ကိုယ်အာရုံစူးစိုက်ထားတဲ့ အရာက ဆပွားလာတယ် လို့ဆိုပါတယ်။
လူက အရာတိုင်း၊ အဖြစ်အပျက်တိုင်းကို အတူတူသဘောမထားပါဘူး။ တချို့အရာတွေကို သာမာန်ပဲ တွေးပြီး တချို့အရာတွေကိုကျ စိတ်ထဲမှာ အလေးပိုပေးလေ့ရှိပါတယ်။
ကိုယ့်စိတ်က ဘာတွေကို Focus ထားနေတာလဲ၊ ကိုယ့်ရဲ့ အင်အားတွေကို ဘယ်နေရာမှာ ပိုသုံးနေတာလဲဆိုတာ သုံးသပ်ကြည့်စေချင်ပါတယ်။စိတ်ညစ်စရာတွေချည်း စဉ်းစားနေရင် စိတ်ညစ်စရာတွေပဲ ထပ်တွေ့မယ်..မကျေနပ်တာတွေချည်း ထိုင်တွေးနေရင် မကျေနပ်စရာတွေ ဆပွားလာမယ်..
* အလုပ်မှာ Focus ထားရင် အလုပ်အောင်မြင်မယ်။
* သားသမီးကို Focus ထားရင် ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပြုစုပျိုးထောင်မှုရမယ်။
*ကျန်းမာရေးကို ဂရုစိုက်ရင် ကျန်းမာလာမယ်။
အဲဒီလိုပဲ…
*စိတ်ညစ်စရာတွေကိုချည်း ထိုင်စဉ်းစားနေမယ်ဆိုရင် ပိုညစ်လာမယ်။
*ရှုံးနိမ့်ခဲ့တဲ့အရာတွေကိုချည်း တွေးနေမယ်ဆိုရင် အောင်မြင်အောင်လုပ်နိုင်မဲ့ အခွင့်အလမ်းတွေကို မြင်ဖို့ ခဲယဉ်းပါတယ်။
ကိုယ့်စိတ်အင်အားကို ကိုယ့်ဘဝရဲ့ ကောင်းတဲ့ Positive မျက်နှာစာတွေမှာ သုံးမှာလား၊ Negative အဖြစ်အပျက်တွေမှာ သုံးမှာလား ဆိုတာက ကိုယ်နဲ့ပဲဆိုင်ပါတယ်။