fbpx

Smart ကျကျ လှချင်သူများသာ ဖတ်ရန် 😁

ပိန်ချင်တဲ့သူတွေက အင်္ကျီရှေ့မှာ အတွန့်တွေ၊ အပွတွေ၊ ကျယ်သီးအများကြီးပါတဲ့ အင်္ကျီတွေ၊ ပဝါအထူကြီးတွေ ရှောင်ကြဉ်ရပါမယ်။ အဲဒါတွေက လူကို ပိုပြီးတော့ ဝစေပါတယ်။

အတွန့်လေးတွေပါတဲ့ အဝတ်အစားဝတ်မယ်ဆိုရင် ခါးနဲ့ခါးအောက်ပိုင်း အတွန့်လေးတွေ ပါမယ်ဆိုရင် တင်ကို သေးတယ်လို့ ထင်ရစေတယ်၊ ဗိုက်ချပ်တယ်လို့ ထင်ရစေပါတယ်။

အကယ်၍ ကိုယ်က တင်ပါးကြီးနေလို့ လူတွေ ဂရုမစိုက်စေချင်ရင် အပေါ်ပိုင်းပခုံးမှာ အင်္ကျီအောက်ကနေ ဖော့လေးတွေ ထည့်လိုက်မယ်ဆိုရင် ပခုံးနေရာမှာ တောင့်တောင့်တင်းတင်း ဖြစ်နေစေတဲ့အတွက် ပခုံးနေရာကို ပိုသတိထားကြည့်မိစေတယ်၊ ပိုပြီးတော့ လူကို ငယ်တဲ့ပုံ ပေါက်စေတယ်။ လည်ပင်းကနေ ခါးအထိ အရပ်ရှည်လာတယ်လို့ ထင်ရစေပါတယ်။

အဆင်ကြီးရင် လူကိုပိုပြီး ကြီးသယောင်ထင်ရစေတဲ့အတွက် ပိန်သွယ်ချင်တဲ့သူတွေက အဆင်သေးတွေကို ရွေးချယ်သင့်ပါတယ်။ ပိတ်စကြမ်းကြမ်းတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ကြည့်တဲ့လူရဲ့ အာရုံ ပိုရောက်စေတဲ့အတွက် ခန္ဓာကိုယ်ပိုကြီးတယ် ထင်ရစေပါတယ်။ ပိတ်စအချောတွေကို ဝတ်ဆင်ခြင်းအားဖြင့် ပိုပြီးသေးသွယ်တယ် ထင်ရစေပါတယ်။

#Brand_You
#Htet_Yie
#The_Brand_In_Youစာအုပ်မှကောက်နုတ်သည်

Htet Yie

Htet Yie

Leave a Replay