အရင်ကလို ကိုယ်လုပ်ချင်သလို၊ ဖြစ်ချင်သလိုတွေ လုပ်လို့မရပါဘူး။ Productive ဖြစ်မှ နေပျော်တဲ့သူအတွက်ဆိုရင် nightmare ပါပဲ။

 ၂ လ သို့မဟုတ် ၃ လ အတွက် ငါ ဘာလုပ်မယ်ဆိုတဲ့ ဦးစားပေးအစီအစဉ်တစ်ခုလောက်ချပြီး အလုပ်လုပ်ကြည့်ပါ။ 

💙 တစ်ရက်ချင်း တစ်နာရီချင်း ရှင်သန်ပါ။

အိပ်မက်တွေပျောက်တဲ့အချိန်မို့ အိပ်မက်တွေ အစကနေ ပြန်မက်ကြရမှာပါ။ လန်းဆန်းတဲ့စိတ်နဲ့ မရှင်သန်နိုင်သေးရင် အိပ်မက်ပြန်မမက်နိုင်သေးပါဘူး။

ငါဘာလဲ၊ ခုလက်ရှိ ဘာတွေ လုပ်နေလဲ၊ လုပ်နိုင်လဲ၊ လက်ရှိ ဦးစားပေးက ဘာလဲ ဆိုတာလေး ပြန်မေးကြည့်ပြီး တစ်ရက်ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း ရှင်သန်စေချင်ပါတယ်။

Self-Image ပျောက်နေသူတွေ၊ ပြန်ရှာနေရသူတွေရှိခဲ့ရင် ခံစားချက်လေးတွေ ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ချစ်ခင်စွာဖြင့်

ထက်ရည်

Htet Yie

Htet Yie

Leave a Replay