ကျွန်မနဲ့တူတူ ရှော့ပင်းမထွက်ချင်သူတွေထဲမှာ ကျွန်မမေမေက ထိပ်ဆုံးက ပါပါတယ်။ အရင်ကတော့ သူ့နောက် တကောက်ကောက်လိုက်ပြီး သူရွေးပေးတာကိုပဲ ကိုယ်ကဝတ်တာကိုး…
မေမေက အင်္ကျီအဝတ်အစားဝယ်ရတာ သဘောကျပါတယ်။ ဝယ်ရတယ်ဆိုတာထက် လျှောက်ကြည့်၊ ကိုင်ကြည့်၊ try ကြည့်ချင်တဲ့သူ..
အရင်ကတော့ ဘာမှမသိတော့ အမေဒါဆိုဒါပေါ့.
ကိုယ့်ဖါသာ ရှော့ပင်းသွားရင်လည်း.. ဟယ် ဒီ brand က 70% off တယ်။ ဒါက 50% ဆိုတာနဲ့ ကျန်တာဘာမှမကြည့် အမှန်အကန်ဝယ်တာ။ ဘီဒို ၃, ၄ လုံး၊ အပြင်ထွက်ရင် ဝတ်စရာမရှိ၊ ထွက်လာတော့လည်း ဒီပုံပဲ ဆိုတာ ကိုယ်မှအစစ် 🤣
ခုတော့ ဆိုင်တဆိုင်ထဲဝင်လိုက်ပြီး တစ်ထည်နှစ်ထည် ကိုင်ကြည့်တာနဲ့ ဒီဆိုင်ရဲ့ ဒီဇိုင်နာဟာ ကိုယ့်အတွက် ရည်ရွယ်ပြီး ထုတ်ထားတာဟုတ်လား မဟုတ်လားဆိုတာ ချက်ချင်းသိတယ်။ ဒီဇိုင်နာတွေဟာ ဒီဇိုင်းမဆွဲခင် အမျိုးသမီးတစ်ယောက်ကို မြင်ယောင်ကြည့်ပြီး သူနဲ့လိုက်မယ့် body structure, body shape, design, silhouette မျိုးဆွဲလေ့ရှိပါတယ်။
ကိုယ်က ကြည့်လိုက်တာနဲ့ ကိုယ့် body shape, body structure နဲ့ လိုက်မယ် မလိုက်ဘူး ချက်ချင်းသိတယ်။ ၉၀% ဒစ်စကောင့်ချလည်း စိတ်မဝင်စားဘူး။ ကိုယ်နဲ့မှ မလိုက်တာ 😅
ကိုယ့် body shape အတွက် ဖန်တီးထားတဲ့ ဆိုင်တွေ့လို့ကတော့ အဲ့ဆိုင်ကနေ မထွက်တမ်း မွှေတော့တာ။ အဲ့တော့မှ ကိုယ်နဲ့ လိုက်မယ့် အရောင်, style, internal design, silhouette, scale, cutting, ကိုယ်သွားမယ့်နေရာနဲ့၊ ကိုယ့်အလုပ်နဲ့၊ ကိုယ့် lifestyle နဲ့ ကိုက်မကိုက်.. အဲဒါတွေအကုန်လုံးကို ကြည့်တာ 😂
ကိုယ့်မေမေခမျာ လမ်းအေးဆေးလျှောက် ရှော့ပင်းဖို့မပြောနဲ့..သူ့သမီးက ဆိုင်တဆိုင်ထဲ ဝုန်းဆိုဝင်သွား၊ ချက်ချင်းပြန်ထွက်လာ၊ နောက်တဆိုင်ထဲဝင်၊ တစ်မိနစ်အတွင်း ပြန်ထွက်.. အကြိုက်တွေ့ပြီဆိုရင်လည်း တမေ့တမော အဲဒီဆိုင်မှာပဲ နာရီနဲ့ချီပြီးကြာတော့ သူစိတ်တိုတာလည်း မဆန်း 😜
ကောင်းတဲ့ အကျင့်လေးတွေလည်းရှိပါတယ် 😎
အဝတ်အစား အသုံးအဆောင်အတွက် အပိုလုံးဝကို မသုံးတော့တာ။ အရင်ကလို တွေ့ကရာ လျှောက်ဝယ်ပြီး ပစ်ထားရတာမျိုး လုံးဝမရှိ။ Department store ထဲဝင်လိုက်တာနဲ့ တဝက်လောက်က အော်တိုပယ်ပြီးသား။ ဝယ်ပြီဆိုရင်လည်း သေချာပေါက်ဝတ်ဖြစ်တယ်။ အဝတ်အစားကို Strategy ချပြီးဝတ်တဲ့ Wardrobe Consulting ပညာကို သင်ပေးတဲ့ my mentor Christina Ong ကို အမြဲကျေးဇူးတင်…
သင်တန်းတက်ဖူးတဲ့လူတွေသိပါတယ်။ ဘယ်လောက်ပိုက်ဆံ အပိုကုန်သက်သာသွားလဲဆိုတာ 😁 ရှော့ပင်း ပတ်ချင်သပ ဆိုတဲ့မမတွေလည်း ကိုယ့်စိတ်ကြိုက် ပတ်လို့ရပါတယ်။ အဓိကတော့ ကိုယ်နဲ့လိုက်တာချည်း အားလုံးဝယ်ဖြစ်တဲ့အတွက် ဘီဒိုဖွင့်တိုင်း ကျေနပ်တဲ့စိတ်က အရေးကြီးတာပါ 💁
ဒါတွေပြောပြနေတာက ကြော်ငြာဝင်ချင်လို့ပါ။
Perfect Body ဆိုတာမရှိပါဘူး။ ကိုယ့်ရဲ့ Body Shape, Structure နဲ့ ကိုက်ပြီး ပိုတဲ့နေရာကိုလျှော့၊ လိုတဲ့နေရာကိုဖြည့်ဝတ်၊ ကိုယ့်မှာ ရှိပြီးသား Features တွေနဲ့ လိုက်ဖက်အောင်ဝတ်တဲ့ Bodyline & Body Shape Expression Class ဖွင့်တော့မှာမို့ စိတ်ဝင်စားရင်စုံစမ်းနိုင်ပါတယ်နော် 😘😘
Htet Yie
- Mar. 2018